ဆိုင်ကလုန်းမုန်တိုင်းကြားမှ သူရဲကောင်းများ

မြန်မာ နိုင်ငံသား အများ အပြားသည် အနှောင့် အယှက် ပေးခံရခြင်း၊ ဖမ်းဆီး ထောင်ချ ခံရမည့် အရေး ကြားထဲမှ စွန့်စား အရဲကိုးကာ ၂၀၀၈ ခုနှစ် မေလ အတွင်းက နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသည့် ဒုက္ခသည်  ပြည်သူများအတွက် အထောက်အပံ့များ ကူညီပေးပို့ခဲ့ကြသည်။

သဘာဝဘေးဒဏ်ခံ ပြည်သူ ၂ သန်းကျော်အတွက် အစိုးရက အထောက်အပံ့များ အပြည့်အ၀ မပေးခဲ့ရုံမျှမက တရားလက်လွတ် ဥပေက္ခာပြုနေခဲ့သဖြင့် ပိုမို နစ်နာဖွယ်ရှိနေသည့် ပြည်သူများ သက်သာချောင်ချိရေး၊ အသက်ဆက်နိုင်ရေးတွင် ထိုကူညီသူများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

လေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများမှာ အလွှာပေါင်းစုံမှ ပါဝင်ကြခြင်းဖြစ်သည်။ သံဃာတော်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သာမန်ပြည်သူများ၊ အနုပညာရှင်များ၊ ပညာတတ်များ၊ နိုင်ငံရေးအတိုက်အခံများနှင့် ဘာသာရေး အလှူအတန်းပြုသူများ စသဖြင့် ကဏ္ဍပေါင်းစုံမှ ပြည်သူများ ဖြစ်သည်။

သီတဂူဆရာတော်ဟု လူသိများသော ဆရာတော် ရှင်ဥာဏိဿရ က ဦးဆောင်၍ မုန်တိုင်းသင့် မြို့နယ် ၆ ခု အတွင်းရှိ ဘုန်းကြီးကျောင်း ၁,၃၀၀ ကျော်နှင့်  ကျေးရွာ ၉၀၀ ကျော် အတွက်  နေရာထိုင်ခင်း အကူအညီနှင့် ရွှေ့ပြောင်းဆေးပေးခန်း အပါအ၀င် ကယ်ဆယ်ရေးပစ္စည်းများကို စုစည်း ကူညီပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ လူသိအများဆုံး လူရွှင်တော် ကိုဇာဂနာ သည်လည်း အားကစားအယ်ဒီတား ကိုဇော်သက်ထွေး ၏ ပူးပေါင်းကူညီမှုဖြင့် လေ ဘေးသင့် ဒေသအတွင်း အကူအညီများ ဖြန့်ဝေပေးရန် စေတနာ့ဝန်ထမ်း ၄၀၀ ခန့် ပါဝင်သော အဖွဲ့တဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။ ၎င်းတို့၏ အားထုတ်ချက်များအပေါ် စစ်အစိုးရက မည်သို့မျှ အသိအမှတ် မပြုရုံမက ဖမ်းဆီးခြင်း၊ ထောင်ချခြင်းတို့ဖြင့် တုံ့ပြန်သည်ကိုသာ ကြုံခဲ့ရသည်။ စစ်အစိုးရက မကြာသေးမီက ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပြီး၊ ကိုဇော်သက်ထွေးကိုလည်း ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့သည်။

အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုံးကြိုင် သည်လည်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအတွင်းသို့ ကယ်ဆယ်ရေးလုပ်သားတစုဖြင့် ခရီးသွားပြီးအပြန်တွင် အဖမ်းခံခဲ့ရသည်။ သူ၏ လက် ထောက် ဒေါက်တာအေးကြူ က မုန်တိုင်းသင့် ပြည်သူများအတွက် ဆေးကုသပေးခဲ့ပြီး ပြည်ပအခြေစိုက် သတင်းဌာနများသို့ မုန်တိုင်းနောက်ဆက်တွဲ အခြေအနေများကို ပြောပြခဲ့သည်။

တန်ဖိုးမဖြတ်နိုင်သော အကူအညီများပေးခဲ့သည့် အလှူဒါနလုပ်ငန်းများအနက် တခုမှာ အခမဲ့နာရေးကူညီမှု အသင်း ဖြစ်သည်။ ထိုအဖွဲ့သည်လည်း အာဏာပိုင် များ၏ အနှောင့်အယှက်ကို ခံခဲ့ရသည်။

