တိုင်းဝန်ကြီးချုပ် ထိန်းချုပ်၍ တနင်္သာရီတွင် ဆန်ဈေး တက်

E-mail Print
တနင်္သာရီတိုင်းသို့ ဆန်တင်ပို့မှုကို တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးခင်ဇော်က မန္တလေးမြို့အခြေစိုက် ဦးလှမျိုး၏ အောင်မြင်သူ ကုမ္ပဏီအား တဦးတည်း တင်သွင်းခွင့် ပေးလိုက်ပြီးနောက် ဒေသတွင်း ဆန်ဈေးများ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။

Khin-Zawပြီးခဲ့သည့် ဇူလိုင်လမှစ၍ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်က ဆန်တင်ပို့ခွင်ကို ဒေသခံကုန်သည်များ တင်သွင်းသည့်စနစ်မှ ဆန်ဈေးတည်ငြိမ်ရေး အကြောင်းပြချက်ဖြင့် အောင်မြင်သူကုမ္ပဏီကိုသာ တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းမြို့တွင် ယခင်က ဆန်ဈေးနှုန်းမှာ တည်ငြိမ်ပြီး တတင်းခွဲ တအိတ်လျှင် ကျပ် ၃ သောင်းခန့်သာ ရှိသော်လည်း  အောင်မြင်သူ ကုမ္ပဏီမှ ဖြန်ဖြူးခွင့်ရရှိပြီးနောက် ပေါ်ဆန်းမွှေ တတင်းခွဲ တအိတ်လျှင် ၃၅၀၀၀ ကျပ်ဈေးမှ ၄၁၇၀၀ ကျပ်ဈေးသို့ လည်းကောင်း၊ ပေါ်ကျွဲတအိတ်လျှင် ၃၀၀၀၀ ကျပ်ဈေးမှ ၃၅၁၅၀ ကျပ်အထိမြင့်တက်သွားကြောင်း သိရသည်။

ကော့သောင်းမြို့မှ ဆန်ကုန်သည်တဦးက “အရင်တုန်းက ဆန်ကုန်သည်တွေကို ခွဲတမ်းချပြီး သင်္ဘောတွေနဲ့ တင်ခွင့်ပေးတယ်။ ဈေးကွက်စနစ်ဆိုတော့ ဒေသတွင်း ဆန်မပြတ်စေရဘူး။ အခုတော့ တဦးတည်း လက်ဝါးကြီးအုပ် သွင်းပြီး သူ့ဆီကပြန်ဝယ်၊ ပြန်ရောင်းရတော့ ဈေးတက်လာတာပေါ့” ဟု ဆိုသည်။

အောင်မြင်သူ ကုမ္ပဏီက တဦးတည်း ဖြန်ဖြူးခွင့်ရရှိခြင်းနှင့် ပတ်သက်ပြီး ကော့သောင်းမြို့ခံ ဆန်ကုန်သည် ၁၈ ဦးက မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းသို့ စာရေး အကြောင်းကြားသော်လည်း ဖြေရှင်းပေးချင်း မရှိသေးကြောင်း အဆိုပါ ဆန်ကုန်သည်က ဆက်ပြောသည်။

ကော့သောင်းမြို့ခံ တဦးဖြစ်သည့် ဦးမြင့်အောင်ကလည်း “ ဆန်ဈေးတွေသာ တက်နေတာ ဈေးကွက်မှာ ဆန်မရှိဘူး။ အရင်နဲ့ မတူဘူး၊ စားသုံးသူ ဒုက္ခရောက်တယ်” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်အား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မည်သူမဆို ဆန်ရောင်းဝယ်မှုကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ခွင့် ပေးထားကြောင်း ပြောဆိုသော်လည်း တနင်္သာရီ တိုင်းတွင် ဖြစ်ပွားနေသည့် ဆန်ဖြန့်ဖြူးရေး မညီမျှမှုနှင့်ပတ်သက်၍မူ ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

မြန်မာဆန်ကို အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမ၀င် ရောင်းချမှု မရှိစေရန် လုပ်ထုံးလုပ်နည်းအရ တနင်္သာရီတိုင်းသို့ ဆန်တင်ပို့လိုသည့် ကုန်သည်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ခွင့်ပြုချက် လိုအပ်သည်။ ထိုခွင့်ပြုချက်ရသည့် ကုန်သည်များမှသာ ခွဲတမ်းအလျောက် တင်ပို့နိုင်သည်။

ယခု တဦးတည်း ဆန်တင်သွင်းခွင့်ရသည့် ဦးလှမျိုးသည် မန္တလေးအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး ၀န်ကြီးချုပ် ဦးခင်ဇော် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူစဉ်က ရင်းနှီးသူဖြစ်ကြောင်း၊ အောင်မြင်သူ အမည်ဖြင့် ကုန်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည့်အပြင် မန္တလေးမြို့ထုတ် ပန်သစ္စာ ဂျာနယ်ကို ထုတ်ဝေခဲ့သူဖြစ်ကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်