နေပြည်တော် ရေကြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်

E-mail Print

နေပြည်တော် ခရိုင်အတွင်း စင်တင်ဘာလ ၂၈ ရက် ည ၇ နာရီကျော်မှ ၂၉ ရက် မနက် ၂ နာရီခန့်အထိ ရွာသွန်းခဲ့သော မိုးကြောင့်

မြို့နယ်အများစုတွင် ရေကြီးရေလျှံခဲ့ရာ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေရကြောင်း သိရသည်။

refubee-flood-mk2ရေကြီးရေလျှံမှုများကြောင့် ပျဉ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိမြို့နယ်များရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် အိမ်များအတွင်း ရေ၀င်ခြင်း၊ လယ်ကွက်များ ရေလွှမ်းခြင်း၊ လမ်းများပေါ် ရေများ ဖုံးလွှမ်းခြင်းတို့ အပြင် သစ်ဆိမ့်ပင်၊ ညောင်ကုန်း၊ ဆင်စိတ်၊ မှန်တော၊ မကျည်းကုန်း၊ ခရမ်းကိုင်၊ သဲကောကြီး၊ သဲကောလေး၊ အေလာစသည့်တို့ အပါအ၀င် ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုးက တော်တော်များတယ်။ ရေ၀င်လာတော့ ည ၁၂ နာရီလောက်ရှိပြီ။ အိုးခွက်၊ ပန်းကန်တွေလည်း ရေထဲပါကုန်တယ်” ဟု လယ်ဝေးမြို့နယ် သရက်ခုံကျေးရွာမှ ဦးအောင်မြင့်က ဆိုသည်။

“လမ်းတွေလည်း ပျက်တယ်၊ အိမ်က ကြက်၊ ၀က်၊ ဘဲ တချို့လည်း သေတယ်။ တချို့ လူများတဲ့ အိမ်ကတော့ ရေလွတ်ရာကို သယ်ကြတယ်” ဟု အေလာမှ ဒေသခံတဦးက ပြောသည်။

ထို့ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အေလာရှိ ဂိုဏ်းထောက်ဘုန်းကြီးကျောင်း၌ ကယ်ဆယ်ရေး စခန်းကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖွင့်လှစ်ခဲ့ကာ ညနေ ၃ နာရီခန့် အထိ ကယ်ဆယ်ထားသည့် လူပေါင်း ၃၀၀ ခန့်တို့ ရှိနေကြောင်း သိရသည်။

ထို့အတူ ပျဉ်းမနားမြို့နယ် သက်ကယ်ချင်းကျေးရွာ၊ စီကောက်ကျေးရွာ ဘုန်းကြီးကျောင်းများနှင့် လယ်ဝေးမြို့နယ် ရန်အောင်မြင်ဘုရား တို့တွင်လည်း ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောသည်။

“သက်ကယ်ချင်းတို့၊ စီကောက်တို့က လူလေး၊ ငါးရာပဲ ရှိတာ။ ရန်အောင်မြင် ဘုရားမှာက ညနေ ၄ နာရီလောက်မှာ လူပေါင်း ၃၀၀၀ ကျော် ရှိနေပြီ။ ကျနော်တို့ မသိသေးတဲ့ နေရာတွေမှာလည်း ရှိနေနိုင်ပါတယ်” ဟု ရေဘေးကယ်ဆယ်ရေး စေတနာ့ ၀န်ထမ်း လုပ်ပေးနေသူ လယ်ဝေးမြို့နယ် အမှတ် ၆ ရပ်ကွက်နေသူ ကိုမျိုးမင်းက ပြောသည်။

တချို့ ရွာသားများမှာ ကယ်ဆယ်ရေးစခန်း မသွားဘဲ ရေဘေးလွတ်သည့် ဆွေမျိုးများထံ သွားနေကြကြောင်း အိမ်ခြေ ၈၀၀ ခန့် ရှိသည့် ရေလွှမ်းမိုးမှု အဆိုးဆုံးခံခဲ့ရသော မှန်တောကျေးရွာမှ ဦးသန်းမြင့်က ဆိုသည်။

ဒေသခံများက ရေဘေးဒုက္ခသည်ပေါင်း သောင်းနှင့်ချီရှိနိုင်သည်ဟု ပြောဆိုသော်လည်း အတိအကျ မသိရပေ။

ရေဘေးဒုက္ခသည်များအား တခြားသော ရေဘေးလွတ်သည့် ကျေးရွာများ၊ ရပ်ကွက်များမှ ထမင်းထုတ်များ၊ ရေဘူးများ၊ ဆန်အိတ်များ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း ကြားသိရသည်။

“အားကစားနှင့် ဟိုတယ်ခရီးဝန်ကြီးပိုင်တဲ့ အေစီအီး ဆောက်လုပ်ရေးက ကျပ် သိန်းငါးဆယ်လှူတယ်။ ဒေသခံတွေက ထမင်းထုတ်တွေ၊ ဆန်တွေ လှူကြပါတယ်။ ရေဘေးဒုက္ခသည်တွေ ဒီထက် များလာဖို့ရှိတယ်” ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။

“ကယ်ဆယ်ရေး ပစ္စည်းတွေက လုံလောက်တယ်။ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေကလည်း တခုခုဖြစ်ရင် ကယ်ဖို့ အသင့် စောင့်နေကြတယ်။ ဒီနေ့ လူငါးဆယ်နီးပါး ကယ်ခဲ့ပါတယ်” ဟု မီးသတ်တပ်ဖွဲ့ဝင် တဦးက ဆိုသည်။

ရေဘေးကြောင့် ဖြစ်လာနိုင်သည့် ၀မ်းရောဂါ ကာကွယ်ရေး၊ ရေနှင့်အတူပါလာမည့် အဆိပ်ရှိ သတ္တဝါများ အန္တရာယ်မှ ကာကွယ်ရေးကို သတိပြုရန်လိုကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

“ရေကြီးပြီးရင် နောက်ဆက်တွဲ အနေနဲ့ ၀မ်းရောဂါဖြစ်တက်တယ်။ ဘယ်လောက် ကြိုတင် ကာကွယ် ကာကွယ် နည်းနည်းတော့ ဖြစ်တက်တယ်။ ရေသန့်သောက်တာ၊ အိမ်သာလုံလောက်အောင် ဆောက်တာ၊ ရေကို ကျိုချက် သောက်တာတွေ လုပ်ပေးသင့်ပါတယ်” ဟု ကျန်းမာရေး ဝန်ထမ်းတဦးက ရှင်းပြသည်။

ယခုအချိန်အထိ မိုးဆက်လက် ရွာမည့်ဟန် ရှိနေသဖြင့် ဒေသခံများမှာ များစွာ စိုးရိမ်ပူပန်နေကြောင်း၊ တချို့ ကျေးရွာများတွင် ဘေးလွတ်ရာ ကုန်းမြင့်သို့ ကြိုတင်ရွှေ့ပြောင်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်