စစ်တွေတွင် ကြက် တသောင်း ကျော် သုတ်သင်

E-mail Print
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက် ဖြစ်ပွားနေသည့်အတွက် ရှင်းလင်းမှုများပြုလုပ်ရာ ယခု အချိန် အထိ ကြက် ကောင်ရေ တ သောင်းကျော် သုတ်သင်ပြီး ဖြစ်ကြောင်း သိရသည်။ 

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေရှိသည့် ကြက်များကို စနစ်တကျ သုတ်သင်ကာ ကျင်းတူးမြှုပ်နှံကြောင်းနှင့် ကြက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများကို စနစ်တကျ ပညာပေးနေကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးကပြော သည်။

“အပြင်းစားကြက်တုပ်ကွေး ရောဂါ လူတွေဆီကို မကူးစက်စေဖို့အတွက် ပညာပေးအစီအစဉ်တွေ ပြုလုပ်နေပါတယ်။ အခု အချိန် ထိတော့ လူတွေဆီကို ကူးစက်တာ မတွေ့ရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြိ့နယ် ဘုမေ ကျေးရွာအုပ်စု ဘုမေ လက်သမားကျေးရွာတွင် မွေးမြူထားသော ဥစားကြက်များမှ အပြင်း စား ကြက်ငှက်တုပ်ကွေး ရောဂါကို ၂၀၁၁ ဇန်န၀ါရီလ ၁၂ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စစ်တွေမြို့ရှိ ဈေးများတွင် မွေးမြူရေး ကြက်၊ ဘဲ၊ ကြက်ဥ၊ ဘဲဥ များ ရောင်းချခြင်းကို ဇန်န၀ါရီလ ၁၅ ရက်နေ့မှ စတင်၍ တပတ်ခန့် ရောင်းချခွင့် မပြုကြရန် ဈေးများ၌ အာဏာပိုင်များက ညွန်ကြားထားခဲ့သည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ဆောင်းခိုငှက်များကနေ ကြက်ငှက်တုပ်ကွေးရောဂါများ သယ်ဆောင်လာဖွယ်ရှိကြောင်း၊ ယင်း ဆောင်းခိုငှက်များမှာ ဇန်န၀ါရီလကုန်အထိ ဆက်လက်နေထိုင်သွားဖွယ် ရှိကြောင်း မြန်မာ ငှက်နှင့် သဘာဝ ဆိုင်ရာ အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးစိုးညွန့် က ဆင်ဟွာ သတင်းဌာန သို့ ပြောသည်။

ရန်ကုန်မြို့လှိုင်သာယာ၊ ကြည့်မြင်တိုင်နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များရှိ ကြက်၊ ဘဲ ဒိုင်များသို့ ၀င်ထွက်သည့် ကားများကို ပိုး သတ် ဆေး ဖြန်းခြင်းများ ပြုလုပ်နေသည်ဟု မင်္ဂလာတောင်ညွန့် မြို့နယ် ကြက် ဘဲ ဒိုင် တဦးကလည်း ပြောပြသည်။

“ကြက်တွေ၊ ဘဲတွေ သယ်တဲ့ ကားတွေကို ပိုးသတ်ဆေးတွေဖြန်းပြီး ကျန်းမာရေး ထောက်ခံချက်တွေလည်း လုပ်နေတယ်”ဟု ၎င်း က ဆိုသည်။

ရန်ကုန်မြို့တွင် ကြက်သား ၀ယ်ယူ စားသုံးမှုမှာ လျော့ကျမသွားဘဲ ပုံမှန်အတိုင်းသာ ရှိကြောင်း၊ သို့သော် ကြက်သား အကင်ဆိုင် များမှ ၀ယ်ယူစားသုံးမှုမှာ ကျင်းဆင်းသွားကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောဆိုသည်။

၂၀၁၁ ဇန်န၀ါရီလအတွင်း မြန်မာ၊ အီဂျစ်၊ ဘင်္ဂလား ဒေ့ရှ်၊ ဂျပန်၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနှင့်မြောက်ကိုရီးယား နိုင်ငံတို့၌ ကြက် ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ၄ ကြိမ်ရှိခဲ့သည်ဟု သိရသည်။

၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသော နိုင်ငံပေါင်း ၆၃ နိုင်ငံ ရှိကြောင်း၊ ၁၅ နိုင်ငံတွင် လူသို့ကူးစက်မှု ၅၁၇ ဦးရှိပြီး ၃၀၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်