HIV/AIDS ဝေဒနာရှင်များကို စာပေ အနုပညာရှင်များ တွေ့ဆုံ လှူဒါန်း

E-mail Print
ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူမှု အထောက်အကူပြု အဖွဲ့မှ စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များကို စာပေအနုပညာရှင်များ စုပေါင်း၍ လှူဒါန်းမှုတခု ယမန်နေ့ က ပြုလုပ်သည်။

U_Kyaw_Thu_and_A_Naggaကဗျာဆရာ၊ တေးရေးဆရာ၊ ပန်းချီဆရာများအနေဖြင့် မိမိတို့ရရှိသည့် စာမူခ၊ ပန်းချီ သရုပ်ဖော်ခ များကို စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ငွေသား အနေဖြင့် ကျပ် နှစ်သိန်း နှစ်သောင်း ရှစ်ထောင် နှင့် မဂ္ဂဇင်း အဟောင်းများ အစားအသောက်တချို့ကို လှူဒါန်းခဲ့သည်ဟု သွားရောက်လှူဒါန်းခဲ့သည့် ကဗျာဆရာ ကြည်မောင်သန်းက ပြောသည်။

“၀င်ငွေကောင်းတဲ့ လုပ်ငန်းရှင်တွေ မဟုတ်သလို ကျော်ကြားတဲ့ အနုပညာရှင် တွေလည်း မဟုတ်တဲ့အတွက် တန်ဖိုး ကတော့ အရမ်း မများဘူး၊ လူသားချင်း စာနာတဲ့ အနေနဲ့ သွားလှူတာပါ”ဟု ၎င်းက ဆိုသည်။

ယခု လှူဒါန်းမှုသည် အဖွဲ့အစည်းတရပ် အနေဖြင့် လှူဒါန်းခြင်းမဟုတ်ဘဲ အားပေးရန် လိုအပ်နေသူများ ဖြစ်သည့်အတွက် တတ်နိုင် သည့်ဘက်မှ ၀င်ရောက်ကူညီခြင်းဖြစ်ကြောင်း၊ ဝေဒနာရှင်များအနေဖြင့် ၎င်းတို့အား လာရောက် အားပေးသူများ ရှိသည့်အတွက် ပျော်ရွှင်ကြောင်း၊ ထိုကြောင့် ပီတိဖြစ်ရကြောင်းလည်း ကဗျာဆရာ ကြည်မောင်သန်းက ပြောသည်။

သွားရောက်လှူဒါန်းသည့် စာပေနှင့်အနုပညာရှင်များမှာ ကဗျာဆရာ ကွန်စစ်ကောင်း၊ မင်းနွယ်စိုး၊ ကြည်မောင်သန်း၊ ငြိမ်းသစ်၊ ဟိန်းမြတ်ဇော်၊ ဝေးခေါင်၊ ပန်းချီဆရာ ဖေစိုးအောင်၊ ဥတ္တရ အလင်း စာပေမှ ကိုတိုးလွင် စသည်တို့ပါဝင်ပြီး ဝေဒနာရှင်များကို “မွန်မြတ်သော စိတ်၏ အလှတရား”၊ “ ငြိမ်းချမ်းရေး၏ မိခင်”စသည့် သီချင်းများကို သီဆိုဖျော်ဖြေကြကြောင်း သိရသည်။

အဆိုပါ အနုပညာရှင်များကို NLDပါတီ ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်က တိုင်းပြည်ရှိ လူမှု ရေး ၊ ကျန်းမာရေး ကဏ္ဍများးတွင် ယခုကဲ့သို့ အနုပညာရှင်များပါဝင်လာမှုသည် အလွန်ကောင်းသည့် လက္ခဏာတရပ် ဖြစ် ကြောင်း၊ ဝေဒနာရှင်များနှင့် ပတ်သက်၍ စစ်အစိုးရ၏ ဖိအားပေးမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ လာရောက်အားပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုသည်ဟု NLD လူငယ် အဖွဲ့ဝင်ကိုရာဇာက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ယင်းလူနာစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်လည်ပတ်ပြီးခဲ့သည့် နောက် အာဏာပိုင်များက ၎င်းဂေဟာတွင် နေထိုင်သည့် လူနာများကို အစိုးရ ဖွင့်လှစ်ထားသည့် အထူးကုဆေးရုံများသို့ ပြောင်း ရွှေ့ရန် သတင်းစာများမှတဆင့် အတိအလင်း တိုက်တွန်းရေးသားခဲ့သည်။

ရုပ်ရှင်မင်းသား ကိုကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းဝင်များ၊ အဆိုတော်များဖြစ်သည့် အနဂ္ဂ၊ ကျားပေါက်၊ သံသာ ဝင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့် စာရေးဆရာမ သန်းမြင့်အောင်တို့ကလည်း တောင်ဒဂုံ ဂေဟာရှိ ဝေဒနာရှင်များအတွက် ဒံပေါက်၊ ရေခဲမုန့်၊ နာရေးကူညီမှု တံဆိပ်ပါ တီရှပ်များ၊ အဝတ်အထည်များ၊ ငွေ နှင့် ဘုရား ဆင်းတုတော်တဆူ ကို သွားရောက် လှူဒါန်းခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်