ဦးပိုင် ကားပြပွဲ အရောင်းထိုင်း

E-mail Print
မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် ကားကုမ္ပဏီ တို့ ရန်ကုန် တပ်မတော် ပြခန်းတွင် ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ် ကားပြပွဲမှာ လူအများ စိတ်ဝင်စားမှု အလွန်နည်းကြောင်း စီးပွားရေး အသိုင်း အ၀န်းမှ သိရသည်။

ယင်းကားပြပွဲကို ဇန်န၀ါရီလ ၂၁ ရက် မှ ၂၄ ရက်နေ့ အထိ ၄ ရက်ကြာ ကားအလှပြ မော်ဒယ်များ၊ အကဖျော်ဖြေမှု များနှင့် နာမည်ကြီး အဆိုတော် ၀ိုင်းဆုခိုင်သိန်း၊ နေနေ၊ အနဂ္ဃ ၊ သံသာဝင်း၊ ဂျေညီမလေး စသည့် အဆိုတော်များ၏ သီဆို ဖျော်ဖြေမှုများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ရောင်းချခဲ့သည်။

motorshow-ygn-2011ပြပွဲ၌ ပြသသည့် ကားများကို ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကုမ္ပဏီ နှင့် တရုတ်နိုင်ငံ ဒေါင်ဖန်း ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ် ထားပြီး တရုတ်နိုင်ငံ အခြေစိုက် RAMMAR Automobile Manufacturing & Trading Co Ltd မှ တဆင့်ပြန်လည် တင်သွင်းခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ပြုလုပ်ခဲ့သည့် ပထမ အကြိမ် ကားပြပွဲတွင် ကားအစီးရေ ၁၅၀ ကျော် ရောင်းချခဲ့ရပြီး ယခု ပွဲတွင် ၁ စီး သာ ရောင်းချခဲ့ရသည်ဟု RAMMAR ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။

“လူတွေ စိတ်ဝင်စားအောင်တော့ ဖျော်ဖြေရေးကဏ္ဍတွေပါ ထည့်ပြီး အကြီးအကျယ်လုပ်ခဲ့တာပဲ။ ဒါပေမယ့် ထင်သလောက် မရောင်းရဘူး။ ပထမ တခေါက်ပြပွဲတုန်းက ၀ယ်ထားတဲ့ လူတွေက တချို့ ပိုက်ဆံပေးပြီး မရသေးတာတွေ ရှိနေတာရယ်၊ ပြပွဲမှာ တွေ့လို့ ကြိုက်ပြီး ၀ယ်ခဲ့ပေမယ့် လက်ထဲရောက်လာတော့ ပုံစံ မတူတာမျိုးတွေ ၊ မကြိုက်လို့ ပြန်ရောင်းတဲ့ အချိန်မှာ ဇုန် ထုတ်ကား ဆိုတော့ အများကြီး ရှုံးတာမျိုးတွေ ရှိတယ်။ ဒီချို့ယွင်းချက်တွေကြောင့် အရောင်းကျတာလို့ ပြောရမှာပဲ”ဟု ကား အရောင်းအ၀ယ် လုပ်ကိုင်နေသူ တဦးက ဆိုသည်။

၎င်းက“ကျနော်တို့ ကားပွဲစားတန်းမှာ ဒီလို ကားမျိုးတွေ တွေ့ရတယ်။ မကြိုက်လို့ လာရောင်းရင် တ၀က်လောက် ရှုံးဖို့ ပြင် ထားပဲ။ အော်ရဂျင်နယ်က ကွာလတီရော ၊ ပြန်ရောင်းတဲ့ နေရာမှာရော တပန်းသာတယ်။ ဒါပေမယ့် ဇုန်ထုတ်ကားကတော့ အပို ပစ္စည်း စက်ရုံမှာ ၀ယ်လို့လွယ်တယ် ပေါ့”ဟု ဆက်ပြောသည်။

လက်ရှိ မြန်မာပြည် ကားဈေးကွက် အတွင်း ဇုန်ထုတ်ကားများ၊ နယ်စပ် မှ ၀င်ရောက်လာသည့် လိုင်စင်မဲ့ ကားများနှင့် လေ လံ ကားများ ကြောင့် ၀ယ်လိုအားထက် ရောင်းလိုအား ပိုမို နေခြင်းသည်လည်း ကားဈေးကွက် အရောင်းထိုင်းရခြင်း၏ အကြောင်း ရင်း တချက်ဖြစ်သည်ဟု ကားပွဲစားများက ပြောဆိုကြသည်။

ပြပွဲနေ့တွင် ကားအမျိုးအစား ၃ မျိုးကို ပြသခဲ့ပြီး  အဆင့် ၁ ကို ကျပ်သိန်း ၅၅၀ ၊ အဆင့် ၂ ကို ကျပ်သိန်း ၅၀၀ ၊ အဆင့် ၃ ကို ကျပ်သိန်း ၄၅၀ နှင့် ရောင်းချခဲ့ကြောင်း သိရသည်။

