“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ

E-mail Print
မကြာမီ ကျင်းပမည့် ၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အတွက် “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု ရရှိနိုင်ကြောင်း အနုပညာ အသိုင်းအ၀ိုင်းက ထင်ကြေးပေး ခန့်မှန်းနေကြသည်။

moenyaeainmaephyuမိုးညအိပ်မက်မြူ ဇာတ်ကားတွင် မင်းသားနေတိုးနှင့် မင်းသမီး စိုးပြည့်သဇင်၊ သင်ဇာဝင့်ကျော်နှင့် မိုးဟေကိုတို့ ပါဝင်ပြီး စာရေး ဆရာ တက္ကသိုလ် ဘုန်းနိုင် ၏ အောင်မြင်ခဲ့သော ၀တ္ထုကို ဒါရိုက်တာ ကြည်ဖြူရှင်က ပြန်လည် ရိုက်ကူးထားခြင်းဖြစ်သည်။

အဆိုပါဇာတ်ကား၌ မင်းသားနေတိုး က အကယ်ဒမီဆု မျှော်မှန်းကာ အစွမ်းကုန်ကြိုးစား ထားကြောင်း၊ မိုးဟေကိုမှာ သရုပ်ဆောင် ပိုင်းနှင့် ၀တ်စား ဆင်ယင်မှုပိုင်း အားနည်းခဲ့သည့်အတွက် အကယ်ဒမီ မရနိုင်ကြောင်း၊ သင်ဇာဝင့်ကျော်မှာ သရုပ်ဆောင်ပိုင်းတွင် ပီပီပြင်ပြင်လုပ်ပြနိုင်ခဲ့ကြောင်း ကြည့်ရှုခဲ့သည့် ပရိသတ်များက ပြောဆိုကြသည်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီး ဇာတ်ဆောင်ဆုများ အတွက် မင်းသားနေတိုးနှင့် မင်းသမီး စိုးမြတ်သူဇာ တို့ ရရှိနိုင်ကြောင်းလည်း အနုပညာ အသိုင်းအ၀ိုင်းတွင် ခန့်မှန်းနေကြသည်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က“ကျနော်ကတော့ ဒီနှစ် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု သရုပ်ဆောင် နေတိုး ရလိမ့်မယ်လို့ ထင်တယ်။ မင်းသမီးထဲမှာတော့ စိုးမြတ်သူဇာပါ”ဟု ပြောသည်။

ယခု ကျင်းပမည့် အကယ်ဒမီပေးပွဲအတွက် ရန်ကုန်နှင့် နယ်မြို့များတွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကား ပေါင်း ၁၅ ကားရှိကြောင်း သိရသည်။

၎င်းတို့မှာ ဟော့ရှော့ ၂၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ၊ ချစ်လို့စတာ၊ ဇော်က ကနေသည်၊ သူငယ်ချင်းယောက္ခမ၊ မာမီရှိန်း၊ ရှော့ရှိတဲ့အချစ်၊ အတိတ်၏အရိပ်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ၊ ကျောက်စက်ရေ၊ အတည်ပေါက်နောက်တဲ့ လူ၊ ၀ါဆိုဖယောင်းတိုင်၊ ပင်လယ်ကိုဖြတ်၍ စသည့် ဇာတ်ကားများ ဖြစ်သည်။

မင်းသားနေတိုးက ယခုနှစ်တွင် အကယ်ဒမီဆုရရှိလိမ့်မည်ဟု ၎င်းကိုထင်ကြေးပေးနေကြသည့်အတွက် ၀မ်းသာမိကြောင်း ပြော သည်။

“ကျနော် ဒီနှစ် ရိုက်ထားတဲ့ကားက ၄ ကားရှိပါတယ်။ ဇော်က ကနေသည်။ မိုးညအိမ်မက်မြူ၊ မာမီရှိန်းနဲ့ ကြိုကြာ တောင်ပံခတ်သံ ပါ။ အကယ်ဒမီဆု ရခဲ့မယ်ဆိုရင်တော့ အနုပညာရှင် တယောက် ကြိုးစားမှုအတွက် ရလာမယ့် ရလဒ်တခုလို့ ထင်ပါတယ်”ဟု နေ တိုး က ပြောသည်။

မင်းသားနေတိုးက ၎င်းပါဝင်သရုပ်ဆောင်ခဲ့သည့် မိုးညအိမ်မက်မြူ ဇာတ်ကားကို အကောင်းဆုံးဇာတ်ကားဆု ရရှိနိုင်သည်ဟုလည်း ဆိုသည်။

သရုပ်ဆောင် မိုးယုစံက“ဒီနှစ် အကောင်းဆုံး အမျိုးသားဇတ်ဆောင်ဆုကို ကိုနေတိုးရလိမ့်မယ်လို့ထင်တယ်။ သူကဒီနှစ်အတွက် ၃၊ ၄ ကားလောက် ရိုက်ထားတယ်လေ။ နောက်ထပ်တစ်ယောက်က မြင့်မြတ်လို့ ကြားတယ်။ မင်းသမီးထဲမှာတော့ မအူဝဲ(အိန္ဒြာကျော်ဇင်) ရလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ မစိုးမြတ်သူဇာ လို့လည်းကြားပါတယ်”ဟု ပြောသည်။

ယခုကျင်းပမည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ၅၇ ကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင် ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသည့် ၂၀၀၈ ခုနှစ်အတွက် ဆုပေးပွဲမတိုင်မီ မိန့်ခွန်းတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ယနေ့ မြန်မာ့ ရုပ်ရှင် လောက အဆင့်အတန်းမှာ ဇာတ်လမ်း ဇာတ်ကွက်၊ သရုပ်ဆောင်မှု၊ ၀တ်စားဆင်ယင်မှု၊ studio အပါအ၀င် ရိုက်ကူးရေး အထောက်အကူပြု အပိုင်း၊ ပြသမှုနှင့် ရုပ်ရှင်ရုံ ၀န်ဆောင်မှု ၊ ပြည်ပဈေးကွက် ထိုးဖောက်ပြသ နိုင် မှု၊ စက်မှုနည်းပညာနှင့် ထုတ်လုပ်သူအပိုင်း စသည့် လုပ်ငန်း အားလုံးတွင် အားနည်းချက်၊ လိုအပ်ချက်များရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် ဓာတ်ပုံဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု အကယ်ဒမီဆု ၇ ဆုသာပေးခဲ့ပြီး ဇာတ်ညွှန်းဆု၊ တည်းဖြတ် ဆု၊ တေးဂီတဆု၊ အသံဆုများကို ပေးအပ်ခဲ့ခြင်း မရှိချေ။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင်လည်း အမျိုးသမီး ဇာတ်ဆောင်ဆု အပြင် အမျိုးသမီးဇာတ်ပို့ ဆု၊ ဇာတ်ညန်း ဆု၊ တည်းဖြတ် ဆု၊ အသံဆု များကိုလည်း ပေးအပ်ခဲ့ခြင်း မရှိချေ။

ယခုနှစ်တွင်လည်း ပြီးခဲ့သည့် ၂ နှစ်ကကဲ့သို့ အကယ်ဒမီဆုများ ချန်လှပ်နိုင်ကြောင်း အနုပညာအသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်