ဆန္ဒပြခွင့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း

E-mail Print
စုဝေး၊ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ အခွင့်အရေးများ၊ ကန့်သတ်ချက်များ ပါဝင်သည့် ဥပဒေကြမ်း အဆိုတရပ်ကို ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက် သည်။

alt“ငြိမ်းချမ်းစွာ စုဝေးခြင်း၊ တန်းစီ လှည့်လည်ခြင်းတို့ကို သုံးစွဲသူတွေကြောင့် အများ ပြည်သူကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ဘေးအန္တရာယ် ဖြစ်စေခြင်း၊ ထိခိုက် နစ်နာစေခြင်းတို့ကို ကာကွယ်ဖို့ ရည်ရွယ်ပြီးတော့ အသစ် ရေးဆွဲရခြင်းဖြစ်ပါတယ်”ဟု ၀န်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက လွှတ်တော်၌ ရှင်းပြခဲ့သည်ဟု အလဲဗင်းမီဒီယာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်တချို့၏ ပြောပြချက်အရ ဥပဒေကြမ်းတွင် စုဝေး၊ စီတန်း လှည့်လည်မည် ဆိုပါက အာဏာပိုင်များထံ ၇ ရက် ကြိုတင် အကြောင်းကြားခြင်း၊ နေရာသတ်မှတ်ခြင်း စသည့် အကြောင်းအရာများ ပါရှိကြောင်း သိရသည်။

၂၀၀၈ အခြေခံ ဥပဒေ၊ နိုင်ငံသားများ၏ ရပိုင်ခွင့် အခန်းကဏ္ဍ၌ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ဘောင်ကျဉ်းသော သီးခြား ဥပဒေတရပ် ပြဋ္ဌာန်းရန် မလိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောကြသည်။

“ဆန္ဒပြခွင့်ပေးတယ် ဆိုတော့ ကောင်းတဲ့သဘော ဆောင်ပါတယ်၊ ဒါပေမယ့် ကန့်သတ်မှုတွေက ဆန္ဒမပြနိုင်အောင် ဥပဒေအရ တားမြစ်သလို ဖြစ်နေတယ်၊ ဥပဒေ အရပဲ တရားဝင် နှိပ်ကွပ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

ဒီမိုကရေစီ ကျင့်စဉ် ကျင့်သုံးရန်အတွက် ဥပဒေတရပ် ပြဋ္ဌာန်းခြင်းက ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း၊  ဆန္ဒထုတ်ဖော်မှုကို နှိပ်ကွပ်ရေးအတွက် ပြဋ္ဌာန်းမည့် သီးခြားဥပဒေ မဟုတ်ရန် အရေးကြီးကြောင်း ရန်ကုန်မြို့မှ ရှေ့နေဦးအောင်သိန်းက  ဧရာဝတီကို ပြောသည်။

“အာဏာပိုင်ဆိုတာက ငြိမ်ဝပ် ပိပြားမယ့် အရာကိုပဲ စဉ်းစားလေ့ရှိတယ်။ ဒီမိုကရေကရေစီ နည်းလမ်းတကျ  ဆန္ဒ ဖော်ထုတ် ခွင့်ပြုဖို့ ရည်ရွယ်ပြီး ဥပဒေတရပ် ပြဋ္ဌာန်းတယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု ဦးအောင်သိန်းက ဆိုသည်။

ယခင်က ခွင့်မပြုခဲ့သည့် ငြိမ်းချမ်းစွာ စုဝေး၊   စီတန်း လှည့်လည်ခြင်းအား မည်ကဲ့သို့သော စည်းမျဉ်း၊ စည်းကမ်းများဖြင့် ခွင့်ပြုမည် ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)  ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ဧရာဝတီကို ပြောသည်။

“လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ဆန္ဒပြမယ့်သူတွေအတွက် ဘယ်လောက်ထိ လုပ်ခွင့်ပေးမလဲ၊ မျှမျှတတ လုပ်ဆောင်ခွင့် ရရင်တော့ အကောင်းဆုံးပါ” ဟု ဒေါက်တာသန်းငြိမ်းက ဆိုသည်။

နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ၊ အခန်း(၈) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ပြည်သူတို့၏ အကျိုးငှာ ပြဋ္ဌာန်းသည့် ဥပဒေများအား မဆန့်ကျင်လျှင် မိမိတို့၏ ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိကြောင်း ရေးသားထားသည်။

အခြေခံ ဥပဒေတွင်  နိုင်ငံသားများ၏ ရပိုင်ခွင့်များနှင့်ပတ်သက်၍ ရေးသားချက်များက ကျယ်ပြန့်ကြောင်း၊  ထိုအချက်များအား အခြေခံ၍ သီးခြားဥပဒေပြဋ္ဌာန်းရန် ပြင်ဆင်ခြင်း ဖြစ်၍ ကန့်သတ်မှု တချို့ နှင့် အကာအ ကွယ်ပေးမှုတချို့လည်း ပါဝင်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်းရေးရာကော်မတီဝင် ဦးဘရှိန်က ဆိုသည်။

“သီးခြားဥပဒေ ပြဋ္ဌာန်းလိုက်ရင် အာဏာပိုင်တွေအတွက် ကိုင်တွယ်ရ လွယ်ကူသွားမယ်၊ ပြည်သူတွေအနေနဲ့ မိမိတို့ ဆန္ဒတွေ ထုတ်ဖော်တဲ့အခါမှာ အခြေခံဥပဒေထဲက အတိုင်း အခွင့်အရေး အပြည့်အ၀ ရစေချင်တယ်” ဟု ၎င်းက  ဧရာဝတီကို ပြောသည်။

တနင်္လာနေ့က ရွှေဝါရောင် ၄ နှစ်ပြည့်နေ့ ရန်ကုန်မြို့ ဆုတောင်းပွဲကို  ဦးဆောင်ခဲ့သူ တဦးဖြစ်သည့် နော်အုံးလှက ၎င်းတို့၏ လှုပ်ရှားမှုကို ၂၀၀၈ အခြေခံဥပဒေပါ အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သောကြောင့် အာဏာပိုင်တို့ထံ အကြောင်းကြားခဲ့ခြင်း မရှိဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးကိုကို တင်သွင်းခဲ့သည့် အဆိုအား သောကြာနေ့ လွှတ်တော်အစည်းအဝေး၌ အသေးစိတ် ဆွေးနွေး ကြမည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်