မှတ်ပုံတင်ခွင့် မရသေးမီ ပါတီ ၂ ခု ဟောပြောစည်းရုံး

E-mail Print
တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားဆဲ ကာလ၌ပင် စစ်အစိုးရနှင့် နီးစပ်သည်ဟု စွပ်စွဲခံရသည့် ပါတီ ၂ ခုက နိုင်ငံရေး တရား ဟောခြင်းနှင့် ပါတီစည်းရုံးရေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်လျက် ရှိကြောင်း သတင်းရရှိသည်။

ဦးအေးလွင် ခေါင်းဆောင်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ဦးရဲထွန်း ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံ အဖွဲ့တို့သည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအ၀င် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်ကြီးများတွင် ပြည်သူလူထုကို တရားဟောခြင်း၊ စည်းရုံးခြင်းများ စတင်ပြုလုပ်နေကြပြီး ပါတီဝင်များ စုဆောင်းနေကြောင်း သိရှိရသည်။

တရားဝင် မှတ်ပုံတင်ရန်လျှောက်ထားဆဲ အချိန်တွင် စည်းရုံးရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခြင်းမှာ ဦးအေးလွင်၊ ဦးရဲထွန်းနှင့် စစ်အစိုးရတို့အကြား အပြန်အလှန် နားလည်မှု ယူထားဖွယ်ရှိသောကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်နေ နိုင်ငံရေးသမားတဦးက သုံးသပ်သည်။

ဦးအေးလွင်နှင့် ဦးရဲထွန်းတို့မှာ ညီအစ်ကိုများဖြစ်ကြပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှု ဆန့်ကျင်ရေးများကို ၂၀၀၆၊ ၂၀၀၇ ခုနှစ်က ခေါင်းဆောင် လှုပ်ရှားခဲ့ သူများဖြစ်သည်။ ထိုလှုပ်ရှားမှုများကို စစ်အစိုးရက ကျောထောက်နောက်ခံ ပေးခဲ့သည်ဟု အများက ယူဆကြသည်။

ပါတီ ၂ ခု၏ ဌာနချုပ်အဖြစ် အသုံးပြုရာ ရန်ကုန် ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒို တိုက်ခန်း၊ တယ်လီဖုန်း၊ ကား နှင့် တခြားသော အခွင့်အရေးများကိုလည်း စစ်အစိုးရက ထောက်ပံ့ထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ သို့ရာတွင်
ဦးအေးလွင်ကမူ ထိုသတင်းများ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

ယခုကာလသည် ပါတီများ မှတ်ပုံတင်ခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်သို့လျှောက်ထားဆဲ ကာလဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုသည့် ပါတီများအနေနှင့် ရက် ၃၀ အတွင်း မှတ်ပုံတင်ကြရမည်ဖြစ်သည်။ ယခုလက်ရှိတွင် မှတ်ပုံတင်ခွင့် ရရေးအတွက် လျှောက်ထားရန် ပြင်ဆင်နေသည့် ပါတီ ၁၁ ခုရှိကြောင်း သိရသည်။

ဦးအေးလွင်နှင့် ဦးရဲထွန်းတို့၏ ပါတီဝင်များက စည်းရုံးရေးဆင်းရာတွင် စစ်အစိုးရနှင့် မဟာမိတ်ဖွဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ပါတီဝင်လိုသူများကို သက်ဆိုင်ရာ ရဲ၊ ရယက အပါအ၀င် အာဏာပိုင်များက ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခြင်းများ မရှိစေရန် အာမခံကြောင်း ပြောဆိုစည်းရုံးသည်ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

အဆိုပါ ပါတီများ၏ စည်းရုံးရေးမှူးများ ဟောပြောစည်းရုံးရာ နေရာများသို့ ရဲ၊ ရယက၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ မီးသတ်နှင့် အာဏာပိုင်များ ရောက်ရှိ သတင်းယူကြသော်လည်း နှောင့်ယှက်မှုမရှိဘဲ အေးဆေးစွာ ဟောပြောစည်းရုံး နိုင်သည်ဟု သိရသည်။

“ကျမတို့ဘက်မှာ ဦးအေးလွင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဆိုပြီး လာစည်းရုံးတယ်။ ပါတီဝင်ကြပါဆိုပြီး လည်း ပါတီဝင်လျှောက်လွှာဖောင်တွေ ဝေတယ်။ လူတွေကလည်း စိတ်ဝင်တစား မေးကြ၊ မြန်းကြတယ်” ဟု လှိုင်သာယာ မြို့နယ်တွင် နေထိုင်သူ တဦးက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် တို့သည် ရန်ကုန်မြို့ နေရာတချို့တွင် ပါတီရုံးခွဲများ စတင် ဖွင့်လှစ်နေပြီး ဖွင့်လှစ်ရန်ပြင်ဆင်နေသော ရုံးခွဲ အများအပြားလည်း ရှိကြောင်း ပါတီစည်းရုံးရေးမှူးများက ဆိုသည်။

“တချို့နေရာတွေက ဆိုင်းဘုတ်သာမတင်သေးတာ ရုံးအဖြစ်သတ်မှတ်ပြီး လှုပ်ရှားနေပါပြီ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်မှ ပါတီစည်းရုံးရေးမှူး လူငယ်တဦးက ပြောသည်။

စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှသာ ရရှိမည်ဖြစ်ကြောင်း ဦးအေးလွင်နှင့် ဦးရဲထွန်းတို့ ပါတီနှစ်ခုက ရှင်းလင်းပြောကြားသည်ဟုလည်း သိရသည်။

“၂၀၁၀ ရွေးကောက်ပွဲမ၀င်ရင် ဒီမိုကရေစီဆိုတာ မရနိုင်ဘူး။ ဒီမိုကရေစီရဖို့ဆိုရင် တပ်မတော်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် ရမယ်လို့ ပြောတယ်” ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

ထိုပါတီနှစ်ခုက အသုံးပြုသော တံဆိပ်နှစ်ခုအနက် တခုမှာ ခွပ်ဒေါင်းတံဆိပ် ဖြစ်သောကြောင့် လူအများ စိတ်ဝင်စားနေကြပြီး အထူးသဖြင့် အခြေခံ လူတန်းစားများက ပါတီဝင်ရန် လျှောက်လွှာတောင်းယူကြသည်ဟု သိရသည်။

“သူတို့က အခြေခံလူတန်းစားတွေကို ပစ်မှတ်ထား စည်းရုံးတဲ့ပုံစံရှိတယ်။ ပါတီနိုင်ငံရေး သိပ် နားမလည်တဲ့ လူတန်းစားကို သူတို့ ပါတီရဲ့ ခံယူချက်၊ ရှေ့လုပ်ငန်းစဉ်တွေကို လိုက်ရှင်းပြတယ်။ ခွပ်ဒေါင်းတံဆိပ်မြင်တော့ အခြေခံ လူတန်းစားတွေက တော်တော်ကို အားတက်သရော ရှိကြတယ်” ဟု လှိုင်သာယာမြို့နယ်နေ နိုင်ငံရေးစိတ်ဝင်စားသူ တက္ကသိုလ်ကျောင်းသား တဦးက ပြောသည်။

ဦးအေးလွင်နှင့် ဦးရဲထွန်းတို့ ပါတီနှစ်ခုသည် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်တွင် တည်ထောင်ခွင့် တရားဝင် လျှောက်ထားကြောင်း စစ်အစိုးရ၏ သတင်းစာများတွင် သောကြာနေ့က ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်