ဦးတေဇ လေကြောင်းလိုင်းသစ် ဖွင့်ရန်စီစဉ်

E-mail Print
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပြည်တွင်း ပျံသန်းမည့် Asia Wing ဟု အမည်ပေးထားသော လေကြောင်းလိုင်းအသစ် တခု ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

Air_Bagan ဦးတေဇအနေဖြင့် Sun Far ကုမ္ပဏီ နှင့် ပူးပေါင်း၍ လေကြောင်းလိုင်းသစ် ထပ်မံဖွင့်လှစ်ရခြင်းမှာ ၎င်းပိုင်ဆိုင်သည့် Air Bagan (အဲပုဂံ) လေကြောင်း လိုင်းကို အမေရိကန် နှင့် ဥရောပသမဂ္ဂ နိုင်ငံများက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားမှုကို ရှောင်ရှားနိုင်ရန် ထပ်မံ တည်ထောင်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားများက ဧရာဝတီသို့ ပြောသည်။

မကြာသေးမီကလည်း စီးပွားရေးပိတ်ဆို့ အရေးယူမှုကြောင့် ဦးတေဇ၏ Air Bagan လေကြောင်းလိုင်းမှ လေယာဉ်နှင့် ပတ်သက် သည့် အပိုပစ္စည်းများ ၀ယ်ယူမရရှိသည့်အတွက် ယင်း လေကြောင်းလိုင်းကို ပြန်လည်ရောင်းချတော့မည် ဆိုသည့် သတင်းများ လည်း ထွက်ပေါ်ခဲ့သေးသည်။

အမေရိကန်အစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး စစ်အစိုးရအဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။

ဦးတေဇနှင့် နီးစပ်သူ တဦးကမူ“ဦးတေဇကတော့ အခက်အခဲ ဘယ်လိုရှိရှိ အဲပုဂံ လေကြောင်းလိုင်းကို ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

ရန်ကုန်မြို့ ၃၈လမ်းရှိ Sun Far ကုမ္ပဏီသို့ လေကြောင်းလိုင်းအသစ် ဖွင့်မည့်သတင်းနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ တာဝန်ခံတဦးက လေကြောင်းလိုင်းအသစ် ပြေးဆွဲမည့် သတင်းကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ် ပြောဆိုရန် ငြင်းဆိုသွားသည်။

Sun Far Travels & Tours Co., Ltd ကုမ္ပဏီကို ၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Air China ၊ Air Mandalay ၊ Myanmar Airways International(MAI) ၊ Biman Bangladesh Airlines ၊ India Airlines ၊ Malaysia Airlines ၊ Mandarin Airlines ၊ Silk Air စသည့် လေကြောင်းလိုင်းများ၏ လက်မှတ်များကို ရောင်းချပေးသည့် ကုမ္ပဏီတခုဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေသည့် ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်၏ အွန်လိုင်းစာမျက်နှာတွင်လည်း Asia Wing
အမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တခုကို ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံသားပိုင် ကုမ္ပဏီတခုက လုပ်ကိုင် ရန် ရှိကြောင်း၊ ၎င်းခရီးသွားလာရေး ကုမ္ပဏီသည် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခုနှင့် ဆက်သွယ်မှုရှိကြောင်း ရေးသားထား သည်။

ထို့အပြင် Air Bus အမျိုးအစား လေယာဉ်ကို ၀ယ်ယူထားကြောင်းရေးသားထားပြီး အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

မြန်မာနိုင်ငံ၌ လတ်တလောတွင် အဲမန္တလေး ၊ ရန်ကုန်အဲဝေး ၊ အဲပုဂံ နှင့် အဲကမ္ဘောဇ စသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ၄ လိုင်း ရှိသည်။

မကြာသေးမီကလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်တို့ကို အဲ အင်းလေး ဆိုသည့် လေကြောင်းလိုင်းသစ် တခု ဖွင့် လှစ်ခွင့် ပြုခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်