တနင်္သာရီတိုင်းမှ အရပ်သား၂ ဦး ပစ်သတ်ခံရ

E-mail Print
တနင်္သာရီတိုင်းအတွင်း မွန်လက်နက်ကိုင်အဖွဲ့တခုနောက်သို့ လိုက်နေသည့် အစိုးရစစ်တပ်က အရပ်သား ၂ ဦးကို တနင်္ဂနွေနေ့က ပစ်သတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ထိုနေ့ ည ၇ နာရီခန့်တွင် ခြေလျင်တပ်ရင်း အမှတ် ၂၈၂ မှ တပ်သားများက ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ လော့သိုင်းရွာတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောပြသည်။

ye_phyu400“၂ ယောက် သေသွားတယ်။ တယောက်က ကရင်၊ နောက်တယောက်က မွန်” ဟု ထိုဒေသခံက ဧရာဝတီကို ပြောသည်။

နောက်တနေ့တွင် ပစ်သတ်ခံရသူတို့ကို သဂြိုင်္ဟ်လိုက်ကြောင်း၊ စစ်တပ်က ကျန်ရစ်သူမိသားစုများကို လျော်ကြေးပေးခြင်းမရှိကြောင်း၊ သူက ဖြည့်စွက်ပြောပြသည်။

သေဆုံးသူ မွန်အမျိုးသားမှာ အသက် ၅၀ ကျော်အရွယ်ရှိ နိုင်ဝမ်  ဆိုသူဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်သို့ မကြာသေးမီက ရောက်လာသည့် ဒေသခံရွာသားတဦးက ဆိုသည်။

“အဲဒီတုန်းက နိုင်ဝမ်က ရေနွေးကြမ်းသောက်နေတာ၊ ဗီဒီယိုကြည့်နေကြတာ” ဟု သူက ရှင်းပြသည်။

နောက်တဦးအကြောင်းကို မသိရသေးပေ။

စစ်သားများက ထိုနေ့ညနေပိုင်းတွင် ရွာအတွင်းသို့ ၀င်လာသည့် မွန်လက်နက်ကိုင်အဖွဲ့ဝင်များကို ဖမ်းဆီးရန် ကြိုးပမ်းပြီး ဒေသခံတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သူက ပြောသည်။

စစ်တပ်က လိုက်လံချေမှုန်းနေသည့် ထိုဒေသမှ မွန်လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်သူများမှာ နိုင်ချမ်းဒိန်း၊ နိုင်ပင် တို့ ဖြစ်သည်။

ရွာသားများ၏ အဆိုအရ မွန်အဖွဲ့ဝင်တဦးကို စစ်သားများက ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လော့သိုင်းရွာသည် ကရင်တိုင်းရင်းသားများ နှင့် မွန်တိုင်းရင်းသားတချို့ နေထိုင်သည့်ရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ ခန့် ရှိသည်။

ဤအတောအတွင်း ခလရ ၂၈၂ က လော့သိုင်းရွာဒေသခံများကို ရွာပြင်သို့ ထွက်ခွင့် ပိတ်ပင်ထားသည်။ လယ်ယာလုပ်ငန်းခွင်သို့လည်း သွားခွင့် မပြုကြောင်း ထိုဒေသမှလာသော သတင်းများက ဆိုသည်။

အစိုးရတပ်က လော့သိုင်းရွာကို အမည်းရောင်ဒေသအဖြစ် သတ်မှတ်ထားသည်။

ဒေသခံရွာသူရွာသားများကို ထိုဒေသတွင် လှုပ်ရှားနေသော အစိုးရတပ်သားများ၊ မွန်လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီး နှိပ်စက်ခဲ့ဖူးသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်