ထိုင်း-မလေးရှား နယ်စပ်မှာ မြန်မာတွေ ရောင်းစားခံနေရ

E-mail Print
အသက် ၂၇ နှစ်အရွယ် ကိုဝဏ္ဏသည် မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် စားဝတ်နေရေးအတွက် ရုန်းကန်နေရသော မြန်မာရွှေ့ပြောင်း အလုပ်သမား တဦးဖြစ်သည်။

သူသည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ၁၅ ရက်နေ့တွင် အလုပ်ခွင်၌ ရဲကားတစ်စီးရောက်ရှိလာကာ ရဲ ၂ ဦး၏ ဖမ်း ဆီးမှုကိုခံခဲ့ရပြီး မလေးရှားနိုင်ငံရှိ ဗံဒါဗဒါ ရဲစခန်းတွင် ထိန်သိမ်းခံခဲ့ရသည်။ ထို့နောက် ၁၃ ရက်အကြာတွင် တရားရုံး တခုသို့ ရောက်ရှိကာ ထောင်ဒဏ်၂လနှင့် ကြိမ်ဒဏ် တစ်ချက် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် ထောင်ဒဏ်နှင့်ကြိမ်ဒဏ်များချမှတ်ခံရပြီး လွတ်ရက်ပြည့်သော်လည်း ၂၀၀၉ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်း တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးက ကိုဝဏအပါဝင် လူ ၆၀ ခန့်တို့ကို လူမှောင်ခိုပွဲးစားများရှိသော ထိုင်းနိုင်ငံ နှင့် မလေးရှားနယ်စပ် ဂျန်ဂလုံး အရပ်ဒေသရှိ နေအိမ်တခုတွင် ထပ်မံဖမ်းဆီးချုပ်နှောင်ထားကြောင်းလည်း သိရ သည်။   

ထို ဂျန်ဂလုံးဒေသသို့ ရောက်သည်နှင့် လူပွဲစားများက ၎င်းတို့တောင်းသော ငွေကို မပေးပါက ရောင်းစားမည်ဟု ခြိမ်းခြောက်ခံရကြောင်းလည်း ကိုဝဏ္ဏ က ပြောသည်။  

“သူတို့က ကျနော့်ကို မလေးရှားငွေ ၂၃၀၀ တောင်းတယ်၊ မပေးနိုင်လို့ကတော့ တနေကုန်နှိပ်စက်နေ တာပဲ၊ ပြီးတော့ မပေးနိုင်ရင် ထိုင်းဘက်ကမ်းကို ခေါ်သွားပြီးတော့ ငါးဖမ်းသမားလှေတွေဆီ သွားရောင်း လိုက်တာပဲ” ဟု ကိုဝဏ္ဏ က ပြောပြသည်။

ကိုဝဏ္ဏ သည် မလေးရှား လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက လူကုန်ကူးနေသည့်အဖွဲ့များထံသို့ ရောင်းစား ခံရသူ တဦး ဖြစ်သည်။  

“ကျနော်တို့ကို ဖမ်းဆီးထားတဲ့ အိမ်ကနေ ထွက်ပြေးကြတယ် ၊ သိပ်မကြာလိုက်ဘူး ရဲကိုသွားတွေ့တယ် ရဲနဲ့ လူကုန်ကူးနေတဲ့သူတွေက သိနေကြတယ်”ဟုလည်း ၎င်းက ပြောသည်။

ယင်း ကိုဝဏသည် အမေရိကန် နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ အထက်လွှတ်တော် ကော်မတီ၏ လွန်ခဲ့သည့် အပတ် ကြာသပတေး နေ့တွင် ထုတ်ပြန်သော မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများ အကြောင်း“Trafficking and Extortion of Burmese Migrants in Malaysia and Southern Thailand”အစီရင်ခံစာထဲတွင် ပါဝင်သူ များအား ကိုယ်စားပြုသူ တဦးလည်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာသည် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနယ်စပ်တို့တွင် ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမားများ လူကုန်ကူးခံရမှုနှင့် ခြိမ်းခြောက်ငွေညှစ် ခံရမှုများနှင့်ပတ်သက်ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့သူများကို အခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်သည်။    

အစီရင်ခံစာ၌ မလေးရှားနယ်စပ်တကြောရှိ လူကုန်ကူးခံရသူ မြန်မာအမျိုးသမီး အများစုမှာ လူကုန်ကူးသူများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရကြောင်းလည်း ဖော်ပြထားသည်။

