KNU နှင့် နအဖတပ် ထပ်မံ တိုက်ပွဲဖြစ်

E-mail Print
နအဖ တပ်ဖွဲ့များကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ် ဘက်မှ ၁ ဦး ကျဆုံးကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အနီးတ၀ိုက်တွင် KNU တပ်ရင်း (၁၆) မှ တပ်ဖွဲ့များနှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ (၃) မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၃ နှင့် ခလရ ၄၀၅ တပ်ရင်းတို့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နအဖ တပ်များက ယင်းဒေသ၌ တပ်အပြောင်းအလဲ ပြုလုပ်နေစဉ် KNU ပြောက်ကျားတပ်များက ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်ကြောင်း KNUတပ်မဟာ (၆) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၂၀၀ ခန့် ရှိပြီး အစီအစဉ် တခုခုကြောင့် တပ်ပြောင်းလာခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သော တပတ်ကလည်း လှိုင်းဘွဲ့မြို့နယ် သရီးဖိုးကွီး ကျေးရွာအနီး၌ နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၉ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၄၃ နှင့် KNU တိုက်ပွဲ ဖြစ်ပွားရာ နအဖတပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ် အခတ်ရပ်စဲထားသော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA) အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှား လျက် ရှိကြောင်း သိရသည်။

ယင်း တိုက်ပွဲနှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာများတွင် ယနေ့အထိ ဖော်ပြခြင်း မရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်