ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မလုပ်ဘူးလား

E-mail Print
ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကို ပါတီဝင် မဟုတ်သည့် အတွက် သမ္မတလောင်း စာရင်း တင်သွင်းရန် သေချာမည် မဟုတ် ကြောင်း ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦးက ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

Myanmar's-military-junta-leader,-General-Than-Shweဦးဌေးဦးက“ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး”ဟု ဆိုသည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို လျာထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးဌေးဦးသည် ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၎င်း၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှ ၀င်ရောက် အရွေးခံမည်ဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကြံ့ဖွံ့ပါတီ ရုံးတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  ရန်ကုန်မြို့တော် ၀န် ဦးအောင်သိန်းလင်းလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ပြည်တွင်းပြည်ပမှ စာနယ်ဇင်းသမားများ၏ မေးခွန်းများကို မချေမငံ တုံ့ပြန်သည့် အတွက် ဦးဌေးဦးမှသာ တာဝန်ယူဖြေကြားခဲ့သည်ဟု တက်ရောက်ခဲ့သည့် စာနယ်ဇင်းသမားတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ခင်းပေးနေသည့် လမ်းများနှင့် ပတ်သက်၍ မြို့တော်စည်ပင်က ပြုလုပ်ပေးခြင်းလား၊ ပါတီမှ ခင်းပေးနေခြင်း လား ဆိုသည့် မေးခွန်းကို မြို့တော်စည်ပင်မှ ခင်းပေးနေခြင်းသာဖြစ်သည်ဟု ဦးဌေးဦးက ဖြေကြားခဲ့သော်လည်း ဦးအောင်သိန်းလင်းက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ဦးအောင်သိန်းလင်းသည် ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်ပြီး ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်အရွေးခံမည် ဖြစ်သည်။

ကြံ့ဖွံ့ပါတီသည် ယခင်က လူမှုရေးအသင်းအဖြစ် ရပ်တည်ခဲ့သော်လည်း ယခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီ အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ လက်ရှိ သုံးစွဲနေသည့် ရန်ပုံငွေနှင့် ပတ်သက်၍လည်း ဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် အစိုးရထံမှ ထောက်ပံ့ ကြေး မယူပါကြောင်း၊ ယခင်ကတည်းက ပါတီ တည်ထောင်ရန် ရည်ရွယ်ချက်ရှိသည့်အတွက် မည်သည့် ငွေကြေး အထောက် အပံ့ကိုမျှ မယူခဲ့ကြောင်း ဦးဌေးဦးက ပြောသည်။

အကယ်၍ ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့ပါက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဒို့တာဝန်အရေး သုံးပါးနှင့် မဆန့်ကျင်သရွေ့ လွတ်လပ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ သို့သော်လည်း စာနယ်ဇင်းများအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် စေတနာထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ အနေအထားအရ ကြံ့ဖွံ့ပါတီသည် မဲဆန္ဒနယ် ၅၂ နေရာတွင် ပြိုင်ဘက်ပါတီများ မရှိသည့်အတွက် အနိုင်ရရန် သေချာပြီး ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲသည် အချိန် ၃နာရီကျော်ကြာပြီး ညနေ ၄ နာရီ မိနစ် ၃၀ တွင် ပြီးဆုံးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်