ဦးတေဇနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီး ၃ ဦး ဘဏ် တည်ထောင်ခွင့်ရ

E-mail Print
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ၄ ဦးကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုကြောင်း သိရသည်။

ဦးတေဇ (ထူး ကုမ္ပဏီ)၊ ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးနေအောင် (IGE)၊ ဦးချစ်ခိုင် (ဧဒင် အုပ်စု ကုမ္ပဏီ) တို့ကို ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် စစ်အစိုးရ၏ အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေး (လေးလပတ် အစည်းအဝေး) အပြီးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

bridge“အစိုးရနဲ့ နီးစပ်လွန်း အားကြီးတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ တော်တော် များများ လျှောက်ကြတာပဲ၊ ဒါပေမယ့် ၄ ဦး ကိုတော့ လုပ်ကိုင်ခွင့်ပေး လိုက်တယ်”ဟု ၎င်းက ဆိုသည်။

ဦးတေဇက အေးရှား ဂရင်း ဘဏ် (Asia Green Bank)၊ ဦးဇော်ဇော်က ဧရာဝတီ ဘဏ်၊ ဦးနေအောင်က အမရာ ဘဏ်၊ ဦးချစ်ခိုင် က မြန်မာ့ရှေ့ဆောင် ဘဏ် စသည့် အမည်များဖြင့် ဖွင့်လှစ်မည်ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် စီးပွားရေး လုပ်ငန်းရှင်ကြီး ၆ ဦး က စစ်အစိုးရထံ လျှောက်ထားသော်လည်း ၄ ဦးကို သာ ခွင့်ပြု ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

စစ်အစိုးရ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးနှင့် နီးစပ်သည့်စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် (စတီဗင်လော) နှင့် Alpine သောက်ရေသန့် ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း တို့ကိုမူ လုပ်ကိုင်ခွင့် ပေးခြင်းမရှိဟု သိရသည်။

၁၉၈၈ ခုနှစ် မတိုင်မီ ဦးနေ၀င်း၏  မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အုပ်ချုပ်စဉ်က ဘဏ်လုပ်ငန်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပြုခြင်းမရှိပေ။

စစ်အစိုးရ က ဘဏ် လုပ်ငန်းအား ၁၉၉၂ ခုနှစ်မှ စတင်ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးများကို လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ရန် ခွင့်ပြုခြင်း မရှိတော့ပေ။

၁၉၉၃ ခုနှစ်တွင် ဒေါက်တာ စိန်မောင်ကို ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုးMr Surge Pun ခေါ် ဦးသိန်းဝေကို ရိုးမ ဘဏ်၊ ဦးအိုက်ထွန်းကို  အာရှဓန ဘဏ်၊ ဦးကျော်ဝင်းကို  မေဖလားဝါး ဘဏ်နှင့် မြန်မာယူနီဗာဆယ် ဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ် စသည်ဖြင့် ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုက မေဖလားဝါး ဘဏ်နှင့် အာရှဓန ဘဏ်တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိသည့် တရားမ၀င် ငွေကြေး များကို ခ၀ါချမှု ပြုလုပ်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာသည့် နောက် ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက မေဖလားဝါး ဘဏ်၊ အာရှ ဓန ဘဏ်တို့ကို လုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့သည်။ ထိုအချိန်မှ စတင်၍ မြန်မာ့ဘဏ်လုပ်ငန်းလည်း ပြည်တွင်းငွေ အလွှဲ အပြောင်း လုပ်ကိုင်သည့် အဆင့်သို့ လျော့ကျခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အခြေစိုက် စီးပွားရေးပညာရှင် တဦး က“ဘဏ်တွေများလာတာ ကောင်းပါတယ်၊ ဘဏ်စနစ်ကို အသုံးပြုတဲ့ အလေ့ အထ ပိုများပြီး ပြိုင်ဆိုင်မှု ပိုများလာမယ်”ဟုဆိုသည်။

သို့သော် နိုင်ငံခြားဘဏ်များနှင့် ငွေကြေးဆက်သွယ်သည့် လုပ်ငန်းများကို အစိုးရ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်(MFTB) မှသာ လုပ်ကိုင်ခွင့်ရှိသဖြင့် ယခုဖွင့်လှစ်မည့် ဘဏ်များသည် ငွေသွင်းငွေထုတ်နှင့် ပြည်တွင်းငွေလွှဲ ပြောင်းမှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ရှိမည်ဟု ထင်ကြောင်း ၎င်းက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်