ကားခိုးသွင်းမှု အရှုပ်တော်ပုံ အခုထိမရှင်းနိုင်သေး

E-mail Print
အာဏာပိုင် အဆင့်ဆင့် ပါဝင်ပတ်သက်နေသည်ဟု နာမည်ကြီးနေသည့် လိုင်စင်မဲ့ကားများ ဆိပ်ကမ်းများမှတဆင့် တရားမ၀င် တင်သွင်းသည်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးလျက် ရှိသော်လည်း အမှုမှန်ပေါ်ပေါက်ရေး အလှမ်းဝေးနေကြောင်း သတင်းရရှိသည်။

မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့မှ တရားမ၀င်ကား ရာပေါင်းများစွာ တင်သွင်းခဲ့သော အမှုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာရှိတဦး စုစုပေါင်း ၃ ဦးပါဝင်သော ခုံရုံးအဖွဲ့ကို ဖွဲ့စည်း စစ်ဆေးနေကြောင်း၊ သို့ရာတွင် ခုံရုံးအဖွဲ့ဝင်များ ကိုယ်တိုင် လာဘ်ယူမှုများ ရှိသည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။

“တရားမ၀င် ကားတွေသွင်းတဲ့အမှုက ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေအထိပါ ပါဝင်ပတ်သက် နေတာပါ။ ညွှန်မှူးအဆင့် လောက်နဲ့ အဖွဲ့ဖွဲ့ပြီး စစ်ဆေးလည်း မပေါ်နိုင်ဘူး။ အဲဒီအဖွဲ့ကိုယ်တိုင်ကလည်း အမှုကို စစ်ဆေးတဲ့နေရာမှာ မှန်မှန်ကန်ကန် မစစ်ဆေးနိုင်အောင် တဘက်က လာဘ်ပေးထားတာတွေ ရှိတယ်လို့ သိထားပါတယ်” ဟု သူက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက လိုင်စင်မဲ့ကား ဆိပ်ကမ်းမှ တင်သွင်းမှု ကိစ္စများကို လာရောက် စစ်ဆေးသော်လည်း အမှုမှန် မပေါ်ပေါက်ဟု သိရသည်။

“စ သုံးလုံး ဘက်ကလည်း လာသာစစ်တာ၊ မယ်မယ်ရရ ဘာရလဒ်မှ ထွက်မလာဘူး။ စစ်ဆေးမှု အဆင့်မှာတင် ကြန့်ကြာနေပါတယ်။ ၀န်ထမ်းအချင်းချင်း ဖြစ်တဲ့အတွက် တဦးနဲ့တဦး ငွေပေး၊ နားလည်မှုယူပြီး မစစ်ဘဲ ထားတာ ဖြစ်နိုင်တယ်” ဟု နေပြည်တော်မှ အရာရှိက ပြောသည်။

စုံစမ်းစစ်ဆေးမှုများ လုပ်နေစဉ်ကာလအတွင်း လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်ခဲ့သော အရာရှိတချို့မှာ ရုံးမတက်ဘဲ ခွင့်ယူရှောင်တိမ်း မှုများရှိနေသည်ဟု သိရှိရသည်။

“ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် ဆိုရင် လနဲ့ချီ ခွင့်တိုင်တယ်။စုံစမ်းစစ်ဆေးမှု ကာလအတွင်းမှာ အခြေအနေမကောင်းရင် ထွက်ပြေးမယ့်ပုံ ရှိတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူးရုံးမှ အရာရှိတဦးက ပြောသည်။

တရားမ၀င်လိုင်စင်မဲ့ ကားများကို ဆိပ်ကမ်း၊ နယ်စပ်စခန်းများမှ တဆင့် လာဘ်ပေးလာဘ်ယူ ပြုလုပ် တင်သွင်းကြပြီး ယင်းတင်သွင်းမှုတွင် နယ်မြေခံစစ်တပ်၊ ရဲများနှင့် ၀န်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ ၀န်ကြီး၊ ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့်နီးစပ်သော ဆွေမျိုးအသိုင်းအ၀န်းများ အထိ ပါဝင်ပတ်သက်သည်ဟု သိရသည်။

၂၀၀၆ ခုနှစ်အတွင်းက အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးအပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထောင်ချ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

သက်ဆိုင်သည့်သတင်းများ ။   ။  ဇုန်ထုတ်ယာဉ်အဖြစ် အသွင်ပြောင်းရေး သိန်းထောင်ချီပေးရ 
                                                တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်