ဓမ္မစေတီ ခေါင်းလောင်းကြီးကို မိုးတွင်း အပြီးဆယ်မည်

E-mail Print
နှစ်ပေါင်း ၄၀၀ နီးပါး ပုဇွန်တောင် ချောင်းအတွင်း နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကြီးကို အငြိမ်းစား ရေတပ် အရာရှိ တဦးက ငွေကြေး အကုန်အကျခံ၍ ဆယ်ယူ တော့မည် ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မိုးတွင်း အပြီးဆယ်မှာပါ။ မိုးတွင်းဆိုရင် ရေအောက်ကြမ်းပြင်က ပြောင်ချောနေတယ်လေ။ ကျနော် ရေအောက်ကို ဆင်းကြည့်တာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် စက်ယန္တရားတချို့ လိုအပ်ပါတယ်။ ဒီတကြိမ်နဲ့ဆို ငါးကြိမ်မြောက် ဆယ်ယူခြင်းပဲ” ဟု ဓမ္မစေတီ ခေါင်းလောင်းကို ငွေကြေးအကုန်အကျခံ ဆယ်ယူမည့် ဦးစံလင်းက ဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို နေအိမ်အကျယ်ချုပ် ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လက်ထက် ကလည်း ဆယ်ယူရန် ကြိုးစားခဲ့ပြီး ၁၉၉၇ ခုနှစ်က တကြိမ်၊ ၁၉၉၈ ခုနှစ်က နှစ်ကြိမ်၊ ၁၉၉၉ ခုနှစ်က တကြိမ် ဆယ်ယူ ခဲ့ဖူးသည်ဟုလည်း သိရသည်။

ယခုတကြိမ်တွင် နိုင်ငံခြား အကူအညီမယူဘဲ ဆယ်ယူမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်က ရွှေတိဂုံ ရင်ပြင်တော်ပေါ်သို့ ဓမ္မစေတီမင်းက တင်လှူ ပူဇော်ခဲ့ပြီး သက္ကရာဇ် ၉၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့၊ မွန်းတည့် ၁၂ နာရီက ပေါ်တူဂီလူမျိုး ဒီဘရစ်တို (ခေါ်) ငဇင်ကာက သင်္ဘော ၂ စီးဖြင့် ပေါ်တူဂီနိုင်ငံသို့ သယ်ဆောင်သွားခဲ့စဉ် ရန်ကုန်နှင့် သန်လျင်ကြား ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းဝ ဟူသော မြစ် သုံးဆိုင် အရောက် ၎င်းသင်္ဘော နှစ်စီး တိမ်းမှောက်ကာ ခေါင်းလောင်းကြီးလည်း နစ်မြုပ်ခဲ့သည်ဟု သမိုင်း အထောက်အထားများ အရ သိရသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးသည် ရေအောက်တွင် နှစ်ပေါင်း ၃၉၇ နှစ်တိုင်တိုင် ရှိနေခဲ့သည်ဟု မှတ်တမ်းများ အရသိရသည်။

“ဒီခေါင်းလောင်းကြီးကို ဆယ်တာကြာနေပြီ မရဘူး။ ဆယ်လို့ရမယ် မထင်ပါဘူး၊ နှစ်တွေပဲကြာနေပြီ။ ဆယ်လို့ရမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဆယ်လို့မရဘဲ ငွေကုန်ရုံသက်သက်ဆို ဘာထူးမှာလဲ။ အစိုးရဘက်ကကော ဘယ်လို ကူညီမှုတွေပေးမလဲ မသိဘူး” ဟု ပုဇွန်တောင်မြို့နယ်နေ ဒေသခံ တဦးကပြောသည်။

ခေါင်းလောင်း ဆယ်ယူရေးတွင် ရေအရင်းအမြစ်နှင့် မြစ်ကြောင်း ဦးစီးဌာနမှ သောင်တူးစက် အမှတ် ၁၅ဝ၁ (သို့မဟုတ်) ၁၅ဝ၂ ရေယာဉ်တစီး အကူအညီရရန် အဓိကလိုအပ်နေကြောင်း ဦးစံလင်းကဆိုသည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးစီးပါက ရွှေတိဂုံစေတီတော်ရှိ မူလနေရာတွင် ပြန်လည်ထားရှိမည်ဟု သိရသည်။

ပုဇွန်တောင် ချောင်းအတွင်း ရေအောက်ကြမ်းပြင် ၅၂ ပေအနက်တွင်နစ်မြုပ်လျက် ရှိနေပြီး ပေါ်တူဂီခေတ် သင်္ဘောပျက် ၂ စီး၊ တခြားခေါင်းလောင်း ၁ လုံး၊ ဉာဏ်တော် ၇ တောင်စီရှိသော ရွှေသားအစစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ကျောက်သံ ပတ္တမြားများ ပါသည့် သေတ္တာ ၁၁ လုံး တို့လည်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးနှင့် အတူ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်ဟု ဦးစံလင်းက ဆိုသည်။

အဆိုပါ ခေါင်းလောင်တော်ကြီးသည် ယခင်နှစ်များက တပေါင်းလပြည့်နေ့ရောက်တိုင်း ရေပေါ်တွင်ပေါ်လာကာ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖူးမြော်သည်ဟုလည်း ဒေသခံများက ပါးစပ်ရာဇ၀င် တခုအနေနှင့် ပြောဆိုနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်