ဇုန်ထုတ်ယာဉ်အဖြစ် အသွင်ပြောင်းရေး သိန်းထောင်ချီပေးရ

E-mail Print
စီးပွားရေးသမားတချို့က နိုင်ငံခြားဖြစ် မော်တော်ကားများကို ဆိပ်ကမ်းများမှတဆင့် တရားမ၀င် တင်သွင်းကာ စက်မှုဇုန်ထုတ် ကားအဖြစ် အသွင်ပြောင်း၍ ဈေးကွက်တွင် ထုတ်ရောင်းနိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို ကျပ်သိန်း ထောင်နှင့်ချီကာ လာဘ်ငွေပေးရကြောင်း သတင်းရရှိသည်။

atw-car-ag-05-11
“ဂျပန်ကားတွေ၊ တခြား နိုင်ငံခြားကကားတွေကို အောက်လမ်းကသွင်းပြီး မြန်မာပြည် စက်မှုဇုန်ကကားလို ပုံစံမျိုးနဲ့ ဈေးကွက်ထဲမှာ ရောင်းတာ။ အဲဒီအတွက် အကောက်ခွန်၊ ရဲ၊ စရဖ၊ ကညန (ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန) အကုန်လုံးကို လာဘ်ပေးပြီး လုပ်ရတယ်” ဟု မန္တလေးစက်မှုဇုန်မှ ကားထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ Super Seven Star (SSS) မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီသည် တရားဝင် ခွင့်ပြုချက်မရှိသော လိုင်စင်မဲ့ကားများ တင်သွင်းလာသည့် ကွန်တိန်နာအလုံး ၅၀ နီးပါးကို အေးရှားဝေါလ် ဆိပ်ကမ်းမှ အကောက်ခွန် ၀န်ထမ်းများအား လာဘ်ငွေ ကျပ်သိန်းရာနှင့်ချီပေးပြီး ထုတ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းများတွင် တရားမ၀င် လိုင်စင်မဲ့ကားများအား ကွန်တိန်နာတင် သင်္ဘောများဖြင့် တင်သွင်းသော လုပ်ငန်းကို အကောက်ခွန် ၀န်ထမ်းများနှင့် ဆိပ်ကမ်း တာဝန်ကျ ၀န်ထမ်းများက အကြီးအကျယ် လုပ်ကိုင်နေခဲ့ကြရာမှ အချင်းချင်း အဝေမတည့်မှုများ ပေါ်ပေါက်လာပြီးနောက် တိုင်ကြားမှုများ ရှိလာသဖြင့် လိုင်စင်မဲ့ကား ဖမ်းဆီးရမှုများ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာကြောင်း ဆိပ်ကမ်းအာဏာပိုင် အသိုင်းအဝန်းနှင့် နီးစပ်သူများက ဆိုသည်။

“ပုဂ္ဂလိကပိုင် ဆိပ်ကမ်းတွေမှာ လိုင်စင်မဲ့ကားတွေ သွင်းတာမိတယ်။ ဆိပ်ကမ်းကနေ လိုင်စင်မဲ့ကားတွေ တရားမ၀င် သွင်းနေတာက အတော်ကို တွင်ကျယ်နေတဲ့ လမ်းကြောင်းဖြစ်နေပြီ။ အခု စပြီး ဖမ်းတာက အချင်းချင်း အဝေမတည့်ဘဲ
ဟိုတိုင်၊ ဒီတိုင်တွေဖြစ်လို့ပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အရာရှိတဦးက ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် လိုင်စင်မဲ့ကား ၁၀ စီး၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် လိုင်စင်မဲ့ကား အစီး ၂၀ နှင့် သြဂုတ်လ ၃ ရက်နေ့တွင် လိုင်စင်မဲ့ကား ၂ စီး စုစုပေါင်း ၃၂ စီးကို မြန်မာ့စက်မှု ဆိပ်ကမ်းနှင့် အေးရှားဝေါလ် ဆိပ်ကမ်းတွင် ဖမ်းဆီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တွင် စက်မှုဇုန်ထုတ် နာမည်တပ်ကာ လိုင်စင်ရရှိသွားသော ကားအရေအတွက် သောင်းချီရှိကြောင်း၊ အမှန်တကယ် အားဖြင့် မြန်မာပြည်ရှိ မည်သည့် စက်မှုဇုန်တွင်မှ ကားမထုတ်နိုင်ကြောင်း၊ စက်မှုဇုန်ထုတ် အမည်ခံထားသည့် Light Truck၊ Hi-Ace၊ MPV (Multi-Purpose Vehicle) ကားများအားလုံး နိုင်ငံခြားဖြစ်ကားများသာ ဖြစ်ကြောင်း ရန်ကုန် လှိုင်သာယာ စက်မှုဇုန်မှ ဂျစ်ကားထုတ်လုပ်သည့် စက်ရုံပိုင်ရှင်တဦးက ဆိုသည်

“ဒီလိုပဲ လုပ်နေကြတာပဲ။ နိုင်ငံခြားကားတွေကို တရားမ၀င်သွင်း၊ ပြီးတော့ ကိုယ့်စက်မှုဇုန်ကပဲ ထုတ်သယောင်ယောင် လုပ်ပြီး လိမ်ညာရောင်းတာ။ အာဏာပိုင်တွေကလည်း လာဘ်ငွေ ရထားတော့ သိသိကြီးနဲ့ စက်မှုဇုန်ကားဆိုပြီး လိုင်စင်ထုတ် ပေးတယ်” ဟု သူက ဆက်ပြောသည်။

လိုင်စင်မဲ့ကားများ တရားမ၀င်တင်သွင်းသဖြင့် ဖမ်းဆီးရရှိကြောင်း Weekly Eleven ဂျာနယ်၊ The Voice ဂျာနယ်၊ ပြည်မြန်မာဂျာနယ်များတွင် တရားဝင်ဖော်ပြ ပါရှိသော်လည်း အစိုးရ၀န်ထမ်းနှင့် ကားတင်သွင်းသူ ကုမ္ပဏီ ပိုင်ရှင်များကို အရေးယူခြင်း မရှိဟု သိရသည်။

“လိုင်စင်မဲ့ ကားသွင်းတဲ့သူတွေက ဘယ်သူတွေဆိုတာ အကောက်ခွန်အရာရှိတွေ၊ ဆိပ်ကမ်းအာဏာပိုင် တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီမှာ စာရင်းတွေရှိတယ်။ ဒါပေမယ့် အရေးမယူရဲကြဘူး။ မဖမ်းရဲကြဘူး။ အရေးယူမယ်ဆိုရင် အကောက်ခွန် ၀န်ထမ်းတွေ၊ အစိုးရ၀န်ထမ်းတွေလည်း တသီကြီးအဖမ်းခံရမယ်။ ဒါကြောင့် လိုင်စင်မဲ့ ကားတွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းပဲထွက်ပြီး အရေးယူတယ်ဆိုတဲ့သတင်း မကြားရတာ” ဟု မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်း ၀န်ဆောင်သူများ အသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

၂၀၀၆ ခုနှစ်က လာဘ်ပေးလာဘ်ယူမှုများ ရှိသည်ဟုဆိုကာ စစ်အစိုးရက အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးနှင့် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ပြီး ထောင်ဒဏ်များချမှတ် ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်