အာဆီယံနိုင်ငံတချို့တွင် မြန်မာ အစိုးရဘဏ်ခွဲများ ဖွင့်မည်

E-mail Print
အစိုးရပိုင်ဘဏ်များ ဖြစ်ကြသော မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank)၊ မြန်မာ့ စီးပွားရေးဘဏ် (Myanma Economic Bank) နှင့် မြန်မာ့ ရင်းနှီး မြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ် (Myanma Investment Commerce Bank) စသည့် ဘဏ်သုံးခုတို့သည် အာဆီယံ နိုင်ငံတချို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ATWsept21
အစိုးရက နိုင်ငံခြား ကုန်သွယ်မှု လုပ်ငန်းများ တိုးချဲ့ရန်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများ တိုးတက်လာရေးအတွက် အာဆီယံနိုင်ငံ တချို့တွင် ဘဏ်ခွဲ ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်အသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောသည်။

“ဘဏ်ခွဲတွေဖွင့်ဖို့ ၀န်ထမ်း စိစစ်ရွေးချယ်တာတွေ လုပ်နေပြီ။ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းမှာ ဖွင့်မယ်။ ဘဏ္ဍာနဲ့ အခွန်ဝန်ကြီး ဌာနက ၀န်ထမ်းတွေကိုပဲ နိုင်ငံခြားလွှတ်ပြီး ဘဏ်လုပ်ငန်းတွေ လုပ်ရမှာပါ” ဟု အမည်မဖော်လိုသော ဘဏ်အရာရှိ တဦးက ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ခွဲ၊ မလေးရှား နိုင်ငံတွင် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ ထိုင်းနိုင်ငံတွင် မြန်မာ့စီးပွားရေး ဘဏ်ခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေး ပိတ်ဆို့မှုများ ကြုံတွေ့နေရသော မြန်မာနိုင်ငံအနေနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း၊ မြန်မာကုမ္ပဏီ အများစုသည် စင်ကာပူနိုင်ငံတွင် ဘဏ်စာရင်းများ ဖွင့်လှစ်ကာ ရောင်းဝယ်ခြင်း၊ ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်နေရသဖြင့် အာဆီယံနိုင်ငံတချို့တွင် မြန်မာဘဏ်ခွဲများ ပေါ်ပေါက်လာခြင်းသည် မြန်မာစီးပွားရေး လုပ်ငန်းရှင် များအတွက် များစွာအဆင်ပြေလာမည် ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀န်းက သုံးသပ်သည်။

“စင်ကာပူမှာ ဘဏ်စာရင်းဖွင့်နိုင်ဖို့ ပွဲစားခပေးပြီး လုပ်ကြရတယ်။ စီးပွားရေး ပိတ်ဆို့မှု ရှိတဲ့အတွက် လုံခြုံစိတ်ချရတဲ့ စင်ကာပူ ဘဏ်တွေဆီကပဲ အရောင်းအ၀ယ်၊ အလွှဲအပြောင်း လုပ်ရတာ။ ဘာပဲပြောပြော အခုလို အစိုးရဘဏ်ခွဲတွေ စင်ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့မှာ ဖွင့်ထားလိုက်ရင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အများကြီး အားသာချက် ရှိလာမယ်။ မရှိတာထက်စာရင် ရှိတာက ကောင်းတယ်။ ဒါပေမယ့် နိုင်ငံတကာဘဏ်တွေနဲ့ အပြိုင်အဆိုင် လုပ်နိုင်ဖို့လိုတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အလုပ်အမှုဆောင် တဦးက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် နီးစပ်သော အသိုင်းအ၀န်းများမှ ထွက်ရှိလာသော သတင်းများအရ လာမည့် အောက်တိုဘာလအတွင်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ အပြောင်းအလဲသစ်များကို အစိုးရက လုပ်ဆောင် သွားမည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်