နှစ်သစ်အစောပိုင်း လများတွင် အအေးလှိုင်း ဖြတ်မည်

E-mail Print
လာမည့် နှစ်သစ် ၂၀၁၁ ဇန်န၀ါရီ လဆန်းပိုင်းမှ မတ်လဆန်းအတွင်း မြန်မာနိုင်ငံသို့ အအေးလှိုင်း လေးကြိမ်ခန့် ဖြတ်ဖွယ်ရှိကြောင်း သိရသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ ထွန်းလွင်က “ပထမတကြော့ကတော့ ဖြတ်ပြီးပြီ။ အခုလာမယ့်လ နောက် သုံး၊ လေးကြိမ်လောက်က ဖေဖော်ဝါရီလကုန်၊ မတ်လအထဲအထိ အရှိန်ရှိနိုင်တယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အအေးလှိုင်းတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

အအေးလွန်ကဲမှုများ ဖြစ်ပေါ်နေရခြင်းသည် အာတိတ်သမုဒ္ဒရာမှ တိုတ်ခတ်လာသည့် Arctic Blast ဟု ခေါ်သည့်  ၀င်ရိုးစွန်းလေအေးများ ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက်ဘက်သို့ ပုံမှန်ထက် ပိုမိုပြီး တိုက်ခတ်လာခြင်းကြောင့် အအေးလွန်ကဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင်က ဆက်လက်ရှင်းပြသည်။

ယခုလာမည့် ဇန်န၀ါရီ လဆန်းပိုင်းတွင် ဒုတိယအကြိမ် အအေးလှိုင်းဖြတ်ရန်ရှိကြောင်း၊ ပထမအကြိမ် ဖြတ်သန်းမှုသည့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ခန့်မှ ၂၆ ရက်ခန့်အထိ ဖြစ်ပေါ်ခဲ့ပြီး  ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များတွင် ရေခဲမှတ်အောက် ရောက်သည်အထိ အအေးဓာတ်ရှိခဲ့သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ချင်းပြည်နယ် ဟားခါးမြို့၌ ယနေ့တွင် ရေခဲအမှတ် သုညအောက် ၄ ဒီဂရီ စင်တီဂရိတ်ရှိကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်မူ ပြီးခဲ့သည့် ရက်ပိုင်းက ရေခဲအမှတ် သုညအောက် ၂ ဒီဂရီ စင်တီဂရိတ်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကချင်ပြည်နယ်တွင် အရှေ့မြောက်ဒေသ၊ ချင်းပြည်နယ်တွင် မင်းတပ်၊ တီးတိန်ဒေသနှင့် ရှမ်းပြည်နယ်တွင် ပင်လောင်း၊ လွိုင်လင်ဒေသတို့သည် အအေးဆုံးဒေသများဖြစ်သည်။

ယခုဖြတ်သန်းမည့် အအေးလှိုင်းသည် အင်အားကြီးမားသည်ဟု မဆိုနိုင်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ထိခိုက် ဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း၊ နှင်းကျဆင်းမှု များပြားနိုင်သည့်အတွက် သီးနှံ အထွက်နှုန်းများ ကျဆင်းနိုင်သည် ဟု ဒေါက်တာ ထွန်းလွင်က သတိပေး ပြောကြားသည်။

ယခုဖြတ်သန်းနေသည့် အအေးလှိုင်းသည် ဥရောပ၊ မြောက်အမေရိက တိုက်တို့တွင် ဖြစ်ပွားနေသည့် ရာသီဥတုဖောက်ပြန်မှုနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သေးကြောင်း၊ အအေးဓာတ်သည် အာရှတိုက်သို့ ၀င်ရောက်လျှင် ရှေးဦးစွာ ရုရှားနိုင်ငံ ဆိုက်ဗေးရီးယားဒေသ၊ ထို့နောက် ဟိမ၀န္တာတောင်တန်း၊ ထိုမှတဖန် မြန်မာနိုင်ငံ ကချင်ပြည်နယ် အရှေ့မြောက်ဒေသသို့ ၀င်ရောက်ကြောင်း ဒေါက်တာ ထွန်းလွင်က ရှင်းပြသည်။

လက်ရှိအနေအထားအရ ဥရောပတိုက်တွင် အအေးဓာတ် လျော့ကျလာနေပြီး  အာရှတိုက်ဘက်တွင် အအေးဓာတ်အားကောင်း လာကြောင်း၊ ကချင်ပြည်နယ် အရှေ့မြောက် ဆွမ်ပရာဘွမ် ဒေသတွင် အပူချိန်မှာ ရေခဲအမှတ်အောက် ကျဆင်းနေကြောင်း သိရသည်။

မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဆီးနှင်းများ အဆမတန် ကျရောက်မှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး ခရီးသွားလာမှုများ ရပ်ဆိုင်းခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်