ဘရာဇီး ဖလားရမည်ဟု အနုပညာရှင်များ မျှော်လင့်

ယခုအခါ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များမှာ ရှုံးထွက် အဆင့် ပြီးပေတော့မည်။ မထင်မှတ်သည့် အဖြစ်အပျက်များ အနေနှင့် နာမည်ကြီး အသင်းများထဲမှ မြန်မာ ပရိသတ် အထူး အားပေးခြင်း ခံရသော အင်္ဂလန်အသင်းက ဂျာမနီကို ဂိုးပြတ်နှင့် ရှုံးကာ ရှုံးထွက် အဆင့်တွင်ပင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ထို့အတူ လက်ရှိချန်ပီယံ အီတလီအသင်းနှင့် ၂၀၀၆ ကမ္ဘာ့ဖလားတွင် ဒုတိယ ရခဲ့သည့် ပြင်သစ် အသင်းတို့လည်း အုပ်စု အဆင့်တွင်ပင် ထွက်သွားခဲ့ရပြီ ဖြစ်သည်။ လက်ရှိတွင် ဘရာဇီးနှင့် အာဂျင်တီးနား တို့က ပန်းပန်လျက် အနေအထား ဖြစ်နေသည်။ တောင်အာဖရိက ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကို ကမ္ဘာအရပ်ရပ်က အားပေး နေသကဲ့သို့ မြန်မာပရိသတ်များလည်း အင်တိုက်အားတိုက် ကြည့်ရှု အားပေးလျက်ရှိပါသည်။ မြန်မာပရိသတ်ထဲတွင် ကမ္ဘာ့ဖလားကို အားပေးကြည့်ရှုနေကြသော နာမည်ကြီး အဆိုတော်၊ ဂီတလောကသားများ ရုပ်ရှင်သရုပ်ဆောင်များနှင့် စာပေလောကမှ တချို့အား ကမ္ဘာ့ဖလားနှင့် ပတ်သက်၍ မည်သို့ ထင်မြင်ယူဆသည်ကို ဧရာဝတီ ဝိုင်းတော်သားများက မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

Lလွန်းဝါ

ကျနော်က ဂျာမနီ နဲ့ အင်္ဂလန် ကိုကြိုက်တယ်။ တကယ်ကြိုက်တာက ဂျာမနီ။ အင်္ဂလန်က သိတဲ့လူတွေ များတယ်။ ဒီနှစ်တော့ အာဂျင်တီးနားနဲ့ ဘရာဇီး အသင်းနှစ်သင်းထဲက တသင်း ရမယ်လို့ ထင်တယ်။ အားကစားသမားတွေ မှာတော့ အကြိုက် သိပ်မတွေ့ဘူး။ အသင်းငယ်တွေက စိတ်ဓာတ်အရ စည်းလုံးမှုရှိတယ်။ အားသွန်ခွန်စိုက် ကစားကြတာ တွေ့ရတယ်။အသင်းကြီးတွေ ကတော့ ဂုဏ်သိက္ခာ အတွက်ပဲ ကစားရတယ်။ ပိုက်ဆံအရ မဟုတ်တော့ သိပ် စိတ်မ၀င် စားကြဘူး ထင်တယ်။

ကော်နီ

ဒီနှစ် ဘယ်အသင်း ဖလားရမလဲ ခက်နေတယ်။ အင်္ဂလန်အသင်းကို အားပေးဖို့ စဉ်စားထားတာ တလွဲတွေ လုပ်တော့ ဘာကို အားပေးရမလဲ မသိဘူး ဖြစ်နေတယ်။

Rဇာနည်

၂၀၁၀ ကမ္ဘာ့ဖလား ပွဲထဲမှာ အမေရိကန် ကြိုက်တယ်။အာဂျင်တီးနားက ဖလားရသွားမယ် ထင်တယ်။ အကြိုက်ဆုံး ကစား သမားက မက်ဆီ (အာဂျင်တီးနား) ပါ။

အနဂ္ဂ

၂၀၁၀ ကမ္ဘာ့ဖလားမှာ ဘရာဇီးကို အကြိုက်ဆုံးပဲ။ ငယ်ငယ် ကတည်းက ကြည့်ဖူးတဲ့ အသင်းတွေထဲမှာ ဘရာဇီးက အကောင်းဆုံးပဲ။ အခုလည်း ကောင်းနေတယ်။ ကလပ်အသင်းတွေက သူတို့ နိုင်ငံက ကစားသမားတွေကို ဈေးအများကြီး ပေးပြီးခေါ်ကြတယ်။ ခေါ်တဲ့လူတွေကလည်း တကယ်တော်ကြတယ်။ အကြိုက်ဆုံး ကစားသမားကို ပြောပါဆိုရင် ဘရာဇီး ကစားသမား အကုန်သဘောကျတယ်။

