၂ဝ၁ဝ ရွေးကောက်ပွဲ အားလုံးပါဝင်ရန် ထိုင်းဝန်ကြီးချုပ် ပြော

E-mail Print
မြန်မာ အတိုက်အခံတို့အား လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရေးအတွက် တွန်းအား ပေးရန် ထိုင်းဝန်ကြီးချုပ်က မြန်မာဝန်ကြီးချုပ်ကို သောကြာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာစစ်အစိုးရက ဒီမိုကရေစီဖော်ဆောင်ရာတွင် တိုးတက်ဖြစ်ထွန်းမှုများ ရှိနေသည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံ ချာ့အမ်းမြို့၌ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပနေသော ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲတွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ က မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်က“လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဘက်ပေါင်းစုံက ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လို့ ကျနော် မြန်မာ ဝန်ကြီးချုပ်ကို တိုက်တွန်းခဲ့ပါတယ်”ဟု အာဆီယံ အစည်းအဝေးသို့ ရောက်နေသည့် သတင်း ထောက်များကို ပြောကြားခဲ့သည်။

လာမည့်နှစ် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ဆောင်ရွက်နေသော စစ်အစိုးရ၏ ခြေလှမ်းများတွင် တိုးတက် ဖြစ်ထွန်းမှုများ သိသိသာသာ မြင်နေရသည်ဟုလည်း ၎င်းကဆိုသည်။

အဖိဆစ်သည် ယမန်နေ့က မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား စသည့် နိုင်ငံများမှ ခေါင်းဆောင်များကို သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ မြန်မာပြည် တိုးတက်တာ မြင်ရဖို့ မျှော်လင့်ထားပါတယ်၊ အထူးသဖြင့် ကုလသမဂ္ဂရဲ့ ပါဝင် ဆောင်ရွက်မှုကို မြင်ရဖို့ မျှော်လင့်ပါတယ်၊ တိုးတက်ဖြစ်ထွန်းမှုတွေမှာ တတ်နိုင်သရွေ့ အလွှာပေါင်းစုံ ပါဝင်သင့်တယ် လို့လည်း ဆွေးနွေးခဲ့ပါတယ်”ဟု အဖိဆစ်က ယခု အစည်းအဝေးသို့ လာရောက်သည့် သတင်းထောက်များကို ပြောပြသည်။

ထိုင်းနိုင်ငံ၏ မြန်မာအပေါ်ထားရှိသည့် မူဝါဒမှာ “ရှင်းလင်းသော စေ့စပ်ညှိနှိုင်းရေးမူဝါဒ” ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

ယခု အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် တခြားသော နိုင်ငံ ခေါင်းဆောင် အများစု ကဲ့သို့ပင် ထိုင်းဝန်ကြီးချုပ်သည်လည်း လှေစီး ရိုဟင်ဂျာတို့၏အရေးနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ်က ရိုဟင်ဂျာအရေးမှာ “ရှုပ်ထွေးပြီး ခက်ခဲသည့် ပြဿနာ” တခု ဖြစ်သည်ဟု ဆိုသည်။ အကယ်၍ ၎င်းတို့၏ မူရင်းဒေသကို စိစစ် သိရှိပါက ၎င်းတို့အား နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်မည်ဟုလည်း ၎င်းက ပြောသည်။

မူရင်းဒေသ စိစစ်နိုင်ခြင်းမရှိသည့် ရိုဟင်ဂျာများအတွက် မည်သို့ စီစဉ်မည်နည်းဟူသော ဧရာဝတီသတင်းဌာန၏ မေးခွန်းနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ထံမှ တိကျသည့်အဖြေ မရရှိပေ။

ထိုင်းနိုင်ငံ၏ မူဝါဒမှာ “ဒေသတွင်း ပိုမို ပူးပေါင်း ညှိနှိုင်း တိုင်ပင်ပြီး ယခု ပြဿနာမျိုး ထပ်မံ ပေါ်ပေါက်ခြင်း မရှိရန် ဆောင်ရွက်သွားမည်” ဟုသာ ထိုင်းဝန်ကြီးချုပ်က ထပ်လောင်း ပြောဆိုခဲ့သည်။

နိုင်ငံပေါင်း ၆ နိုင်ငံ သို့မဟုတ် ၅ နိုင်ငံ ပါဝင် ပတ်သက်နေသော ယင်း ရိုဟင်ဂျာ အရေးကိစ္စကို လာမည့် ဧပြီလ အတွင်း ပြုလုပ်မည့် ဘာလီ အစည်းအဝေး (Bali Process) တွင် ထပ်မံ၍ ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

(ဧရာဝတီ သတင်းထောက် ဝေမိုး က အာဆီယံ စည်းဝေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်)
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်