ကားအတွင်းပိုင်းပြင်ဆင်မှု၊ အမိုးဖောက်ထားမှု၊ ကူရှင်အသုံးပြုရသည့် ပုံစံများပေါ်မူတည်၍ ကားအဆင့် ၁၊ ၂၊ ၃ ခွဲခြား ထား ကြောင်း သိရသည်။

“ကားတွေက အာဏာပိုင်နဲ့ တရုတ် တွေ သဘောတူပြီး  မြန်မာပြည်အတွက် သီးသန့်တင်တာဆိုတော့ ကွာလတီ ကတော့ သေချာပေါက်လျော့တယ်။  ရည်အသွေးစံချိန် စံညွှန်ပြည့်မှ စက်ရုံက နေ သုံးစွဲသူ လက်ထဲကို ထုတ်ရမယ် ဆိုတာ တွေ လည်းရှိမှာမဟုတ်ဘူး။ မြန်မာပြည်ထဲကို ပို့လိုက်တဲ့ ပစ္စည်းတွေကိုလည်း ဒီက အင်ဂျင်နီယာတွေက အရည်အသွေး ဘယ်လောက်ထိ စစ်ပြီးပြီလဲဆိုတာတွေ မေးဖို့ရှိနေတယ်။ ကျနော် မြင်ရသလောက် ရောင်းနေတဲ့ ဈေးနဲ့ ကားထုတ်လုပ်လို့  ကုန်ကျစရိတ် နဲ့ က ထက်ဝက်လောက်ကွာနိုင်တယ်”ဟု ကျောက်မြောင်း ကားပွဲစားတဦးကပြောသည်။

“ပထမ တကြိမ် ရောင်းတုန်းက ထက် သိန်း ၅၀ လောက်စီ လျှော့ထားပေးတာတောင် အရင်တခေါက်ကလို ၀ယ်တဲ့လူ နည်း တယ်”ဟု ပြပွဲနေ့တွင် သွားရောက်ကြည့်ရှု့ခဲ့သည့် ဂျာနယ်သတင်းထောက်တဦးက ပြောသည်။

လူအများ ၀ယ်ယူလိုမှု မရှိသော်လည်း၊ နာမည်ကျော် မော်ဒယ်လ် များနှင့် တွဲဖက်ပြသမှုများ ရှိသည့်အပြင် ဈေးနှုန်း သက်သာ သောကြောင့် လူကြည့်များခဲ့သည်ဟု သူက ဆက်ပြောသည်။

“ပြပွဲရက်မှာ ညီမနဲ့ အတူ မော်ဒယ် စုစုပေါင်း ၂၅ ယောက်ရှိတယ်။ မန္တလေးမှာ မနက်ဖန် ထပ်ပြီး ရမ္မာ ကား ရှိုးပွဲ ထပ် လျှောက် ပေးရဖို့ ရှိတယ်။ အ၀တ်အစား ဒီဇိုင်းက အစ အကုန် သူတို့ပဲ စီစဉ်ပေးတာ။ ကားမော်တော်ကား ရှိုးပွဲမှာ မော်ဒယ်နဲ့ တွဲပြ တော့ နည်းနည်းဆန်းတော့ လာ ကြည့်တာ ရှိတယ်”ဟု ကားပြပွဲနေ့တွင် ပါဝင်ခဲ့သည့် မော်ဒယ် တဦးက ဆိုသည်။

ပွဲ စီစဉ်သူ မငုဝါက “ ပွဲမတိုင်ခင်ကတည်းက မော်ဒယ်တယောက်ချင်းစီကို သူတို့ စိတ်ကြိုက်ရွေးတာပေါ့။ တရုတ်က တ ယောက် က မော်ဒယ်တွေ ကို ဆင်ပေးမယ့် အ၀တ်အစားပုံစံကို တရုတ်ပြည်မှာ ကားပြပွဲလုပ်ရင် ၀တ်တဲ့ ပုံစံအ တိုင်း ချုပ်ခိုင်းတာ။ နည်းနည်းတော့ မြန်မာမှု ပြုထားတယ်။ ဟိုက အတိုင်းချုပ်ရင် ရင်ဘတ်ဟိုက်တာတို့ ကွဲတာတို့ ပိုဆိုးတော့လေ။ ဒီဇိုင်းကတော့ ဟိုက ပုံစံနဲ့ တူအောင် လုပ်တဲ့သဘောမျိုးပေါ့။ မန္တလေးမှာ ဆက်လုပ်မယ့် ပွဲ အတွက် လည်း အခု ထပ်ပြင်ဆင်နေတာတွေရှိတယ် ” ဟုပြောသည်။

ဇန်န၀ါရီ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့တော်ခန်းမတွင် ကားပြပွဲကို ထပ်မံကျင်းပမည်ဖြစ်ပြီး အနုပညာရှင်များဖြစ် သည့် ပပ၀င်းခင်၊ မိုးယုစံ၊ မယ်လိုဒီ၊ မိုးဟေမာန်ခင် တို့ကို ဖိတ်ခေါ်ထားကာ မော်ဒယ် ၂၀ ဖြင့် ပြသသွားမည်ဟု ၎င်းက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်