တရုတ်စစ်သင်္ဘောများ ပထမဆုံးအကြိမ် လာရောက်လည်ပတ်

E-mail Print
တရုတ်ရေတပ်မှ စစ်သင်္ဘောနှစ်စီး ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ ပထမဆုံး အကြိမ်အဖြစ် ချစ်ကြည်ရေးခရီး ရောက်ရှိ ဆိုက်ကပ် လာကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာများတွင် ရေးသား ထားသည်။

chinese_navy-shipတရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်တာဝန် တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး Zhang Wendan ဦးဆောင်ပြီး ဖျက်သင်္ဘော Guangzho နှင့် ဖရီးဂိတ် စစ်သင်္ဘော Chaohu တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရောက်ရှိ လာခြင်း ဖြစ်ကာ စက်တင်ဘာ ၂ ရက်နေ့အထိ ဆိုက်ကပ် ထားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ပိုမို ချစ်ကြည် ရင်းနှီးပြီး အပြန်အလှန် နားလည်မှု ရှိစေရန် လေ့လာ လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း စစ်သဘောင်္များသည် အေဒင် ပင်လယ်ကွေ့နှင့် ဆိုမာလီ ကမ်းရိုးတန်းတွင် လှည့်လည် သွားလာခဲ့ပြီး အီဂျစ်၊ အီတလီနှင့် ဂရိနိုင်ငံ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခဲ့ကာ ထိုမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တရုတ်ရေတပ်သည် စစ်သဘောင်္များကို ပစိဖိတ်သမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ် စသည့်ဒေသများတွင်သာ ဖြန့်ကျက် ချထားခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ တရုတ်ရေနံတင်သဘောင်္များကို ဆိုမာလီပင်လယ် ဓားပြများရန်မှ ကာကွယ်ရန် အိန္ဒိယသမုဒ္ဒရာသို့ ပြောင်းရွှေ့ချထားခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကတည်းက တရုတ်ရေတပ်သည် စစ်အင်အားတိုးချဲ့မှုများ၊ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံ များစွာသို့ တရုတ်ရေတပ်၏ ချစ်ကြည်ရေးခရီး သွားရောက်မှုသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာကျကျ ရေတပ်တိုးချဲ့နေမှုများကို ပြသည်ဟု အမေရိကန်ရေတပ် အရာရှိ စတီဗင် ဟိုရဲလ်က စာတမ်းတစောင်တွင် ရေးသားထားသည်။

အဆိုပါစာတမ်းတွင် “တရုတ်တို့၏ ရေကြောင်းသံတမန် ခရီးစဉ်များသည် လက်နက်တင်ပို့ရောင်းချမှု သို့မဟုတ် နှစ်နိုင်ငံဆက်ဆံရေး အထိမ်းအမှတ်ပွဲများနှင့် ဆက်စပ်ကြောင်း” စတီဗင်ဟိုရဲလ်က ရေးသားခဲ့သည်။

တရုတ်ရေတပ်သည် ၁၉၈၀ ခုနှစ်တွင် အုပ်စု နှစ်စုခွဲပြီး နိုင်ငံ လေးနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် အုပ်စု လေးစုခွဲပြီး နိုင်ငံပေါင်း ၂၀ သို့ စေလွှတ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလမှ ၂၀၀၆ ခုနှစ် သြဂုတ်လအထိ ၃၇ နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။

တရုတ်နိုင်ငံအတွက် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ နှစ်ခုစလုံး လွှမ်းမိုးရေး အစီအစဉ်တွင် မြန်မာနိုင်ငံသည် အရေးပါသည့် အနေအထားတွင်ရှိသည်ဟု လေ့လာသူများက ဆိုသည်။

၂၀၀၉ ခုနှစ်က  Li Chenyang နှင့် Lye Liang Fook ဆိုသည့် တရုတ်ပညာရှင် နှစ်ဦးရေးသားသည့် အစီရင်ခံစာတစောင်တွင် တရုတ်နိုင်ငံသည် ၎င်း၏ လုံခြုံရေး ပိုမိုကောင်းမွန်စေရန်အတွက် “သမုဒ္ဒရာ နှစ်စင်း အခြေပြုလှုပ်ရှားရေး” ဆိုသည့် မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အဓိကကျသည့် ရည်ရွယ်ချက်တခုမှာ  မီးရထားလမ်းများ၊ လေကြောင်း ပို့ဆောင်ရေးများ လုပ်ကိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံကို ဖြတ်၍ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေး မဟာဗျူဟာမြောက် လမ်းကြောင်းကြီးကို ဖောက် လုပ်နေကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ  ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို တရုတ်အစိုးရက ပိုက်လိုင်းများ သွယ်တန်းကာ ယူနန်ပြည်နယ်သို့ တင်ပို့နေပြီး ကျောက်ဖြူမြို့တွင်လည်း တရုတ်က ရေနက်ဆိပ်ကမ်းတခု တည်ဆောက်နေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်