ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်း

E-mail Print
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ရှိပါက နှာခေါင်းစည်းများစည်း၍ ထွက်ရန် ထိုင်းပြည်သူ့ ကျန်းမာရေးဌာနက သတိပေးထားသည်။

ချင်းမိုင်မြို့ အပါအ၀င် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လမ်းပန်း၊ လမ်းဖုန်း၊ ချင်းရိုင်၊ ဖယောင် မြို့များ၏ ကောင်းကင် လေထုထဲတွင် တောမီးရှို့မှုမှ ဖြစ်ပေါ်လာသော မီးခိုးမှုန်များသည် ကျန်းမာရေး ထိခိုက်နိုင်သည့် PM-10 အဆင့် ကို ကျော်လွန် ပါဝင်နေသည်ဟု ဆိုသည်။

PM-10 အဆင့်သည် ၁၂၀ မိုက်ခရိုဂရမ် (၁ ကုဗမီတာ) အထက်ရှိပြီး ကျန်းမာရေး ထိခိုက်စေနိုင်သော အဆင့်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တိုင်းထွာချက်အရ ယင်းမီးခိုးမှုန်များမှာ ချင်းမိုင်တွင် ၁၂၉ မိုက်ခရို ဂရမ်ရှိပြီး လမ်းပန်းတွင် ၂၀၁ မိုက်ခရိုဂရမ် ရှိကြောင်း သိရသည်။

အဆိုပါ မီးခိုးပြာမှုန်များ ကောင်းကင်လေထုထဲ ရောက်ရှိရခြင်းမှာ လယ်ကွင်းများ၊ တောင်ယာများကို ကျေးရွာ သားများက မီးရှို့မှုကြောင့်နှင့် တောမီးလောင်မှုများ ကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ပထမ ၃ ပတ်အတွင်းတွင် လမ်းပန်းတမြို့တည်း၌ ကလေးသူငယ် အများဆုံးပါဝင်သော လူပေါင်း ၃၀၀၀ ကျော် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသည့်အတွက် ဒေသခံများ ပြင်ပထွက်လျှင် နှာခေါင်း စည်းများစည်းရန် ကျန်းမာရေးဌာနက သတိပေးထားခြင်းဖြစ်သည်ဟု ယမန်နေ့ကထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ချင်းမိုင်ခရိုင် တောမီးငြိမ်းသတ်ရေး အဖွဲ့အကြီးအကဲ ဆူရာပိုးလ် လီးလာဗာရိုဖတ်စ်က ယခုနှစ်ဆန်းမှ စ၍ တောမီးလောင်မှု ၁၁၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြောသည်ဟု TNA သတင်းကလည်း ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ခရိုင် ၁၉ ခု ကောင်းကင်တွင် လေထု ညစ်ညမ်းမှုဖြစ်ပေါ်နေကြောင်း သဘာဝဘေး အန္တရာယ် ကာ ကွယ်ရေးဌာနက လွန်ခဲ့သည့် အပတ်အတွင်း အစီရင်ခံစာတစောင် ထုတ်ပြန်ထားပြီး နိုင်ငံတ၀န်းတွင် အရေးပေါ် ကယ်ဆယ်ရေးဌာနများ စီစဉ်ထားကြောင်း သိရသည်။

ထိုင်း မိုးလေ၀သနှင့် ဇလဗေဒ ဌာန ညွှန်ကြားရေးမှူး ဆုမ်ချိုင်း ဘိုင်မောင်း ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ခရိုင်များတွင်  လာမည့် ဧပြီလအတွင်း အပူချိန် မြင့်မားမည်ဟု ယူဆရကြောင်းနှင့် အပူချိန် သည် ၄၂ ဒီဂရီစင်တီဂရိတ် အထိမြင့်မားနိုင်ကြောင်း သတိပေးပြောကြားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်