“နယ်စပ်ကို ပြန်ပို့ခံရတဲ့ မိန်းကလေးငယ်ငယ်တွေဆိုရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေရှိတယ်၊ သူတို့ ယောက်ျားတွေ ရှေ့မှာကို လူကုန်ကူးတဲ့ လူတွေက စော်ကားတာတွေ ရှိခဲ့တယ်၊ တချို့ မိန်းကလေးတွေဆိုရင် လည်း လိင်ဖျော်ဖြေရေး လုပ်ငန်းတွေကို ရောင်းစားခံကြရတယ်”ဟု အလုပ်သမား အခွင့်အရေးအဖွဲ့တွင် လုပ်ကိုင်နေသူ တဦး၏ ပြောကြားချက်ကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Tenaganita အလုပ်သမား အခွင့်အရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ အီရန် ဖာနန်ဒဇ် ကလည်း ယခုကဲ့သို့ မြန်မာနိုင်ငံသားများကို လူသုံးကုန်ပစ္စည်းများပမာ ခြိမ်းခြောက် ရောင်းချနေမှုများကို အချိန်ကြာမြင့်စွာကပင် ရှုတ်ချ ကန့်ကွက်နေခဲ့ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက IPS သတင်းဌာနသို့ ပြောဆိုသည်။

 “အစိုးရ အရာရှိတွေကိုယ်တိုင်ပါဝင်နေတဲ့ ဒီလူကုန်ကူးမှု ပပျောက်ရေးအတွက် တာဝန်ရှိသူတွေကို အထောက် အထားတွေနဲ့ အမြဲတမ်းတောင်းဆိုခဲ့ပေမယ့် နားထောင်မှုမရှိခဲ့ပါဘူး”ဟု ၎င်းက ဆိုခဲ့သည်။

အဆိုပါ မလေးရှားနယ်စပ် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားများအား လူကုန်ကူးနေခြင်းအပေါ်လုံးဝ ကန့်ကွက်ကြောင်းနှင့် တရားဥပဒေဘောင်အတွင်းမှ တိုက်ဖျက်သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(BWRPC)မှလည်း ယခုလ၂၄ ရက် နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

“လူကုန်ကူးနေတဲ့လူတွေထဲမှာ မလေးရှားအစိုးရရဲ့အကျင့်ပျက် အာဏာပိုင်တချို့ ပါတဲ့ဟာကိုခိုင်လုံတဲ့ အ ထောက်အထားတွေ ကျနော်တို့ရဲ့လက်ထဲမှာရှိနေပြီး အခုတရားစွဲဖို့လုပ်နေတယ်”ဟုလည်း BWRPC မှ တွဲဖက် အတွင်းရေးမှူး ကိုကျော်ထူးအောင်က ဧရာဝတီသို့ ပြောသည်။   

၎င်းက ရရှိထားသည့် သက်သေ အထောက်အထားများအပေါ်အခြေခံ၍ မလေးရှားနိုင်ငံရှိ အစိုးရ မဟုတ်သော (NGO) အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မကြာခင်ရက်ပိုင်အတွင်း တရားစွဲဆို ဖော်ထုတ်သွားမည်ဟုဆိုသည်။

ယင်း ( BWRPC ) အဖွဲ့အစည်းကို လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ကလည်း“ကျနော်တို့ သင့်တော်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကိုလုပ်မှာပါ ။ မလေးရှားမြေပေါ်မှာ လူကုန်ကူးမှုတွေလုပ်တာကို လက်မခံနိုင်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့တွေ အရေးယူဆောင်ရွက်မှုတွေအတွက် အချက်အလက်လိုပါသေးတယ်”ဟု ပြောဆိုကြောင်း အေပီ သတင်းတပုဒ်တွင်ဖော်ပြထားသည်။  

ထို့အပြင် သက်သေအထောက် အထားများအား မလေးရှားနိုင်ငံမှ ၂၀၀၇ ခုနှစ်တွင် အတည်ပြုထားသော လူကုန် ကူးမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုနိုင်ရန် အစိုးရ မဟုတ်သော အဖွဲ့အစည်း (၄) ဖွဲ့တို့မှ တဆင့်ဆောင် ရွက် သွားမည်ဟုလည်း BWRPC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုပ်သမားတဦးလျှင် မလေးရှားငွေ ၂၅၀၀ မှ ၂၈၀၀ အထိ လူကုန်ကူးနေသူများကိုပေးရပြီး BWRPC ၏ စာရင်း ပြုစုထားချက်အရ လူကုန်ကူးခံရသူ စုစုပေါင်း ၃၀၀ခန့် ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်