ဖမ်းဆီးခံ မြန်မာ အလုပ်သမားများ နယ်စပ်ပိတ်၍ ပြန်လွတ်

E-mail Print

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သိုးမွေး စက်ရုံများမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၅၀ ခန့်ကို ထိုင်းရဲများက ယမန်နေ့ ညနေတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ သို့သော် နယ်စပ်တံတား ပိတ်ထား၍ မြန်မာဘက် အခြမ်းသို့

ပြန်မပို့နိုင်ဘဲ ပြန်လွှတ် ပေးလိုက်ကြောင်း သိရသည်။

မဲဆောက်မြို့ရှိ မပန်းသီး သိုးမွေးစက်ရုံနှင့် မော်တာ သိုးမွေးစက်ရုံများသို့ ထိုင်းရဲက ကားနှင့်ဝင်၍ ပိတ်ဖမ်းသဖြင့် အလုပ်သမား အားလုံးနီးပါး ပါသွားခြင်း ဖြစ်ကြောင်း ဝင်ရောက်ဖမ်းဆီးချိန်တွင် ရှိနေသူ ကိုမင်းစိုးက ပြောသည်။

“သူတို့က မော်တာရုံကို အရင်ဝင်ပြီး ဖမ်းလိုက်တယ်။ မော်တာရုံက ၂ ရုံရှိတယ်။ ၂ ရုံလုံးကို အကုန်ဖမ်းလိုက်တယ်။ ပြီးတော့မှ မပန်းသီးရုံကို ၀င်ဖမ်းတယ်။ ရှစ်ဘီးကားကြီးနဲ့ တင်သွားတယ်။ ကားမဆံ့လို့ တချို့လည်း ကျန်ခဲ့တယ်” ဟု ကိုမင်းစိုးက ပြောပြသည်။ 

အလုပ်ရှင်များက ဈေးပေါသော အလုပ်သမားများကို လိုချင်သဖြင့် အလုပ်သမားလက်မှတ်၊ ယာယီ နိုင်ငံကူး လက်မှတ်များကို ပြုလုပ် မပေးသောကြောင့် ယခုကဲ့သို့ အဖမ်းခံရဖြင်းဖြစ်သည်ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုမိုးဆွေက ဝေဖန်ထောက်ပြသည်။

“အဲဒီ စက်ရုံတွေက အလုပ်သမား ၁၅၀ လောက် ရဲကဖမ်းသွားတယ်။ ဖမ်းတာကတော့ လက်မှတ်မရှိလို့ပေါ့။ အလုပ်သမားတွေက လက်မှတ်လုပ်ချင်ပေမယ့်လည်း အလုပ်ရှင်တွေက လက်မှတ်လုပ်မပေးတော့ ရဲက လာဖမ်းရင် ခံရတာပေါ့” ဟု ကိုမိုးဆွေက ပြောသည်။

ယင်းသို့ ဖမ်းဆီးရာတွင် အလုပ်သမား လက်မှတ်ရှိသူများလည်း ပါသွားသဖြင့် လက်မှတ်ရှိသူ ၃၀ ကို အရင်ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

ကျန်အလုပ်သမားကို ရဲများက ခေါ်ဆောင်ပြီး မြန်မာဘက်ခြမ်းသို့ ပြန်ပို့ရန်သွားသော်လည်း ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအားလုံးကို ပိတ်ထားသဖြင့် ပြန်မပို့နိုင်ဘဲ အလုပ်သမားများကို ညနေ ၆ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကိုမင်းစိုးက ပြောသည်။

မြန်မာဘက်မှ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ပိတ်ထားသဖြင့် ထိုင်းအာဏာပိုင်များက မြန်မာ အလုပ်သမားများကို ဖမ်းဆီးကာ ပြန်ပို့ရန် စီစဉ်ပြီး အကဲစမ်းခြင်းဖြစ်နိုင်သည်ဟု မဲဆောက်ရှိ မြန်မာများက ဆိုသည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းအား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင် ပိတ်ပစ်ခဲ့သည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြခဲ့သည်။

တံတားပိတ်ထားမှုကြောင့် ထိုင်းဘက်မှ ကုန်စည်စီးဆင်းမှု တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက် ရှိကြောင်း ထိုင်းသတင်း များက ဖော်ပြသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်