နအဖ စစ်ကောင်စီ ဖျက်သိမ်း၊ အစိုးရသစ်ဖွဲ့

E-mail Print
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း MRTV-4 ရုပ်သံ မှ ယနေ့ နေ့လယ်ပိုင်းက ကြေညာသည်။

than_shwe_maung_aye_12feb2007သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်းလိုက်ကြောင်း၊ အာဏာလွှဲပြောင်းလိုက်ချိန်မှစ၍ နအဖ အစိုးရအဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း ကြေ ညာသွားသည်။

အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ်လှမင်း ကို ကာကွယ်ရေးဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး ဦးကိုကိုအား ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်ချုပ် သိန်းဌေး ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် အမျိုးသားစက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီး စသည်တို့ကို သမ္မတသစ် ဦးသိန်းစိန်၏ အမိန့်ဖြင့် ခန့်အပ်ကြောင်း
ကြေညာချက်၌ ပါရှိသည်။

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် အဖွဲ့တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးများ အားလုံးနီးပါးသည် ယခင်ဌာန၌ပင် ၀န်ကြီးနေရာကို ပြန်လည် ခန့်ထားသည်ကိုတွေ့ရပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား ယာဉ်ကျေးမှု ၀န်ကြီးဌာနကိုပါ ပူးတွဲခန့်ထားသည်။

ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်နှင့် ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦး တို့ကိုခန့်ထား သည်။

နအဖ အစိုးရ၏ အကြီးအကဲနေရာအား စွန့်လွှတ်ကာ သမ္မတသစ်ကို အာဏာလွှဲပေးလိုက်ပြီး ကာကွယ်ရေးစီးချုပ်ရာထူးကို လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သမ္မတ အစိုးရသစ် လက်ထက်တွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟူသည်ကို စိတ်ဝင်စားမှုများ ရှိနေကြသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ နိုင်ငံ့ဥသျှောင် အဖွဲ့ကို ဖေဖော်ဝါရီလ အတွင်း ကပင် ဖွဲ့ထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့မှ တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည်ဖြစ်ကြောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်း၏ ပြော ဆိုချက်အရ သိရသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်ကြောင်းလည်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်