ပြုပြင်ပြောင်းလဲမှုများ မြန်မာအစိုးရ အခိုင်အမာ သက်သေပြသင့်

E-mail Print
ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အပေါ် နိုင်ငံတကာ၏ သံသယများကို ဖယ်ရှားရန် မြန်မာအစိုးရ အနေဖြင့် အခိုင်အမာ သက်သေပြသင့်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်က ပြောဆိုလိုက်သည်။

Mitchell_press_confrence-Bur
အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်က ၆ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီး ပြန်လည်မထွက်ခွာမီ ယနေ့နံနက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဤသို့ ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကျဉ်းသား ၂ ထောင်ကျော်ကို ထိမ်းသိမ်းထားမှု၊ မြန်မာအစိုးရနှင့် မြောက်ကိုရီးယားဆက်ဆံရေး ပွင့်လင်းမြင်သာမှု မရှိခြင်းတို့အပေါ် မစ္စတာ ဒဲရက် မစ်ချယ်က ထောက်ပြပြောဆိုသွားသည်။

“စစ်မှန်သော အပြောင်းအလဲများ ဆောင်ရွက်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို အချိန်ကိုက်နှင့် အခိုင်အမာဆောင်ရွက်သင့်ကြောင်း မြန်မာအစိုးရကို လေးစားစွာ တိုက်တွန်းပါသည်” ဟု မစ္စတာ ဒဲရက် မစ်ချယ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ ဒဲရက် မစ်ချယ်၏ အကြံပြုချက်များတွင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အတိုက်အခံများနှင့် အဓိပ္ပာယ်ရှိသော တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများဖြစ်နေမည့်အစား တွေ့ဆုံဆွေးနွေး အဖြေရှာရန်တို့ ပါဝင်သည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူမှုများကိုမှု ဆက်လက်ထားရှိရန် အစီအစဉ်ရှိသည်ဟု မစ္စတာ ဒဲရက် မစ်ချယ်က ပြောကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

၎င်း၏ ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့တွင် လူမှုအကူအညီများပေးရန် မိနစ် ၄၀ ကြာ ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ NLD လူငယ်အဖွဲ့က စောင့်ရှောက်ထားသော HIV/ AIDS ဂေဟာသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နာရေးကူညီမှုအသင်းသို့ သွားရောက်ကာ ဥက္ကဋ္ဌ ဦးကျော်သူတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်စသည့် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

မစ္စတာ ဒဲရက် မစ်ချယ်၏ ထုတ်ပြန်ကြေညာတွင် ဒေသခံနှင့် နိုင်ငံတကာ NGO များ၊ စီးပွားရေးသမားများ၊ သံတမန်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။

“တိုင်းရင်းသားတွေအပါအဝင် မြန်မာပြည်သူတွေ အားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ကို အရေးပါတယ်၊ သေချာခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူးပေါင်းပါဝင်မှု လိုတယ် ဆိုတာကို ကျနော့်ခရီးစဉ် တလျှောက်လုံးမှာ သတိပြုမိပါတယ်။ တွေ့ဆုံဆွေးနွေးရေးကတဆင့် ငြိမ်းချမ်းတဲ့ အပြောင်းအလဲအတွက် ဒေါ်အောင်စုကြည်က အင်တိုက်အားတိုက် နှစ်မြုပ်ဆောင်ရွက်နေတယ်ဆိုတာ မြင်သာပါတယ်” ဟု မစ္စတာ ဒဲရက် မစ်ချယ်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှစ၍ မစ္စတာ ဒဲရက် မစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်