နှစ်ရှည် ထောင်ဒဏ်ကျ DVB သတင်းထောက် အယူခံ ပယ်ချခံရ

E-mail Print
ထောင်ဒဏ် ၂၇ နှစ် နှင့် ၁၅ ရက် ကျခံနေရသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနမှ ရုပ်သံ သတင်းထောက် တဦးဖြစ်သူ မလှလှဝင်း၏ အယူခံကို မကွေးတိုင်း တရားရုံးက ယခုတပတ် ဗုဒ္ဓဟူးနေ့၌ ပယ်ချလိုက်ကြောင်း အကျိုးဆောင် ရှေ့နေများက ပြောသည်။

မလှလှဝင်း၏ ရှေ့နေ ဦးရွှေလှက “အရင်က ချထားတဲ့ အမိန့်ဟာ မမှားဘူး မှန်တယ် ဆိုပြီးတော့ မကွေးတိုင်း တရားရုံးက သုံးသပ် ပြီးတော့ အယူခံကို ပယ်တာ”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း အယူခံကို ပယ်ချလိုက် သော်လည်း စီရင်ချက်နှင့် ပတ်သက်သည့် စာရွက် စာတမ်းများကို မိတ္တူကူး၍ မန္တလေး တရားရုံးချုပ်တွင် အယူခံ ဆက်လက် တင်ရန် ဆောင်ရွက် နေသည် ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် အသက် ၂၅ နှစ် အရွယ်ရှိ မလှလှဝင်းနှင့် အတူ ထောင်ဒဏ် ၃၂ နှစ် ၁၅ရက် ကျခံနေရသော ကိုမြင့်နိုင် ဆိုသူသည်လည်း အယူခံအပယ်ခံရသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းတွင် မလှလှဝင်းသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ၀ိပုလ္လရာမ ပါဠိ တက္ကသိုလ် ကျောင်းတိုက်သို့ သတင်းယူပြီး အပြန် လမ်း၌ ၎င်းကို လိုက်လံကူညီပေးသူ ကိုမြင့်နိုင်နှင့် အတူ ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီး ထောင်ချမှုကို ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ ၂ ဦးကို အာဏာပိုင်များက သွင်းကုန်ထုတ်ကုန် ဥပဒေ အရ ပခုက္ကူမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ထို့နောက် ခရိုင်တရားရုံးမှ အီလက်ထရွန်နစ် ဥပဒေများနှင့် တရားစွဲဆိုကာ ထောင်ဒဏ်များကို တိုးမြှင့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မလှလှဝင်းနှင့် ကိုမြင့်နိုင်တို့သည် စစ်ကိုင်းတိုင်း ကသာ ထောင်နှင့် ရှမ်းပြည်နယ် လားရှိုး ထောင်များတွင်ရှိနေကြောင်း သိရသည်။

ကိုမြင့်နိုင်၏ မိသားစုဝင်များ ပြောပြချက်အရ ကိုမြင့်နိုင်သည် လားရှိုးထောင်၌ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရ သော် လည်း မလှလှဝင်းကမူ ၎င်း၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရှိသောကြောင့် ကျန်းမာရေး အခြေအနေကို မသိရကြောင်း  ရှေ့နေ ဦးရွှေလှ က ပြောသည်။  

မြန်မာနိုင်ငံသည် သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နေရာ၌ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး ၅ နိုင်ငံ စာရင်းထဲတွင် ပါဝင်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေးအဖွဲ့(CPJ)က လွန်ခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်း၌ ထုတ်ပြန်ထားသည်။

စာနယ်ဇင်းလုပ်ငန်းသည် မြန်မာပြည်တွင် အလွန် အန္တရာယ်ရှိသော လုပ်ငန်းတခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ဆင်ဆာ အဖြတ်ဆုံး နိုင်ငံ တခုဖြစ်ကြောင်းလည်း CPJ ၏ အစီ ရင်ခံစာက ဖော်ပြသည်။

သတင်းထောက်များကို ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံးနိုင်ငံများမှာ တရုတ်၊ အီရန်၊ ကျူးဘား၊ အီရီထရီးယားနှင့် မြန်မာနိုင်ငံ တို့ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတ၀န်းရှိ သတင်းထောက်၊ သတင်း အယ်ဒီ တာ၊ ဓာတ်ပုံသတင်းထောက်နှင့် သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း ၁၃၆ ဦးတို့သည် ထောင်ဒဏ် အပြစ်ပေးခံထား ရ ကြောင်း CPJ အဖွဲ့က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်