ဒေါ်စုခြံရှေ့မှ အတားအဆီးများ ဖယ်ရှား

E-mail Print

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံရှေ့တွင် တားဆီးထားသည့် သံဆူးကြိုး အတား အဆီးများကို ယမန်နေ့ကစ၍ စစ်အစိုးရက ဖယ်ရှား

ထားကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့က အတားအဆီး တွေဖယ်လိုက်တယ်၊ ဘာကြောင့်မှန်းတော့မသိဘူး။ အရင်က ဒီလို ရှင်းရှင်းလင်းလင်းလုပ်တာမျိုး တခါမှမရှိခဲ့ဘူး” ဟု ဧရာဝတီကို ပြောသည်။

ပုံမှန်အားဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားသည့်ကာလများအတွင်း ၎င်း၏ခြံရှေ့ လမ်းမပေါ်တွင် သံဆူးကြိုးတပ်ဆင်ထားသည့် အတားအဆီးများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို အစောင့်ချထားလေ့ ရှိပြီး အဆိုပါအတားအဆီးများကို ယမန်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ရှိ အတားအဆီးများကို ရုပ်သိမ်းလိုက်သော်လည်း ၎င်းအား လွှတ်ပေးမည့် အစီအစဉ်မျိုး စစ်အစိုးရတွင်မရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ဝါရင့် စာရေးဆရာကြီးတဦးက “ဥပဒေအရဆိုရင်တော့ လွှတ်ကိုလွှတ်ရမှာ၊ ဒါပေမယ့် ဥပဒေဆိုတာကလည်း လူတယောက် ထဲရဲ့လက်ထဲမှာရှိနေတာကိုး … အမှန်က ဟိုအရင်ပြန်လွှတ်တုန်းကဆိုရင် ဘာမှရုပ်သိမ်းစရာမလိုဘူး၊ လွှတ်လိုက်တဲ့အချိန် ကျမှ ဖယ်စရာတွေကို ဖယ်လိုက်တယ်။ အလွန်ဆုံးကြာ တနာရီပဲ” ဟု ပြောသည်။

နအဖ က နိုင်ငံတကာအသိုင်းအ၀န်းက ၎င်းတို့ကို အမြင်ကောင်းစေရန် ဟန်ရေးပြခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အား အမှန်တကယ်လွှတ်ပေးရန် ဆန္ဒမရှိကြောင်း အဆိုပါ စာရေးဆရာက ဆက်ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ် ဇူလိုင်လ၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလနှင့် ၂၀၀၃ ခုနှစ် မေလတို့ တွင် အကျယ်ချုပ် ၃ ကြိမ် ချမှတ်ခဲ့သည်။

ယခုလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့မှာက တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင်ကျင်းပြခဲ့သည် အာရှ-ဥရောပ ထိပ်သီးအစည်း အဝေးကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။

လွန်ခဲ့သည့်သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် နေရသည့်သက်တမ်း ၁၃ နှစ် ပြည့်သွားခဲ့ပြီး အမေရိကန်နှင့် ဥရောပပါလီမန်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် နအဖ စစ်အစိုးရအား ဖိအားပေးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်