ရခိုင်တွင် ဆန်ပြတ်နေ

E-mail Print
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်တို့၏ ကျေးရွာအများအပြား၌ ဆန်ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရပြီး ဆန်ဈေးနှုန်း ကြီးမြင့်နေကြောင်း ဒေသခံများက ပြောသည်။

AryakenRice400မိုး ဆက်တိုက်ရွာနေသောကြောင့် ဆန်တပြည် ကျပ် ၅၀၀ နီးပါး ဈေးတက်သွားကြောင်း တချို့ရွာများတွင် ဆန်လုံးဝ ပြတ်လပ် သွားသဖြင့် မြို့ပေါ်အထိ စက်လှေများနှင့် သွားဝယ်ရကြောင်း ကျောက်ဖြူမြို့နယ် မြို့ချောင်းကျွန်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“ဒုက္ခရောက်လို့ ဆန်သွားဝယ်တာ ကမ်းကပ်တာနဲ့ စက်လှေအတွက် သောင်းချီတောင်းတဲ့အပြင် ကမ်းပေါ်တက်တာနဲ့ လူတယောက်ကို အတက်၂၀၀ ကျပ်၊ အဆင်း ၂၀၀ ကျပ် ပေးရတယ်” ဟု သူက ဆိုသည်။

ဆန်ရှားပါးမှုကို ဂီရိလေဘေးသင့်ဒေသများ ဖြစ်သော မြို့ချောင်းကျွန်းရှိ ကျေးရွာပေါင်း၂၃ ရွာနှင့် မရစိုင်းကျွန်းပေါ်ရှိ ကျေးရွာ ၁၉ ရွာ အပြင် ကျောက်ဖြူမြို့နယ်အတွင်းမှ ရွှေညိုမ၊ ကွင်းချောင်း၊ ကျောက်ကြီးပြင်၊ လောင်းခေါင်းတောင်၊ ချောင်းကြီးဖျား၊ ရွာသစ်ကေ စသည့်ကျေးရွာများတွင်လည်း ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများသည် ကျောက်ဖြူမြို့ပေါ်မှ ဆန်များကို စက်လှေများဖြင့် လာရောက် တင်ဆောင်နေကြခြင်းကြောင့် မြို့ပေါ်၌ ဆန်ဈေး ရုတ်တရက် ကြီးမြင့်သွားကြောင်း ကျောက်ဖြူ မြို့ခံ အမျိုးသမီး တဦးက ဆိုသည်။

“အရင်က ဆန်တတောင်း (၄ ပြည်ဆံ့) ကို ကျပ် ၃၂၀၀၊ ၃၄၀၀ ပဲ ရှိတာ။ အခုရက်ပိုင်းမှာ ၅၆၀၀၊ ၅၇၀၀ အထိ ပေးဝယ်နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဆန်ကွဲသာသာ အဆင့်ရှိသော အနိမ့်ဆုံး ဆန်တတောင်း (၄ ပြည်ဆံ့) လျှင် ကျပ် ၄၂၀၀ အထိ ပေးဝယ်နေ ကြရကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်း ဆန်ရှားမှုနှင့် ရင်ဆိုင်နေရသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များသည် ဆန်ရှားပါးမှု ကိစ္စထက်ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းရှိ တရုတ်လူမျိုးများ လုံခြုံရေး ကိစ္စနှင့် ဆိပ်ကမ်းများ၌ အခွန်အခ ကောက်ခံခြင်း ကိစ္စတို့ကိုသာ အလေးထား လုပ်ဆောင်နေသည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။

ဆန်ရှားပါးခြင်း၊ အလုပ်အကိုင် မရှိခြင်းတို့ကြောင့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် ကျွဲ၊ နွား၊ လယ်မြေများကို ရောင်းချကာအလုပ်လုပ်ရန် တခြားဒေသို့ ထွက်ခွာကြကြောင်း၊ ထိုသို့ ရွှေ့ပြောင်းသူလူဦးရေ တဖြည်းဖြည်း တိုးလာကြောင်း ရွှေညိုမ ဒေသခံ ဆရာတော် တပါးက ဧရာဝတီကို မိန့်ကြားသည်။

“ဂီရိ အပြီးမှာ လူတွေက ရွာကနေ ထိုင်းနယ်စပ်၊ မလေးရှားနယ်စပ်ကို ထွက်သွားတာ ရွှေညိုမ တရွာတည်းမှာ အမျိုးသားရော အမျိုးသမီးပါဆိုရင် ၁၁၆ ယောက်ရှိပြီ။ တခြားရွာတွေမှာလည်း အလားတူပဲ” ဟု ဆရာတော်က ဆိုသည်။

