ကျောက်မဲ ပစ်ခတ်မှု ၃ ဦးသေ

E-mail Print
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်တွင် ယနေ့နံနက် ၅ နာရီခန့်က အမည်မသိ သေနတ်သမားများ ၀င်ရောက် ပစ်ခတ်မူကြောင့် လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားသည်။

News_Bomb_blast_t_13_July_2011_Yan_Paiလက်နက်ကိုင်ဆောင်ထားသည့် လူ ၁၀ ဦးခန့်က ထိုသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ် ကယ်ရီသမားတဦး၊ ကောက်ညင်းပေါင်းသည် အမျိုးသမီးတဦးနှင့် ကလေးတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဆိုင်ကယ်ဖြင့် ဈေးရောင်းသူ အမျိုးသမီးတဦးက ၀မ်းဗိုက်တွင် သေနတ်ထိမှန်သည့် ဒဏ်ရာ၊ ကလေးတဦးက ခြေထောက်တွင် ဒဏ်ရာနှင့် တခြားတဦးလည်း ဒဏ်ရာရသွားကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။

“ပစ်တဲ့သူတွေက အရပ်သားမှန်း သိလျက်နဲ့ ပစ်တာ။ ဈေးသည်တွေ၊ အရပ်ဝတ်တွေနဲ့။ အရင်စစ်တပ်ကစောင့်တဲ့ ဘန်ကာမှာ ဆိုင်ကယ် ကယ်ရီသမားက ၀င်အိပ်နေတာကို ပစ်သွားတာ။ တဖောင်းဖောင်းနဲ့ တွေ့တဲ့လူ ပစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဝမ်းဗိုက်တွင် ဒဏ်ရာရသူ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ပြီး ကျောက်မဲဆေးရုံရှိ ဆရာဝန်များက ကုသပေးနေကြောင်း၊ အသတ်ခံရသည့် ရုပ်အလောင်းများကို ခွဲစိတ်ခြင်းမပြုရသေး၍ မနက်ဖြန်မှသာ သင်္ဂြိုလ်နိုင်မည်ဖြစ်သည်ဟု အဆိုပါ မြိုခံက ပြောသည်။

တချိန်တည်းမှာပင် ကျောက်မဲမြို့ နောင်အမ်းကျေးရွာတွင် တပ်စွဲထားသည့် တပ်မတော်မှ တပ်စုတစုနှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSA-N) တပ်များ တိုက်ပွဲဖြစ်ရာ စစ်သား ၅ ဦး ဒဏ်ရာရသွားသောကြောင့် မေမြို့ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟုလည်း အဆိုပါ မြို့ခံက ပြောသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျအရာရှိ ဒုရဲအုပ် ကိုကိုလွင်က ဖြေဆိုခြင်း မရှိဘဲ ဖုန်းချသွားသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရော မြောက်ပိုင်းကပါ ယင်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက SSA- N တပ်ဖွဲများ စိမ့်ဝင်လှုပ်ရှားနေကြောင်း စစ်ဘက်မှ ပြောဆိုမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း  ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ည ၉ နာရီခန့်က  ဗုံးတလုံးပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာရရှိသွားသေးသည်။

ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်