မောင်တောမှ တာလီဘန်အမှု စီရင်ချက်ချ

E-mail Print
တာလီဘန်များနှင့် ဆက်နွယ်သူများဟု ယူဆရသူ ၁၂ ဦးအား ရခိုင်ပြည်နယ် မောင်တောခရိုင် တရားရုံးက အင်္ဂါနေ့တွင် ထောင်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

ခေါင်းဆောင်ဟု ယူဆရသူ ဦးဇော်ဝင်းအား ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပြီး ကျန်သူများအား ၅ နှစ်၊ ၃ နှစ် စသည့်ဖြင့် အသီးသီး ချမှတ်ကာ ဘူးသီးတောင်ထောင်သို့ ပို့ဆောင်ခဲ့သည်။

Maung_Dawတရားစွဲ စစ်ဆေးစဉ်က ၁၉ ဦး ဖြစ်သော်လည်း ၇  ဦးကို ပြစ်မှု မထင်ရှားသည့်အတွက် တရားသေ လွှတ်ပေးလိုက်သည်ဟု ပြည်ပအခြေစိုက် နိရဉ္စရာ အင်တာနက်စာမျက်နှာ၌ ရေးသားထားသည်။

ယခုနှစ် မတ်လတွင် မောင်တောမြို့နယ်  အခြေစိုက် နယ်စပ်ဒေသ ကွပ်ကွဲရေးဌာနချုပ် (နစက) က ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့၊ ခမောင်ဆိပ်ကျေးရွာအနီးတွင် ဖောက်ခွဲရေး သင်တန်းများပေးခဲ့သည်ဟု သင်္ကာမကင်း ဖြစ်ခံရသော ၎င်းတို့ထံမှ တာလီဘန်စစ်သွေးကြွးတို့၏ တံဆိပ်တုံးများ သိမ်းဆည်းရမိသည်ဟု ကြားသိရကြောင်း ဒေသခံတချို့က ဧရာဝတီကို ပြောသည်။

နကစ အဖွဲ့က ၎င်းတို့အား မတရား အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် မောင်တောတရားရုံး၌ တရားစွဲခဲ့သည်။

တာလီဘန်သည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံမှ စတင် ပေါ်ပေါက်လာသော အကြမ်းဖက်အဖွဲ့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တာလီဘန်တို့နှင့် ဆက်စပ်မှုသတင်းကို ယခင်က မကြားရဘဲ မောင်တောမြို့ ၁၂ ဦးအမှုမှာ တာလီဘန်တို့နှင့် ဆက်နွယ်သည့် ပထမဆုံးအမှု ဖြစ်လာသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ၌ အစ္စလမ်ဘာဝင် လူဦးရေ ၉၅ ရာခိုင်နှုန်းကျော် ရှိပြီး ရခိုင်၊ ဗမာ၊ မြို၊ ခမီ၊ ချင်း စသည့် တခြား ဘာသာဝင် တိုင်းရင်းသား လူမျိုးများမှာ  လူဦးရေ ၅ ရာခိုင်နှုန်း ၀န်းကျင်သာ ရှိကြောင်း ဒေသခံ အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်