ရိုဟင်ဂျာ ပြဿနာအစ မြန်မာပြည်က

E-mail Print
လှေစီး ရိုဟင်ဂျာများ ကြုံတွေ့ နေရသည့် ပြဿနာ၏ အစမှာ မြန်မာနိုင်ငံ ဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့ကြီးတခုက ယမန်နေ့က ပြောကြားလိုက်ပြီး မြန်မာပြည်တွင် ရိုဟင်ဂျာ လူနည်းစုများအား စနစ်တကျ နှိပ်ကွပ်နေခြင်း များကို ရပ်ဆိုင်းရန် တောင်းဆို လိုက်သည်။

ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) ၏ ယမန်နေ့က ထုတ်ပြန်သော ရိုဟင်ဂျာများ အတွက် စိုးရိမ် ပူပန်ကြောင်း ရေးသားထားသည့် အိတ်ဖွင့် ပေးစာ တစောင်တွင် ထိုသို့ ဖော်ပြထားသည်။

ရိုဟင်ဂျာများ ထွက်ခွာလာသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများ အပြင် ရိုဟင်ဂျာများ ဆိုက်ရောက် သောင်တင်ရာ နိုင်ငံများ ဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ စသည့် နိုင်ငံ ၆ ခုသို့ ရည်ရွယ်သည့် အိတ်ဖွင့်ပေးစာ ဖြစ်သည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်များ ဖြစ်ကြောင်း ပေးစာတွင် ရေးထားသော်လည်း ယနေ့ထုတ် မြန်မာနိုင်ငံမှ အစိုးရအာဘော် သတင်းစာများတွင် ထိုအချက်ကို ပယ်ချထားသည်။ “ပြည်ထောင်စု မြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသား လူမျိုးစု ၁ဝဝ ကျော်တွင် ရိုဟင်ဂျာဟူသည့် လူမျိုး ပါဝင်ခြင်း လုံးဝ မရှိပါ”ဟု သတင်းစာ နောက်ကျောဖုံးတွင် ဖော်ပြထားသည်။ သို့သော်လည်း “၎င်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ သက်ဆိုင်ရာ ဌာနများ အနေဖြင့် လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည်” ဟု ဆိုသည်။

AI အဖွဲ့၏ တောင်းဆိုစာတွင် ပင်လယ် ရေကြောင်း ဆိုင်ရာ ဥပဒေအရ ပင်လယ်ပြင် အတွင်း တွေ့ရှိ၊ ဖမ်းဆီးရမိသည့် ရွှေ့ပြောင်း သွားလာသူများနှင့် ပတ်သက်ပြီး ဒေသတွင်း နိုင်ငံ ၆ ခုတွင် တာဝန် ရှိကြောင်းကိုလည်း သတိပေးထားသည်။

ကုလသမဂ္ဂ၏ ပင်လယ်ပြင် ဆိုင်ရာ သဘောတူညီချက်၊ ပင်လယ်ပြင်တွင် အသက်ရှင် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် တို့တွင် အဆိုပါ ၆ နိုင်ငံစလုံး လက်မှတ် ရေးထိုးထားကြောင်း၊ အဆိုပါ သဘောတူညီချက်များတွင် ပင်လယ်ပြင်အတွင်း ဒုက္ခရောက်နေသူများကို တွေ့ရှိလျှင် ကူညီရမည် ဟူသော တာဝန်လည်း ပါဝင်သည်ဟု ဆိုသည်။

AI အဖွဲ့ကြီးက လှေစီး ရိုဟင်ဂျာများ အရေး ဒေသတွင်း ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ထိုင်းဝန်ကြီးချုပ်၏ ကမ်းလှမ်းချက်ကို ကြိုဆိုလိုက်ပြီး၊ ထိုင်းနိုင်သို့ ရောက်လာသော ရိုဟင်ဂျာများအား အတင်းအကျပ် မောင်းထုတ်နေခြင်းများကို ရပ်ဆိုင်း၍ လူသားချင်း စာနာသည့် ကူညီမှုများ ပေးရန် တိုက်တွန်းလိုက်သည်။

AI အဖွဲ့၏ အိတ်ဖွင့်ပေးစာတွင် ရိုဟင်ဂျာများသည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသဖြင့် နိုင်ငံမဲ့နေသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရပါက လုပ်အားပေး၊ နယ်နှင်ဒဏ်ပေးခံရခြင်း၊ မြေယာ သိမ်းဆည်းခံရခြင်း၊ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့် အပြင်းအထန် ပိတ်ပင်ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကြုံတွေ့ရဖွယ် ရှိသည်ဟုလည်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်