ကယ်ဆယ်ရေး အထောက်အပံ့များပေးခွင့်ရရန် ကြိုးပမ်းမှုတွင် နိုင်ငံတကာ၏ ပါဝင်မှု အတိုင်းအတာသည်လည်း အရေးပါသော အချက်ဖြစ်သည်။  

နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပြီး ရက်သတ္တပေါင်းများစွာ ကြာသည်အထိ ကယ်ဆယ်ရေး လုပ်သားများသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စုရုံးနေခဲ့ကြပြီး မြန်မာနိုင်ငံသို့ ၀င်ခွင့်ရမည့်အရေးကို စောင့်ဆိုင်းနေခဲ့ကြရသည်။ တချို့က အလည်အပတ် ခရီးသွား ဗီဇာဖြင့် တိုင်းပြည်အတွင်းသို့ ၀င်ရောက်၍ ကူညီနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း မုန်တိုင်းသင့်ဒေသများဆီသို့ အသွား စစ်ဆေးရေးဂိတ်များမှ မောင်းထုတ်သဖြင့် ပြန်လှည့်လာ ခဲ့ကြရသည်။

တချိန်တည်းတွင် တိုင်းပြည်အတွင်း ရှိနေပြီးသားဖြစ်သည့် အနည်းငယ်မျှသော နိုင်ငံတကာအန်ဂျီအို အဖွဲ့အစည်း များကလည်း လက်ရှိလုပ်ကိုင်နေသည့် စီမံကိန်းများ၏ အရင်းအမြစ်များကို အကူအညီ ပိုမို လိုအပ်နေသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ အသက်ရှင်ကျန်ရစ်သူများထံသို့ လွှဲပြောင်းပေးပို့ ခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ နေပြည်တော် ခရီးစဉ် အပြီး မေလကုန်ပိုင်း တွင်မှ စစ်အာဏာပိုင်များက နိုင်ငံခြားမှအကူအညီများကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ပေးရန် သဘောတူ ခဲ့ကြသည်။

နောက်ဆုံးတွင် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှု အောက်မှတဆင့် ပိုမိုကျယ်ပြန့်သော အကူအညီပေး ရေး လုပ်ငန်းများကို မုန်တိုင်းသင့်ဒေသအတွင်း စတင် လုပ်ဆောင်နိုင်ခဲ့သည်။  ထို သုံးပွင့်ဆိုင် အုပ်စုတွင် ကုလသမဂ္ဂအဖွဲ့၏ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်များဦးဆောင်ကာ  နိုင်ငံတကာ အိုင်အန်ဂျီအိုများမှ ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

အခြေကျ အောင်မြင်နေပြီးသား နိုင်ငံတကာ အန်ဂျီအို တော်တော်များများသည်လည်း အကူအညီပေးရေး လုပ် ငန်းများတွင် အဓိက အခန်းကဏ္ဍမှ ဆက်လက် ပါဝင်လုပ်ဆောင်နေဆဲ ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် မြန်မာပြည်၌ စတင်လုပ်ကိုင်နေသော နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ယခုနှစ်ကုန် အထိ မြစ်ဝကျွန်းပေါ်ဒေသအတွင်း ဆက်လက်ရှိနေမည်ဟု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်းတွင် အကြီးဆုံး သော နိုင်ငံတကာ အန်ဂျီအိုတခုဖြစ်သည့် Save the Children အဖွဲ့ကလည်း ၎င်း၏ လုပ်ငန်းများ နှစ်ပေါင်းများ စွာ ဆက်လက်လုပ်ဆောင်ရလိမ့်ဦးမည်ဟု ဆိုခဲ့သည်။

ဗြိတိန်အခြေစိုက် ဆေးဝါးအလှူရှင်အဖွဲ့တခု ဖြစ်သည့် မာလင်း ကဲ့သို့သော နိုင်ငံတကာ အန်ဂျီအိုများသည် မြန်မာနိုင်ငံအတွက် အသစ် ဖြစ်နေသေးသည်ဟု ဆိုရမည် ဖြစ်သည်။ မြန်မာပြည်အတွင်း ၂၀၀၄ ခုနှစ်မှ စတင်၍ လုပ်ဆောင်ခဲ့သည့် မာလင်း အဖွဲ့၏ ကျန်းမာရေးလုပ်သား ၅၅၀ အနက် ၉၅ ဦးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်