လိုငွေပြမှု သတင်းအမှောင်ချ

E-mail Print
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယမန်နေ့က ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ၏ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်အတွက် ကျပ် ဘီလျံ ၂၀၀၀ ကျော် ဘတ်ဂျက်လိုငွေပြမှု နှင့်ပတ်သက်သည့် အစီရင်ခံစာ၊ ဆွေးနွေးချက်တို့ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိပေ။

Budjet_news
ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက အစီရင်ခံစာတင်သွင်းသည် ဟုသာ သတင်းစာတွင် ဖော်ပြထားသည်။

တိုင်းပြည် ဘတ်ဂျက်သည် နိုင်ငံသားတိုင်း သိသင့်သိထိုက်သည့် အကြောင်းအရာ ဖြစ်သောကြောင့် အစိုးရက ထုတ်ပြန် ဖော်ပြပေးရန် တာဝန်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း Hip Hop အဆိုတော် ဇေယျာသော်က ပြောသည်။

“ပွင့်လင်းမြင်သာတဲ့ အစိုးရ တရပ်အနေနဲ့ အကောင်အထည် ဖော်ချင်တယ် ဆိုလို့ရှိရင်တော့ ဒီထက်ပိုပြီး ပွင့်လင်းသင့်တယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ဒါတွေ အကုန်လုံး ရှိသင့်တယ်” ဟု ဇေယျာသော်က ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံတွင် ဘတ်ဂျက် ငွေစာရင်း အသိပေး ကြေညာချက် ထုတ်ပြန်ခြင်းမပြုသည်မှာ ၂၄ နှစ်ကျော်ပြီ ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ပြည်သူ့ငွေစာရင်း ကော်မတီက လိုငွေပြရသည့်အကြောင်းရင်းကို အသေးစိတ် တင်ပြမှု မရှိဟု သိရသည်။

ဦးမောင်တိုးက ယမန်နေ့ နံနက် ၁၁ နာရီတွင် ဖတ်ကြားတင်သွင်းသည့် နှစ်စဉ်အလိုက် ကြေညာရသော ရသုံးမှန်းခြေ အမှတ်စဉ် ၁/၂၀၁၁ အစီရင်ခံစာ စာရင်းအရ နိုင်ငံတော် တရပ်လုံး၏ ရငွေ စုစုပေါင်း ပမာဏမှာ ၅၇၈၁. ၇၃၈ ဘီလျံ ဖြစ်ပြီး စုစုပေါင်း သုံးငွေ ပမာဏမှာ ၇၉၈၃.၁၈၈ ဘီလျံ ဖြစ်သည့်အတွက် ဘတ်ဂျတ် (ရသုံးမှန်းခြေ) လိုငွေပြမှုသည် ၂၂၀၁. ၄၅၀ ဘီလျံ ဖြစ်နေသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၌ သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်များ တင်ပြဆွေးနွေးသော ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးမှ တင်ပြချက်၊ မေးမြန်းချက်၊ ပြန်လည် ဖြေကြားချက်များကို နိုင်ငံပိုင် သတင်းစာများက အကျဉ်းမျှသာဖော်ပြပြီး ပြည်သူလူထုသိရှိရန် အသေးစိတ် ဖော်ပြခြင်းမရှိပေ။

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ပြန်လည်ဖြေကြားချက်များကိုလည်း “တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြား” ဟုသာ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

နိုင်ငံပိုင် သတင်းစာများကို အစိုးရက ချုပ်ကိုင်ထားသော်လည်း ယခုအခါ သတင်းလွတ်လပ်ခွင့် အတန်အသင့် ရလာသည်ဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာ တဦးက သုံးသပ်သည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံမှု သတင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သော မတ်စ် အိုဟေး ကင်တားနား မြန်မာပြည်တွင် ရောက်ရှိနေသည့် သတင်း၊ နိုင်ငံခြားသံတမန်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည့် သတင်းတို့ကို ဖော်ပြသည့်အတွက်ကြောင့် ထိုသို့ သုံးသပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

BBC, VOA, RFA, DVB စသည့် ပြည်ပ အသံလွှင့်ဌာနတို့အား နှစ်ပေါင်းများစွာ နေ့စဉ် တိုက်ခိုက်ရေးသားမှုများကို မကြာသေးမီက ရပ်ဆိုင်းလိုက်သည့် နိုင်ငံပိုင် သတင်းစာများတွင် သတင်း လွတ်လပ်ခွင့်ဆိုင်ရာ တိုးတက်မှု ရှိလာမည်ဟု ပြည်တွင်း ပြည်ပ သတင်းသမား အများအပြားက မျှော်လင့်နေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်