Asian Wings လေကြောင်း လိုင်းသစ် ပျံသန်းတော့မည်

E-mail Print
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့် ခရီးသွား ကုမ္ပဏီတခု ဖြစ်သည့် Sun Far Travels & Tours Co, Ltd ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်သည့် Asian Wings အမည်ရှိ ပြည်တွင်း လေကြောင်းလိုင်းကို မနက်ဖြန်တွင် ဖွင့်လှစ်မည် ဖြစ်သည်။

Tay_Za_Photo_-_AFPအဆိုပါ လေကြောင်း လိုင်းသစ်တွင် Sun Far ကုမ္ပဏီက စီမံခန့်ခွဲမှု အပိုင်းကို တာဝန် ယူထားပြီး လေယာဉ်မောင်းနှင်သူ ပိုင်းလော့နှင့် လေယာဉ်မယ် စသည့် ကဏ္ဍများတွင် ဦးတေဇပိုင် Air Baganက တာဝန် ယူထားကြောင်း Sun Far ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။

“မန်နေဂျင်း ဒါရိုက်တာက အစ လုပ်ပိုင်ခွင့် တော်တော် များများကို Sun Far က တာဝန် ယူရတယ်၊ Air Bagan က စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ လောလော ဆယ်တော့ အဲပုဂံ ရုံးချုပ်မှာပဲ ရုံးဖွင့်ထားတယ်”ဟု ၎င်းက ဆိုသည်။

ယခု လောလောဆယ်တွင် ပြည်တွင်း ခရီးစဉ်များကိုသာ ပျံသန်းမည် ဖြစ်ကြောင်း၊ လူ ၇၀ ဆန့် ATR 72 - 500 အမျိုးအစား လေယာဉ် နှစ်စီးဖြင့် ပြေးဆွဲမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုး၊ ကလေး၊ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရီးစဉ်များကို ပြေးဆွဲမည် ဖြစ်ကြောင်း Sun Far ကုမ္ပဏီနှင့် နီးစပ်သူက ဆက်လက် ပြောပြသည်။

လေယာဉ်လက်မှတ်ဈေးနှုန်းမှာ တခြားသော ပြည်တွင်းလေကြောင်းလိုင်းများနှင့် ဈေးနှုန်းတူညီကြောင်း၊ ရန်ကုန်-တာချီလိတ် ခရီး စဉ်အတွက် နိုင်ငံခြားသားတဦးလျှင် ၁၂၈ ဒေါ်လာ၊ မြန်မာနိုင်ငံသား တဦးလျှင် တသိန်း တသောင်း နှစ်ထောင် ကျပ်ဖြင့် ရောင်းချ ကြောင်း၊ ပုံမှန် ခရီးစဉ်များအပြင် စင်းလုံးငှား၍လည်း ရကြောင်း Sun Far လက်မှတ် အရောင်းဋ္ဌာန က ဧရာဝတီသို့ ပြောသည်။

လက်ရှိ ပြည်တွင်း၌ ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်း၊ အဲမန္တလေး နှင့် အစိုးရပိုင် မြန်မာ့လေကြောင်း(MA)တို့ ပျံသန်း နေ ပြီး Yangon Airways လေကြောင်လိုင်းသည် ၀ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)မှ ငွေကြေးထည့်ဝင်ထားသည်ဟု သံသ ယ ရှိသည့်အတွက် လေယာဉ်ပျံသန်း ပြေးဆွဲခွင့်လက်မှတ်(Aircraft Operator Certificate)ကို အာဏာပိုင်များက ထပ်မံ ထုတ် မပေးသဖြင့် ဖျက်သိမ်းခဲ့ရသည်။

ပြည်ပပြေးဆွဲနေသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ် ကိုလည်း စစ်အစိုးရ က ပြည်တွင်းလေကြောင်းလိုင်း အသစ်တခု ဖွင့်လှစ်ခွင့်ပြုထားသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် လေကြောင်းလိုင်းများကို ဖွင့်လှစ်ပြေးဆွဲနေသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ(EU) အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် လေယာဉ်အပိုပစ္စည်းများ ၀ယ်ယူ ရန် ခက်ခဲသည့်အပြင် ခရီးသည်လည်း နည်းပါးသည့်အတွက် စီးပွားရေးအရ အရှုံးပေါ်နေသည်ဟု သိရသည်။

Sun Far Travels & Tours Co, Ltd ကုမ္ပဏီသည် ခရီးသွားလုပ်ငန်းအပြင် Air Bagan ၊ Air Mandalay နှင့် နိုင်ငံခြားလေကြောင်း လိုင်း တချို့ အတွက် လေယာဉ် လက်မှတ်ရောင်းချပေးနေသည့် ကုမ္ပဏီဖြစ်သည်။

Sun Far ကုမ္ပဏီကဲ့သို့ လေယာဉ် လက်မှတ်အရောင်းဌာန တခုနှင့် ဦးတေဇတို့ တွဲဖက်လုပ်ကိုင်ခြင်းသည် ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းအတွက် အကျိုးမရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် Sun Far ကုမ္ပဏီအနေဖြင့် ၎င်းတို့ ပူးတွဲပိုင်ဆိုင်သည့် Asian Wings လေယာဉ်လက်မှတ်များကိုသာ ဦးစားပေး ရောင်းချမည်ဖြစ်သောကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ခရီးသွားလာရေး လုပ်ငန်းလုပ် ကိုင်နေသည့် အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်