ထိုဒေသအတွင်း ပျက်စီးသွားသော တာတမံ တချို့ကို နိုင်ငံတကာ INGO အဖွဲ့တခုဖြစ်သော Save The Children အဖွဲ့က လုပ်ဆောင်ပေးနေပြီး စားနပ်ရိက္ခာ ထောက်ပံ့ပေးနေသော အဖွဲ့အစည်းများ အားလုံးမှာ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဂီရိလေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်အတွင်းမှ ကျေးရွာများတွင်လည်း ဆန်ရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ဒေသခံများမှာ အလုပ်အကိုင်မရှိ၍ စားဝတ်နေရေး ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။

“ဆန်ရှားပါးမှုပြဿနာက ဆက်ဖြစ်ပေါ်နေဦးမှာပါ။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဒီကိစ္စကို အလေးထားပြီး ဖြေရှင်း ပေးသင့်တယ်။ ဥပမာ-ဆန်ဆိုင်တည်ပြီးတော့ ရောင်းချပေးတာမျိုးတွေ၊ ဈေးနှုန်း ထိန်းချုပ်ပေးတာမျိုးတွေပေါ့။ ဒီလိုမဟုတ်ရင် စီးပွားရေး သမားတွေရဲ့ ချယ်လှယ် ဈေးကစားတာကို ပြည်သူတွေက ခံနေကြရဦး မှာပါ” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြေပုံဒေသခံ ဦးဖေသန်းက ဧရာဝတီကို ပြောသည်။

ပြည်နယ်အစိုးရ အနေဖြင့် ထိုကိစ္စကို စိတ်ဝင်စားမှု ရှိပုံမရကြောင်း၊ ထိုကိစ္စကို လွှတ်တော်၌ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆန်ဈေး အဆမတန် ကြီးမြင့်မှုကို ထိန်းချုပ်သည့် နည်းလမ်းအဖြစ် ပုဂ္ဂလိက ဆန်ဆိုင်များ တည်ထောင်ရန် လူမှုရေး အဖွဲ့အစည်းများကို စည်းရုံးသွားမည် ဟုလည်း ဦးဖေသန်းက ပြောသည်။

“လယ်ယာလုပ်ငန်းတွေ စရတော့မယ့် အချိန်ဖြစ်ပေမယ့် မျိုးစပါးတွေ မရှိတော့ စပါး ပြန်စိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ လာမယ့် နှစ်မှာလည်း ဆန်ရှားပါးမှုနဲ့ ရင်ဆိုင်ကြရဦးမှာပါ” ဟု သူက ဆိုသည်။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်တို့၏ ကျေးရွာအများအပြား၌ ဆန်ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရပြီး ဆန်းဈေးနှုန်း ကြီးမြင့်နေကြောင်း ဒေသခံများက ပြောသည်။

မိုး ဆက်တိုက်ရွာနေသောကြောင့် ဆန်တပြည် ကျပ် ၅၀၀ နီးပါး ဈေးတက်သွားကြောင်း တချို့ရွာများတွင် ဆန်လုံးဝ ပြတ်လပ် သွားသဖြင့် မြို့ပေါ်အထိ စက်လှေများနှင့် သွားဝယ်ရကြောင်း ကျောက်ဖြူမြို့နယ် မြို့ချောင်းကျွန်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“ဒုက္ခရောက်လို့ ဆန်သွားဝယ်တာ ကမ်းကပ်တာနဲ့ စက်လှေအတွက် သောင်းချီတောင်းတဲ့အပြင် ကမ်းပေါ်တက်တာနဲ့ လူတယောက်ကို အတက်၂၀၀ ကျပ်၊ အဆင်း ၂၀၀ ကျပ် ပေးရတယ်” ဟု သူက ဆိုသည်။

ဆန်ရှားပါးမှုကို ဂီရိလေဘေးသင့်ဒေသများ ဖြစ်သော မြို့ချောင်းကျွန်းရှိ ကျေးရွာပေါင်း၂၃ ရွာနှင့် မရစိုင်းကျွန်းပေါ်ရှိ ကျေးရွာ ၁၉ ရွာ အပြင် ကျောက်ဖြူမြို့နယ်အတွင်းမှ ရွှေညိုမ၊ ကွင်းချောင်း၊ ကျောက်ကြီးပြင်၊ လောင်းခေါင်းတောင်၊ ချောင်းကြီးဖျား၊ ရွာသစ်ကေ စသည့်ကျေးရွာများတွင်လည်း ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများသည် ကျောက်ဖြူမြို့ပေါ်မှ ဆန်များကို စက်လှေများဖြင့် လာရောက် တင်ဆောင်နေကြခြင်းကြောင့် မြို့ပေါ်၌ ဆန်းဈေးရုတ်တရက် ကြီးမြင့်သွားကြောင်း ကျောက်ဖြူ မြို့ခံ အမျိုးသမီး တဦးက ဆိုသည်။

