ဒေါ်မာမာအေး ပြည်တော်မပြန်သေး

E-mail Print
အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် အဆိုတော်ကြီး ဒေါ်မာမာအေးက မကြာမီ မြန်မာနိုင်ငံသို့ ပြန်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

daw-mar-mar-ayeဒေါ်မာမာအေး မကြာမီ မြန်မာနိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်း၊ အဆိုတော် ဇော်ဝင်းထွဋ်နှင့် လျှပ်တပြက်ဂျာနယ် ထုတ်ဝေသူ ဦးမြတ်ခိုင်တို့ စီစဉ်သည့် ဂီတဖျော်ဖြေပွဲတွင် ၀င်ရောက်သီဆိုရန်ဖြစ်ကြောင်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀န်း၌ သတင်းများ ထွက်ပေါ်နေသည်။

ဒေါ်မာမာအေးက “ကောလာဟလတွေပါ။ စိတ်နဲ့တွေ့တာ ဘာမှမရှိသေးတော့ ပြန်ဖို့စိတ်ကူးမရှိသေးဘူး။ ပြန်သင့်ပြန်ထိုက်တဲ့ အချိန်မှာ ပြည်သူတွေဆီကို ပြန်လာမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် အစိုးရသစ်နှင့် ပတ်သက်၍ စောင့်ကြည့်နေဆဲဖြစ်ကြောင်း၊ မိမိ၏ ကျန်းမာရေးအခြေအနေကြောင့် သီချင်း ပြန်ဆိုရန် မလွယ်ကူကြောင်း၊ နိုင်ငံရပ်ခြားတွင် အမြဲနေထိုင်မည် မဟုတ်သော်လည်း  မြန်မာပြည်သို့ပြန်ရန် လောလောဆယ် မစဉ်းစားသေးကြောင်း ဒေါ်မာမာအေးက ပြောသည်။

လောလောဆယ်တွင် နယူးဇီလန်နိုင်ငံ၌ ရောက်ရှိနေသည့် ဒေါ်မာမာအေးသည် လန်ဒန်အခြေစိုက် ဘီဘီစီ အသံလွှင့်ဌာန (မြန်မာပိုင်း) အစီအစဉ်၌ “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” ဟူသော ခေါင်းစဉ်ဖြင့် ဘ၀အတွေ့အကြုံနှင့် ဂီတလောကတွင် ကျင်လည်ခဲ့ရသည် အတွေ့အကြုံများကို ပြန်လည်တင်ပြနေသည်။

ဒေါ်မာမာအေးသည် ၁၉၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့  သွားရောက်လည်ပတ်ခဲ့ပြီး ပြည်ပရှိ အတိုက်အခံ အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ပရိသတ်များကို သီဆိုဖျော်ဖြေမှုကြောင့် စစ်အစိုးရ၏ ငြိငြင်မှုကို ခံခဲ့ရသည်။ ထိုကြောင့် မြန်မာပြည်သို့ မပြန်တော့ဘဲ အမေရိကန်နိုင်ငံတွင်သာ နေထိုင်ခဲ့ရသည်။

စွယ်စုံရ အနုပညာရှင်တဦးဖြစ်သည့် ဒေါ်မာမာအေးသည် ကာလပေါ်၊ ခေတ်ဟောင်း စသည့် သီချင်းများ သီဆိုခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် သက်တန့်ပေါ်မှာကစားမယ် သီချင်းဖြင့် လူသိများခဲ့သည်။ မြန်မာ့အသံဌာနတွင်လည်း ထုတ်လွှင့်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြခြူသံ၊ မန်ဒါလီ၊ သူကိုမှချစ်သည် စသည့် ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ထင်ရှားသော အဆိုတော် သိန်းတန် (မြန်မာပြည်) သည်လည်း လာမည့် အောက်တိုဘာ ၂၂ ရက်နေ့တွင် Emperor တီးဝိုင်းအဖွဲ့၊ မြန်မာပြည်ကျောက်စိမ်း ဆိုင်းအဖွဲ့တို့နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ဂီတဖျော်ဖြေပွဲများ ပြုလုပ်မည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း သမ္မတ ဦးသိန်းစိန်က ပြည်ပရောက်မြန်မာများ ပြစ်မှုကျူးလွန်ထားခြင်း မရှိလျှင် အချိန်မရွေး ပြည်တွင်းသို့ ပြန်လာလိုပါက စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်နောက်ပိုင်း ပြည်ပတွင်နေထိုင်သည့်သူများထဲမှ အနည်းငယ် ပြန်သည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်သည့် သီးလေးသီးဆေးရောင်စုံအငြိမ့်မှ လူရွင်တော် ဂေါ်ဇီလာ ဦးဆောင်သည့် အဖွဲဝင်တချို့မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီးနောက် လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ကပြရန်စီစဉ်နေသည်ဟု သိရသည်။

ပြည်တွင်းအခြေစိုက် Messenger ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လူရွင်တော်ဂေါ်ဇီလာက ပြည်ပရှိ နိုင်ငံရေးအဖွဲ့အစည်း အများစုမှာ တိုင်းပြည်ဒီမိုကရေစီ ရမည်ဟု ပြောဆိုပြီး အလှူရှင်များဆီမှသာ ငွေကြေးရယူကာ လုပ်ကိုင်နေကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်