မန္တလေးတွင် ဗုံးလန့်

E-mail Print
မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ၈၁ လမ်းပေါ်ရှိ အထက (၁) ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဆိုသည့် ကောလာဟလ သတင်းကြောင့် လူအများ အထိတ်တလန့်ဖြစ်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားကြောင်း သတင်းရသည်။

MdYBoom400ဗုံးလန့်ချိန်သည် နေလည် ၁ နာရီခန့်တွင် ဖြစ်ပြီး ကျောင်းသားများ လပတ်စာမေးပွဲ ဖြေဆိုနေစဉ် ဖြစ်ကြောင်း၊ ကျောင်းသားများကို ပြန်လည်ခေါ်ယူရန် မိဘများ လာရောက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အခြေအနေကို ထိန်းသိမ်းလိုက်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

“ဗုံးကွဲတယ်ဆိုလို့ ကလေးကို သွားခေါ်တော့ မဟုတ်ဘူးတဲ့၊ တွေ့တာဖြစ်ပြန်ရော။ အားလုံးကစိုးရိမ်နေတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ အထက (၁) သည် ယောက်ျားလေး သီးသန့်ကျောင်းဖြစ်ပြီး အနီးတွင် အမှတ် (၈) နှင့် အမှတ် (၄) မိန်းကလေး သီးသန့်ကျောင်းများ ရှိသည်။

ယခုအခါ မန္တလေးမြို့တွင် နေထိုင်သူများသည် စားဝတ်နေရေးအတွက် သွားလာနေရသော်လည်း ဗုံးအန္တရာယ်ကို ကြောက်ရွံ့နေကြကြောင်း တခြားမန္တလေးမြို့ခံတဦးကလည်း ဆိုသည်။

ထိုအပြင် ပြီးခဲ့သည့် ဗုံးကွဲမှုများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးမှုများ၊ စောင့်ကြည်မှုများ၊ လုံခြုံရေး တင်းကျပ်မှုများကိုလည်း အာဏာပိုင်များက ပြုလုပ်နေကြောင်း၊ စစ်ကိုင်းတံတား စသည့် မြို့အ၀င်အထွက် နေရာများတွင် တင်းကျပ်သော စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ အမှတ် (၂) အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဆိုသော သတင်းများထွက်ခဲ့သော်လည်း ကောလဟလသာ ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူမြို့များ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ လူအသေအပျောက် မရှိခဲ့ပေ။

ယခုကဲ့သို လူသေပျောက် မရှိ၊ ဒဏ်ရာရရှိမှု နည်းသည်ကို ကြည့်ခြင်းအားဖြင့် ဗုံးဖောက်ခွဲမှု ပြုလုပ်သူများသည် ခြောက်လှန့်ရန် သက်သက် ပြုလုပ်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း မှုခင်းသတင်းတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်