“အရင်က ဆန်တတောင်း (၄ ပြည်ဆံ့) ကို ကျပ် ၃၂၀၀၊ ၃၄၀၀ ပဲ ရှိတာ။ အခုရက်ပိုင်းမှာ ၅၆၀၀၊ ၅၇၀၀ အထိ ပေးဝယ်နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဆန်ကွဲသာသာ အဆင့်ရှိသော အနိမ့်ဆုံး ဆန်တပြည်လျှင် ကျပ် ၄၂၀၀ အထိ ပေးဝယ်နေ ကြရကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်း ဆန်ရှားမှုနှင့် ရင်ဆိုင်နေရသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များသည် ဆန်ရှားပါးမှု ကိစ္စထက်ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းရှိ တရုတ်လူမျိုးများ လုံခြုံရေး ကိစ္စနှင့် ဆိပ်ကမ်းများ၌ အခွန်အခ ကောက်ခံခြင်း ကိစ္စတို့ကိုသာ အလေးထား လုပ်ဆောင်နေသည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။

ဆန်ရှားပါးခြင်း၊ အလုပ်အကိုင် မရှိခြင်းတို့ကြောင့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် ကျွဲ၊ နွား၊ လယ်မြေများကို ရောင်းချကာအလုပ်လုပ်ရန် တခြားဒေသို့ ထွက်ခွာကြကြောင်း၊ ထိုသို့ ရွှေ့ပြောင်းသူလူဦးရေ တဖြည်းဖြည်း တိုးလာကြောင်း ရွှေညိုမ ဒေသခံ ဆရာတော် တပါးက ဧရာဝတီကို မိန့်ကြားသည်။

“ဂီရိ အပြီးမှာ လူတွေက ရွာကနေ ထိုင်းနယ်စပ်၊ မလေးရှားနယ်စပ်ကို ထွက်သွားတာ ရွှေညိုမ တရွာတည်းမှာ အမျိုးသားရော အမျိုးသမီးပါဆိုရင် ၁၁၆ ယောက်ရှိပြီ။ တခြားရွာတွေမှာလည်း အလားတူပဲ” ဟု ဆရာတော်က ဆိုသည်။

ထိုဒေသအတွင်း ပျက်စီးသွားသော တာတမံ တချို့ကို နိုင်ငံတကာ INGO အဖွဲ့တခုဖြစ်သော Save The Children အဖွဲ့က လုပ်ဆောင်ပေးနေပြီး စားနပ်ရိက္ခာ ထောက်ပံ့ပေးနေသော အဖွဲ့အစည်းများ အားလုံးမှာ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဂီရိလေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်အတွင်းမှ ကျေးရွာများတွင်လည်း ဆန်ရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ဒေသခံများမှာ အလုပ်အကိုင်မရှိ၍ စားဝတ်နေရေး ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။

“ဆန်ရှားပါးမှုပြဿနာက ဆက်ဖြစ်ပေါ်နေဦးမှာပါ။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဒီကိစ္စကို အလေးထားပြီး ဖြေရှင်း ပေးသင့်တယ်။ ဥပမာ-ဆန်ဆိုင်တည်ပြီးတော့ ရောင်းချပေးတာမျိုးတွေ၊ ဈေးနှုန်း ထိန်းချုပ်ပေးတာမျိုးတွေပေါ့။ ဒီလိုမဟုတ်ရင် စီးပွားရေး သမားတွေရဲ့ ချယ်လှယ် ဈေးကစားတာကို ပြည်သူတွေက ခံနေကြရဦး မှာပါ” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြေပုံဒေသခံ ဦးဖေသန်းက ဧရာဝတီကို ပြောသည်။

ပြည်နယ်အစိုးရ အနေဖြင့် ထိုကိစ္စကို စိတ်ဝင်စားမှု ရှိပုံမရကြောင်း၊ ထိုကိစ္စကို လွှတ်တော်၌ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆန်ဈေး အဆမတန် ကြီးမြင့်မှုကို ထိန်းချုပ်သည့် နည်းလမ်းအဖြစ် ပုဂ္ဂလိက ဆန်ဆိုင်များ တည်ထောင်ရန် လူမှုရေး အဖွဲ့အစည်းများကို စည်းရုံးသွားမည် ဟုလည်း ဦးဖေသန်းက ပြောသည်။

“လယ်ယာလုပ်ငန်းတွေ စရတော့မယ့် အချိန်ဖြစ်ပေမယ့် မျိုးစပါးတွေ မရှိတော့ စပါး ပြန်စိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ လာမယ့် နှစ်မှာလည်း ဆန်ရှားပါးမှုနဲ့ ရင်ဆိုင်ကြရဦးမှာပါ” ဟု သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်