ကရင်ဒေသထိုးစစ် ပိုများလာဖွယ်ရှိ

E-mail Print
ကရင်ပြည်နယ်အတွင်း အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု ပိုမို များပြားလာဖွယ်ရှိသဖြင့် ပြောက်ကျား စစ်ဆင်ရေး အတွက် ပြင်ဆင်ထားကြောင်း ကရင်လက်နက်ကိုင် အဖွဲ့များက ပြောသည်။

အစိုးရက အပစ်အခတ် ရပ်ရေး ထပ်မံ ညှိနှိုင်းဖွယ် မရှိကြောင်း ယူဆရသည်ဟု  တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်မှုးကြီး စောကျော်သက်၏ တပ်ဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

Karen-villagers-from-Burm-001“တပ်မ၂၂ က စစ်သားတွေကို ကျနော်တို့ ဒေသတွေမှာ ထပ်တိုး ချထားတယ်၊ လက်နက်ကြီးတွေလည်း ပါတယ်” ဟု သူက ပြောသည်။

တိုက်ပွဲငယ်များက ကော့ကရိတ်၊ လှိုင်းဘွဲ့မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက်ရှိသည်ဟု DKBA တပ်ဖွဲ့ဝင်များက ပြောသည်။

မကြာသေးမီက မြ၀တီ၊ ဘုရားသုံးဆူမြို့များအတွင်း ၀င်ရောက်တိုက်ခိုက်ဖူးသော DKBA က နောင်တွင်လည်း အလားတူ ပြုလုပ်ဦးမည်ဟု ဆိုသည်။

"လာမယ့်နွေရာသီမှာ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ့ စတဲ့ မြို့တွေမှာ မြို့တွင်းတိုက်ပွဲ စစ်ဆင်ရေးတွေ တိုးမြှင့်သွားဖို့ ရှိတယ်" ဟု DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က ဧရာဝတီကို ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

DKBA သည် ၁၉၉၅ တွင် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။ DKBA တပ်တချို့သည် အစိုးရ၏စီစဉ်မှုဖြင့် မကြာသေးမီက နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းသွားသည်။

ကရင်ပြည်နယ်အတွင်း KNU နှင့် DKBA အဖွဲ့များ၊ အဖွဲ့ငယ်များ လှုပ်ရှားနေပြီး ၎င်းတို့ကို အစိုးရတပ်များက ချေမှုန်းလျက်ရှိသည်။ ထိုသို့ ချေမှုန်းရာတွင် ကရင်နယ်ခြားစောင့်တပ်ကို အသုံးပြုနေသည်။

ဤအတောအတွင်း KNU က ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် မာနယ်ပလော ဌာနချုပ်အနီး တပ်ဖွဲ့များ စေလွှတ်ထားသည်ဟု ဆိုသည်။

“မာနယ်ပလောခွင်ကိုတော့ ပိုပြီးတော့ လှုပ်ရှားလာနိုင်တယ်၊ ဟိုတုန်းက တလက်မလောက် လှုပ်ရှားနိုင်ရင် အခုတော့ တလက်ဝါးလောက်တော့ လှုပ်ရှားလာနိုင်ပြီ”  ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ဧရာဝတီသို့ ပြောကြားသည်။

တိုက်ပွဲများကြောင့်  ဒေသခံတို့က တောတောင်များအတွင်း ပြေးလွှား ပုန်းအောင်နေရသည်။ ထိုင်းနိုင်ငံဘက်ခြမ်းဒုက္ခသည်စခန်းများသို့ သွားရောက်ခိုလှုံသူများလည်း ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်