မန္တလေး မြို့တော်ဝန် ပါးရိုက် အပြစ်ပေး

E-mail Print
မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်က စည်ပင် သာယာရေး ကော်မတီရုံးရှိ ၀န်ထမ်းတချို့ကို ပါးရိုက် အပြစ်ပေးသည့် အဖြစ် အပျက်တခု မကြာသေးမီ ရက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ထိုသို့အပြစ် ပေးရခြင်းမှာ စွပ်ကျယ်အင်္ကျီ လက်ပြတ်နှင့် ဘောင်းဘီတို ၀တ်ဆင်ထားသည့် တရုတ်လူမျိုး လင်မယားနှစ်ဦးကို  ရုံးအတွင်း ၀င်ခွင့်ပေးသောကြောင့် ဖြစ်ကြောင်း ၊ ထိုလင်မယားကိုလည်း သရုပ်ပျက် ၀တ်စားဆင်ယင်သည်ဟု ဆိုကာ မြို့တော် ၀န်က ရုံးအတွင်းမှ နှင်ထုတ်ကြောင်း မန္တလေးမြို့စည်ပင်သာယာ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“လင်မယားနှစ်ယောက်က ဘောင်းဘီတိုတွေနဲ့ ဆိုတော့ မြို့တော်ဝန်ကြီး ဒေါသထွက်ပြီး မောင်းထုတ်ပစ်တာ”ဟု ၎င်းကဆိုသည်။

အပြစ်ပေးခံရသည့် ၀န်ထမ်းများမှာ ရုံး၏ ၀င်ပေါက်များရှိ ဧည့်စာရင်းဌာနတွင် နာမည်နှင့် မှတ်ပုံတင်များကို တိုက်ဆိုင်စစ်ဆေး ရ သည့် ၀န်ထမ်းများ ဖြစ်သည်ဟု မန္တလေးမြို့စည်ပင်သာယာ ၀န်ထမ်းကဆိုသည်။

ယခုအခါ မန္တလေး စည်ပင်သာယာရုံးများသို့ အလုပ်ကိစ္စလာရောက်မည်ဆိုလျှင် သပ်ရပ်စွာ ၀တ်စားဆင်ယင်ပြီး လာရမည်ဖြစ် ကြောင်း၊ စွပ်ကျယ်၊ ဘောင်းဘီတိုများ ၀တ်ဆင်၍ လာရောက်ခွင့်မပြုကြောင်း ဆိုသည့် သတိပေး စာတန်းများကို ဆိုင်းဘုတ်များ ရေးသားပြီး စိုက်ထူထားကြောင်း သိရသည်။

ဦးဖုန်းဇော်ဟန်သည် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) (၁)တွင် ဗိုလ်မှူးချုပ် ရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး မကြာသေးမီက စစ်ဘက်ဆိုင်ရာရာထူးကို စွန့်လွှတ်ထားသူ ဖြစ်သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးမြို့သို့ နယ်စပ်မှ တရုတ်လူမျိုး အမြောက်အမြား ၀င်ရောက်လာကြောင်း၊ ၎င်းတို့သည် ရှေး ယခင်ကတည်း နေထိုင်ခဲ့သည့် တရုတ်လူမျိုးများကဲ့သို့ မြန်မာ့ယဉ်ကျေးမှုကို နားမလည်၍ ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားခြင်းဖြစ် ကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမား တဦးက ပြောသည်။

လူရွှင်တော် ချစ်စရာကလည်း မန္တလေးမြို့တွင် တရုတ်လူမျိုးများ ကြီးစိုးနေခြင်းကို“မန္တလေးသားစစ်စစ်ကြီးပါဗျာ”ဟူသော ပြဇာတ် ဖြင့် သရော်ခဲ့ဖူးသည်။ ထိုပြဇာတ်ကို ပြီးခဲ့သည့် ဧပြီလက ကျင်းပသည့် မန္တလေးမြို့ နှစ် ၁၅၀ ပြည့် အကြိုဖျော်ဖြေပွဲတွင် တင်ဆက် ကပြ ရာ လူကြိုက်အလွန်များပြီး မန္တလေးမြို့ အာဏာပိုင်များကပါ ကြိုက်နှစ်သက်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ရှေးယခင် မြန်မာဘုရင်များလက်ထက်ကပင် တရုတ်လူမျိုးများ လာရောက်နေထိုင်ခဲ့ကြပြီး မန္တလေးမြို့ ကျက် သ ရေဆောင် မြို့မ တူရိယာအသင်းကြီးကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူတည်ထောင်ခဲ့သည့် “ဦးတော်လုံ”ကဲ့သို့ မြန်မာ့ရိုးရာကို လေးစား မြတ်နိုးသည့် တရုတ်လူမျိုးများလည်း ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်