ဇော်ပိုင်

အကြိုက်ဆုံးက အာဂျင်တီးနားနဲ့ ဘရာဇီးပါ။ အရင်က အင်္ဂလန်ကိုကြိုက် ပေမယ့် ဒီနှစ်တော့ မကြိုက်တော့ဘူး။ အာဂျင်တီးနားနဲ့ ဘရာဇီးက ငယ်ငယ်ကတည်းက ကြိုက်လာတာ။ အကြိုက်ဆုံး ကစားသမားက ရွန်းနီပါ။ အာဂျင်တီးနားနဲ့ ဘရာဇီး တသင်းသင်း ဗိုလ်စွဲမယ် ထင်တယ်။

ဂျင်းနီ

ပေါ်တူဂီနဲ့ ဘရာဇီး ကြိုက်တယ်။ ဘရာဇီးက အရင်ကတည်းက အစဉ်အလာလည်း ရှိတယ်။player ထဲမှာပေါ်တူဂီအသင်းက ခရစ်တီယာနို ရော်နယ်ဒို (ဒိုလေး)ကို  အကြိုက်ဆုံးပါ။

နိုင်ဇော် (Lazy Club)

အကြိုက်ဆုံး အသင်းတွေက တောင်အမေရိကတိုက်မှာ ဘရာဇီးနဲ့ အာဂျင်တီးနား။ ဥရောပ တိုက်မှာက ဟော်လန်နဲ့ ဂျာမနီ ကြိုက်တယ်။ player ထဲမှာ မြောက် ကိုရီးယားက နံပါတ် ၉ ကို ကြိုက်တယ်။ နိုင်ငံတော် သီချင်းဖွင့်ရင် မျက်ရည်ကျတဲ့ အတွက်
အနုပညာ sense ရှိတယ်။ မျက်နှာ မှာဒဏ်ရာတွေနဲ့ ၀ိုင်းဆဲနေတာတောင် ကန်နေသေးတယ်။ ဒီနှစ် အာဂျင်တီးနားနဲ့ ဘရာဇီး ၂ သင်းထဲက တသင်းသင်း ဗိုလ်စွဲမယ်ထင်တယ်။

ဖိုးဇော် (Metal Zone)

ဘရာဇီးနဲ့ အာဂျင်တီးနားကို ကြိုက်တယ်။ player ထဲမှာ အာဂျင်တီးနားက မက်ဆီကို ကြိုက်တယ်။ ဒီနှစ်တော့ အာဂျင်တီးနားနဲ့ ဘရာဇီး ၂ သင်းထဲက တသင်းသင်း ဗိုလ်စွဲမယ်ထင်တယ်။

အစိုင်း (Black Hole)

ဘရာဇီး ကိုအကြိုက်ဆုံးပါ။ ကြည့်ဖူးသမျှ ပွဲတွေထဲမှာ ကြည့်ရတာ အကောင်းဆုံး အသင်းမို့ပါ။ အားလည်း အားရတယ်။ ဘရာဇီး အသင်းက ကစားသမား အကုန် သဘောကျတယ်။

ဇေယျ (သရုပ်ဆောင်)

ဘရာဇီးကို အကြိုက်ဆုံးပါ။ ငယ်ငယ်ကတည်းက အားပေးခဲ့တာပါ။ ကစားသမားဆိုရင် ကာကာ (ဘရာဇီး) ကို ကြိုက်တယ်။ ဖလားကိုတော့ ကျနော် အားပေးတဲ့ ဘရာဇီးဘဲ ရမှာပါ။ ဘရာဇီး ကိုပဲ ရစေချင်တယ်။

ခွန်းဆင့်နေခြည် (သရုပ်ဆောင်)

အကြိုက်ဆုံး အသင်းကတော့ ဘရာဇီးအသင်းပါပဲ။ player ထဲမှာဆိုရင် ပေါ်တူဂီက ဒိုလေး (စီရော်နယ်ဒို) နဲ့ ဘရာဇီးက ကာကာ ကိုကြိုက်တယ်။ ဒီနှစ်ဖလားက ဘရာဇီးပဲ ရမယ်ထင်တယ်။

အော်ပီကျယ်

ဒီနှစ် ကြည့်ရသလောက်က လက်တင်အမေရိက အသင်းတွေက ဥရောပ အသင်းတွေထက် ပိုကောင်းတယ်။ ဥရောပရဲ့ ဘောလုံးနည်းပညာက ကျန်ခဲ့ပြီ။ အင်္ဂလန်ဆို ကြံ့ခိုင်မှု တော်တော်နည်းတာ တွေ့ရတယ်။ ကလပ်အသင်းတွေမှာ ကစားတဲ့ အခါမှာ ဥရောပ ဘောလုံးသမားတွေရဲ့ အနေအထားက မသိသာပေမယ့် နိုင်ငံကို ကိုယ်စားပြုတဲ့ အခါကျတော့ သိသာတယ်။ လက်တင် အမေရိက အသင်းတွေက တယောက်နဲ့ တယောက် နားလည်မှု တော်တော်လေး ရှိတာ တွေ့ရတယ်။ ဒီနှစ်က အာရှနဲ့ အာဖရိက အသင်းတွေလည်း တော်တော် တိုးတက်လာတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလို လုံးဝ ပြတ်ကျန်ခဲ့တာမျိုး မဟုတ်တော့ဘူး။ ဘယ်သူ့ကို အားပေးမယ်ဆိုတာတော့ မရှိတော့ပါဘူး။ ဘယ်သူဗိုလ်စွဲမယ် ဆိုတာလည်း မခန့်မှန်း ချင်တော့ဘူး။

