ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ဖူးကက်မှာ ဆင်နွှဲ

E-mail Print
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့ရှိ ပါသောင်ကမ်းခြေတွင် နှစ်သစ်ကူး သင်္ကြန်ကာလ အတွင်းက ၅ ကြိမ်မြောက် ရခိုင်ရိုးရာ ကျင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ကျင်ပွဲကို ရခိုင်တိုင်းရင်းသားများအနေဖြင့် ရိုးရာအမွေအနှစ်များအား အစဉ်အမြဲ ထိန်းသိမ်းတတ်ကြရန် အဓိက ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ဖူးကက်အခြေစိုက် လေးဝတီ မျိုးချစ်ရခိုင်လူမျိုးအသင်း ဥက္ကဌ ကိုသန်းမောင်က ပြောသည်။

ကိုသန်းမောင်က“အခုလိုမျိုး ရခိုင်ရိုးရာကျင်ပွဲ ကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရခိုင်လူမျိုးများ အနေနဲ့ မိမိတို့ရဲ့ရိုးရာ အမွေအနှစ်များကို အစဉ်အမြဲထိန်းသိမ်းထား တတ်ကြရန်နဲ့ အချင်းချင်း ရိုင်းပင်းကူညီ တတ်သောစိတ်ဓာတ်များ ထားရှိကြရန်၊ မိမိ၏အမျိုးဂုဏ်ကိုသိက္ခာ မြှင့်တင်တတ်စေရန် အဓိက ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်တယ်”ဟု ကျင်ပွဲမကျင်းပမီ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။  

ယခု ရခိုင်ရိုးရာ ကျင်ပွဲကို ဖူးကက်အခြေစိုက် လေးဝတီမျိုးချစ် ရခိုင်လူမျိုးအသင်းမှ ကြီးမှူးကာ ပါသောင် ကမ်းခြေရှိ မနှင်းဆီ ပန်းရံ လုပ်ငန်းခွင်တွင် ပြီးခဲ့သည့် ၁၄ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

လေးဝတီ မျိုးချစ်ရခိုင်အသင်း နာယက ဖြစ်သူ ဦးခိုင်သန်းကလည်း ယင်းကျင်ပွဲ ကျင်းပပုံကို ရှင်းပြသည်။

“ဒီပြိုင်ပွဲမှာ ရွှေမောင်းတန်း ငွေမောင်တန်းဆိုပြီး အတန်း နှစ်တန်းထားပြီးယှဉ်ပြိုင်စေပါတယ်။ ရွှေမောင်းတန်းမှာ ပြိုင်ပွဲဝင် အယောက်(၅ဝ)ရှိပါတယ်။ ငွေမောင်းတန်းမှာတော့ (၉၄) ယေက် ဝင်ရောက်ယှဉ်ပြိုင်ကြတယ်။ အဲဒီနေ့  က ဒီမှာမိုးကလည်းရွာတယ်။ မိုးထဲလေထဲမှာ အားကစားသမားတွေဟာ ဇွဲနဘဲနဲ့ ရိုးရာပွဲကိုယှဉ်ပြိုင်ခဲ့ကြပါတယ်” ဟု ဦးခိုင်သန်းက ဆိုသည်။

ကျင်ပွဲ ယှဉ်ပြိုင် ကြရာတွင် ရွှေမောင်းတန်း ပထမဆုကို ကျောက်ဖြူမြို့နယ်မှ ကိုကျော်သန်းနိုင်က ဆွတ်ခူးပြီး ရမ်းဗြဲမြို့နယ်က ကိုသက်အောင်က ဒုတိယရကြောင်း၊ ငွေမောင်းတန်းတွင် ကျောက်ဖြူမြို့နယ်မှ ကိုကျော်မင်းနိုင် က ပထမနှင့် ကျောက်ဖြူမြို့နယ်မှပင် ကိုမိုးစက်တင်က ဒုတိယဆုကို ရရှိသွားကြောင်းလည်း သိရသည်။

ဦးခိုင်သန်းက ဆက်လက်ပြီး“ထူးခြားတာကတော့ ဒီမှာ အင်မတန်တော်တဲ့ ကျင်သန်တယောက်ရှိတယ်။ ကျောက်တော်မြို့နယ် ကျားနင်း ကန်ရွာက ကိုကျားချေ ဆိုတဲ့လူ ရှိတယ်။ သူက အရင်ပြိုင်ပွဲတွေမှာ သုံးနှစ် ဆက်တိုက် ပထမ ရထားတော့ သူ့ကိုပြိုင်ရဲတဲ့လူမရှိလို့  ပြိုင်ဘက်မရှိ အထူးဆုပေးလိုက်တယ်။ အခုလိုပြောခွင့် ရတုန်း ပြောလိုက် ချင်တာက တော့ ဖူးကက်မှာ ဒီလိုကျင်သန်မျိုးရှိတယ်။ ကျနော်တို့ဂုဏ်ယူတယ်” ဟု ပြောဆိုသည်။

ရခိုင်လူမျိုးများ အပါအဝင် ဖူးကက်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား(၂ဝဝ)ခန့် လာရောက်အားပေးကြသော ဤပွဲတွင် နေ့လယ်စာ အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံကြောင်းနှင့် အခမ်းအနားမစမီ အဆိုတော် ခိုင်ဇော် သီဆိုထားသော “ငါရို့ပြည်ကို ငါရို့အုပ်ချုပ်မေ” ရခိုင်နိုင်ငံတော်သီချင်းကို ဖွင့်ကာ ပြိုင်ပွဲကို စတင်ခဲ့ ကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်