ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်

E-mail Print
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင့်လပ်ရှင်နာဝပ် မြန်မာနိုင်ငံသို့ အောက်တိုဘာ လဆန်းတွင် သွားရောက် လည်ပတ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ကြောင်း ထိုင်းအစိုးရ၏ MCOT အင်တာနက် သတင်းစာမျက်နှာတွင် စနေနေ့က ရေးထားသည်။

Thai_Prime_Minister_Yingluck_Shinawatra
ဝန်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်သည် "နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်" ရည်ရွယ်သည်ဟု  နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင် တိုဝိချချိုင်းကွန်းက ပြောသည်။

ထိုင်းဝန်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ် ရှိမရှိကို တိတိကျကျ မသိရသေးကြောင်း NLD ပါတီ၏ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီကို ပြောသည်။

မစ္စယင့်လပ်သည် ထိုင်းဝန်ကြီးချုပ်သစ် တဦး၏ အစဉ်အလာအတိုင်း  လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း စသည့် အာဆီယံဒေသတွင်း နိုင်ငံများအား  မိတ်ဆက်သည့်သဘော အဖြစ် သွားရောက်ခဲ့ပြီး ဖြစ်သည်။

ဤအတောအတွင်း  နယူးယောက်မြို့ရှိ  ၆၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေအထွေညီလာခံ အစည်းအဝေးသို့ ရောက်ရှိနေသော ထိုင်း နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ နယ်စပ်ပြဿနာ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊  မူးယစ်ဆေး တိုက်ဖျက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တို့နှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း  သတင်းများတွင် ရေးသားထားသည်။

မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌနေရာ ရရှိရေးအတွက် ထိုင်းက ထောက်ခံကြောင်း  MCOT သတင်းတွင် ရေးထားသည်။

ဇူလိုင်လ ၃ ရက်နေ့ ရွေးကောက်ပွဲ၌ ဖုယာ့ထိုင်းပါတီ အနိုင်ရခဲ့ပြီး ပါတီခေါင်းဆောင် မစ္စယင့်လပ်က ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ နိုင်ငံရေး လောကသို့ ၀င်လာပြီး သီတင်းပတ် ၆ ပတ် အကြာ၌ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စယင့်လပ် ရွေးကောက်ပွဲ၌ အနိုင်ရခဲ့ခြင်းကို  ကြိုဆိုပြီး မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်ရန်မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များကို မေတ္တာ၊ စေတနာ အပြည့်ဖြင့် စောင့်ရှောက်ပေးစေလိုကြောင်း ပြောဆိုခဲ့ဖူးသည်။

ကလေးတယောက် မိခင် အသက် ၄၄ နှစ်အရွယ်  လုပ်ငန်းရှင် မစ္စယင့်လပ်သည် နိုင်ငံရေးသမားတဦး မဟုတ်သော်လည်း နိုင်ငံရေး သိပ္ပံဘာ သာရပ်ဖြင့် ဘွဲ့ရထားသူဖြစ်သည်။ မစ္စယင့်လပ်သည်  ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ နှမ အငယ်ဆုံးလည်း ဖြစ်သည်။ 

၁၉၉၁ ခုနှစ်တွင် စီမံခန့်ခွဲမှု မဟာဘွဲ့ကို အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ် တက္ကသိုလ်မှ ရရှိခဲ့ပြီး ရွေးကောက်ပွဲ မ၀င်ခင် ကာလအထိ ၎င်း၏ အစ်ကို မစ္စတာသက်ဆင် တည်ထောင်ထားသော ဆက်သွယ်ရေး ကုမ္ပဏီကြီးတခုဖြစ်သည့် Shin Co - orporation ၏ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်