စည်သူဇေယျကို ထောင်ဒဏ် ၁၀ နှစ် ထပ်တိုး

E-mail Print
ရန်ကုန်မြို့တွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန် ကာလအတွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု၌ ဓာတ်ပုံရိုက်ကူး မှုကြောင့် ထိန်းသိမ်းခံရသူ ကိုစည်သူဇေယျကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထပ်တိုးပြစ်ဒဏ် ၁၀ နှစ် ယနေ့ ချမှတ်လိုက်သည်။

Sithu_Zaya_and_U_Kyaw_Zayaကိုစည်သူဇေယျသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက မတရားအသင်းဆက်သွယ်မှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရပြီးဖြစ်ရာ ယခုထပ်မံ ချမှတ်လိုက်သည့် အီလက်ထရောနစ်ပုဒ်မ ပြစ်ဒဏ်အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်သည်။

“စုစုပေါင်း ၁၈ နှစ် ကျသွားတယ်ဗျာ။ လောလောဆယ်တော့ အင်းစိန်ထောင်မှာပဲ။ ကျနော်တို့ကတော့ ဥပဒေကြောင်းအရ အယူခံထပ်တက်ဖို့ လုပ်နေတယ်” ဟု ကိုစည်သူဇေယျ၏ ဦးလေးဖြစ်သူက ဧရာဝတီသို့ ပြောသည်။

X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယဖြင့် ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ (စာရေးဆရာ သားကြီးမောင်ဇေယျ) တို့ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၁ ဖေဖော်ဝါရီလတွင် ဦးဇေယျကို မတရားအသင်းဆက်သွယ်မှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ အီလက်ထရောနစ်ပုဒ်မများဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။ ဦးဇေယျသည် ယခုအခါ ရှမ်းပြည်နယ်ရှိ သီပေါထောင်တွင် အကျဉ်းကျခံနေရသည်။

၁၀ ဦးသေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည့် အဆိုပါ သင်္ကြန်အတက်နေ့ ဗုံးကွဲမှုကြောင့် ဖမ်းဆီးခံရသူများတွင် ကိုစည်သူဇေယျ၊ ဦးဇေယျတို့အပြင် ကိုဘိုဘိုသိန်းနှင့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင် စသူတို့လည်း ပါဝင်သည်။

ကိုဘိုဘိုသိန်း အပါအ၀င် ၅ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမာရွတ်မြို့နယ်နှင့် အလုံမြို့နယ် တရားရုံးတို့က ထောင်ဒဏ် ၂ နှစ်မှ ၁၁ နှစ်အထိ ချမှတ်ခဲ့သည်။

အာဏာပိုင်များက ကိုဖြိုးဝေအောင်ကို ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု စွဲချက်တင် စစ်ဆေးနေဆဲဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်