မြ၀တီ-မဲဆောက် တံတားအနီး သံဆူးကြိုးကာရံ

E-mail Print
ထိုင်းမြန်မာနယ်စပ် မြ၀တီ - မဲဆောက် တံတားအောက်မှ ရာဇ၀တ်မှုများကို တားဆီးရန် ထိုင်းအာဏာပိုင်တို့က တနင်္ဂနွေနေ့တွင် မဲဆောက်မြို့ဘက်ရှိ တံတားအောက်ခြေအနီး တ၀ိုက်ကို သံဆူးကြိုးကာရံပြီး  လုံခြုံရေးတိုးမြှင့် လိုက်သည်။

Thai-Myanmar_border_zn
“မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ တခြား ဥပဒေချိုးဖေါက်မှုတွေကို တားဆီး နှိမ်နှင်းသွားဖို့၊ လုံခြုံရေး အားနည်းနေတဲ့နေရာတွေကို လုံခြုံရေး တိုးမြှင့်ဖို့ အစိုးရရဲ့ မူဝါဒ နဲ့ ညွှန်ကြားချက်အရ အကောင်အထည် ဖော်တာပါ” ဟု မဲဆောက်မြို့ အခြေစိုက် အမှတ် ၄ ဒေသဆိုင်ရာကွပ်ကဲရေးတပ် ဒုတပ်မှူး ဗိုလ်မှူးကြီး ပစံဆယ်စီရီရတ်က သတင်းထောက်များကို ပြောသည်။

လုံခြုံရေးတိုးမြှင့်ခြင်း၏ အဓိကရည်ရွယ်ချက်သည် တံတားအောက် ရေလယ်ကျွန်းမှလာသော မူးယစ်ဆေးလမ်းကြောင်းကို တားဆီးလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။

“ပြဿနာက ရေလည်ကျွန်းပဲ။ ကျွန်းမှာနေတာက မြန်မာ ၂၀၀ ကျော်ရှိတယ်။ အဲဒီအထဲက တချို့တွေက ထိုင်းဘက်ကူးပြီး မူးယစ်ဆေးဝါး ရောင်းတယ်။ ဒီကျွန်းက မူးယစ်ဆေးဝါးတွေ ညဘက် ထိုင်းဘက်ကို သယ်ကြတဲ့လမ်းလို ဖြစ်နေတယ်” ဟု မဲဆောက်တွင် သစ်တောထွက်ပစ္စည်းအရောင်းဆိုင် ဖွင့်ထားသည့် မြန်မာတဦးက ပြောသည်။

မဲဆောက် ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားချက်အရ ရေလယ်ကျွန်းမှတဆင့် ထိုင်းဘက်ကူးပြီး စိတ်ကြွဆေးပြား(ရာဘ) အပါအ၀င် မူးယစ်ဆေးမျိုးစုံ ရောင်းချကြသည့် မြန်မာများကို မကြာခဏ ဖမ်းဆီးရမိနေသည်။

ယခင်လကလည်း ၂ ဧကခန့် အကျယ်ရှိသည့် ရေလယ်ကျွန်းတွင်နေသူတချို့ အချင်းများပြီး  အပြန်အလှန် ပစ်ခတ်ကြသဖြင့် သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

ကျွန်းတွင် နေထိုင်သူတို့က နိုင်ငံခြားအရက်၊ စီးကရက်မျိုးစုံ စသည့် အကောက်အခွန်မဲ့ပစ္စည်းများ၊ အတုအပများကို တံတားအောက်သို့ ရောက်လာသည့် ခရီးသည်များကို ရောင်းချကြသည်ဟု ဒေသခံများက ပြောသည်။

ကျွန်းတွင် နေထိုင်သူတိုင်း ရာဇ၀တ်မှုကျူးလွန်သူများ မဟုတ်ကြောင်း ရေထွက်ကုန်ပစ္စည်းရောင်းသည့် မအမီနာက ဧရာဝတီကို ပြောသည်။

“ကျမ ဒီကျွန်းကနေ ထိုင်းဘက်ကို ပုဇွန်ထုပ်နဲ့ဂဏန်းတွေ ရောင်းတယ်။ လူတိုင်းတော့ ဆေးသမားတွေ မဟုတ်ကြပါဘူး။ ခက်တာက ဆေးရောင်းတဲ့လူနဲ့ လူကယ်ရီ လုပ်တဲ့လူတွေက ဒီကျွန်းကိုပဲ အမှီပြုလို့ ခုလို ဖြစ်ရတာ” ဟု  မအမီနာက ပြောသည်။

သံဆူးကြိုးကာရံခြင်းကို တခြားနေရာများတွင်လည်း ပြုလုပ်သင့်သည်ဟု ကရင်ပြည်နယ် မြ၀တီမြို့ နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကြား သောင်ရစ်မြစ်ကမ်းပါးရှိ ထိုင်းလုပ်ငန်းရှင်တဦးက ဆိုသည်။

“နယ်စပ်တလျှောက်မှာရှိတဲ့ အချက်အခြာကျတဲ့ နေရာတွေကို လုပ်မယ် ဆိုရင်တော့ အကျိုးရှိနိုင်တယ်။ ဒီချစ်ကြည်ရေး တံတားအောက်လောက်ပဲ လုပ်မယ်ဆိုရင်တော့ သိပ် ထူးခြားမယ်လို့ မထင်ဘူး” ဟု ပြောသည်။

ယမန်နှစ် ဇူလိုင်က ထိုင်းဘက်ခြမ်းတွင် နယ်ခြားသောင်ရင်းမြစ် ရေစွယ်ထိုးမှုကို ကာကွယ်ရန်အတွက် ချစ်ကြည်ရေးတံတားအနီး မြောက်ဘက်တွင် ထိုင်းဘက်က ကွန်ဂရစ် ကမ်းထိန်းနံရံ တည်ဆောက်မှုကို မြန်မာဘက်က အကြိမ်ကြိမ် ကန့်ကွက်ခဲ့သည်။ ကမ်းထိန်းနံရံတည်ဆောက်မှုကို အကြောင်းပြုပြီး နယ်စပ်တံတားကိုပါ ပိတ်လိုက်သည်။

ယမန်နေ့က တံတားအောက်သံဆူးကြိုး ကာရံမှုကို မြန်မာအာဏာပိုင်တို့က တစုံတရာ ကန့်ကွက်ပြောဆိုခြင်း မရှိသေးသော်လည်း မြ၀တီမြို့ဘက်မှ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးပြီး မှတ်တမ်းတင်ခဲ့သည်။

ထိုင်းအာဏာပိုင်တို့ကလည်း သံဆူးကြိုးကာရံသည့်အကြောင်း မြို့နယ်အဆင့် ထိုင်း-မြန်မာနယ်စပ် ကော်မတီမှတဆင့် မြန်မာဘက်သို့ အသိပေးထားသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်