လူမင်း

အကြိုက်ဆုံး ကစားသမားကို ပြောရရင် အာဂျင်တီးနားက မက်ဆီပေါ့။ အသင်းအနေနဲ့ ကတော့ ကမ္ဘာ့ဖလား စ မကန်ခင် ကတည်းက စပိန်ကို ကြိုက်တယ်။ အခု လက်ရှိ ကြည့်ပြီးသလောက် အထိ ပြောရရင် ဂျာမနီ၊ စပိန်၊ အာဂျင်တီးနား၊ ဘရာဇီး ဒီ ၄ သင်းထဲက တသင်းတော့ ဖလားရမယ်လို့ ထင်တယ်။

ဆုပန်ထွာ

အသင်းတွေထဲမှာ ဂျာမနီကို အကြိုက်ဆုံးပါ။ အားလည်းပေးဖြစ်တယ်။ ဘယ်အသင်းနိုင်မယ် ဆိုတာတော့ ကိုယ်က ဘောလုံးအကြောင်း သိပ်နားမလည်တော့ မပြောတတ်ဘူး။ မြန်မာနိုင်ငံမှာက ဘောလုံးပွဲကို သိပ်စိတ်မ၀င်စားဘူး။ တခြားနိုင်ငံတွေမှာဆို အင်တိုက်အားတိုက်ကို တအားပျော်ပြီး အားပေးကြတာ။ ပန်ပန်ကတော့ ဂျာမနီကို ရစေချင်တယ်။ အကုန်လုံးကတော့ တော်နေတာပဲ။ ကစားသမားထဲမှာတော့ စီရော်နယ်ဒိုကို ကြိုက်တယ်။

ငှက်ပျောကြော်

ကျနော်က ဘရားဇီးတို့၊ အာဂျင်တီးနား၊ ဂျာမနီတို့ပဲ ကြိုက်တယ်။ ကစားသမားကတော့ ကျနော် ကြိုက်တဲ့လူတွေကို အကုန် မမှတ်ထားမိတော့ ပြောရခက်နေတယ်။ ဟိုတနေ့ကဆို ဂျာမနီတော်တော်ကြိုက်တယ်။ ဂျာမနီက သပ်သပ်ရပ်ရပ်နဲ့ ရှေ့ရော နောက်ရော ကစားသွားနိုင်တယ်။ အာဂျင်တီးနားတို့ ဘာတို့က အစကတည်းက သိပ်ပြောစရာ မလိုဘူးလေ။ ဘရားဇီးတောင် နည်းနည်းလျော့ချင်တယ်။  အာဂျင်တီးနားနဲ့ ဘရားဇီးကတော့ ကျနော် တော်တော်ကြိုက်တဲ့ထဲ ပါတယ်။ ဘယ်အသင်း ရမလဲဆိုတာကတော့ နည်းနည်းပြောရခက်တယ်။ မမှန်းတတ်သေးဘူးဗျ။

ညီပုလေး

ကျနော်က အသင်းစွဲရှိတယ်၊ ဘရာဇီးပရိသတ်ဗျ။ ဘရာဇီးပဲ ချန်ပီယံဖြစ်လိမ့်မယ် ထင်တယ်။ အခုအချိန်မှာတော့ ဘရာဇီးအနေနဲ့ ခြေကုန်ထုတ် ကစားရမယ့် ပွဲမျိုး မမြင်သေးဘူး။ အာဂျင်တီးနားနဲ့တော့ ဖိုင်နယ်မှာတွေ့မယ် ထင်တယ်။ သူတို့နှစ်သင်း ဖိုင်နယ်မှာ တွေ့ရင်တော့ ပွဲကောင်းပဲ။ ရှုံးတဂိုး နိုင်တဂိုးပဲ။ ဂျာမနီအသင်းကတော့ ကောင်းပါတယ်၊ အင်္ဂလန်နဲ့ ပွဲမှာ လူငယ်တွေ နိုင်ချင်စိတ်နဲ့ ကျားကုတ်ကျားခဲနဲ့ နိုင်ချင်စိတ် ပြင်းပြင်းနဲ့ ကစားသွားတယ်။ ဒီနှစ်ကတော့ မထင်မှတ်တာတွေဖြစ်တာ၊ ထွက်ရတဲ့ အသင်းတွေက ဇော်တွေချည်းပဲ။ အာရှအသင်းထဲမှာ ဂျပန်ကတော့ အတိုင်းအတာ တခုအထိပဲ အောင်မြင်မှာပါ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်