စစ်သူနာပြု ကျောင်းဆင်းများရဲ့ မရေရာသော အနာဂတ်

ကျနော်တို့ဟာ “တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်” (Defence Services Institute of Nursing and Paramedical Science - DSINPS) မှ ကျောင်းဆင်းများဖြစ်ပါတယ်။ ကျနော်တို့ဟာ ၄ နှစ်တာ ပညာသင်ယူခဲ့ပြီး ကျောင်းဆင်းခဲ့သည်မှာလည်း ယခုချိန်အထိ အပတ်စဉ် (၈) ရှိပါပြီ။ ဒါပေမယ့်လည်း အခုအချိန်အထိ ကျနော်တို့ကိုယ်တိုင်ရော တပ်မတော်တခုလုံးကပါ ကျနော်တို့ကို မည်သည့်အဆင့်အတန်းမှန်း သေချာမသိကြသေးပါဘူး။ ဘာကြောင့်လဲဆို အခုထိ ကျနော်တို့ကျောင်းဆင်းများကို တိကျသေချာသော စစ်ဘက်ဆိုင်ရာ ရာထူး အခေါ်အဝေါ် မရှိသေးလို့ပါပဲ။ တိကျတဲ့ အဆင့်အတန်း သတ်မှတ်ပေးခြင်းမရှိသေးလို့ပါပဲ။

10.8သူနာပြုဆိုလျှင် သူနာပြု၊ အထက်တန်းသူနာပြု၊ သူနာပြုဆရာကြီး စသည်ဖြင့်၊ ကျန်တဲ့ ဆေးဘက်ပညာသည်များ ဆိုလျင်လည်း ကျွမ်းကျင် တတိယတန်း၊ ဒုတိယတန်း၊ ပထမတန်း စသသည်ဖြင့် အခေါ်အဝေါ်တွေပဲ ရှိပါတယ်။ ဒါတွေက အရပ်ဘက်ဆိုင်ရာ ရာထူးသတ်မှတ်ချက်များ ဖြစ်ပါတယ်။

ကျနော်တို့ ကျောင်းဆင်းများဟာ သင်တန်းကာလ ၄ နှစ်ကို အလွယ်တကူ ဖြတ်သန်းလာခြင်း မဟုတ်ပါဘူး။ နောက်ပြီး ကျောင်းဆင်းတော့လည်း ခြေလျင်တပ်စုမှူးသင်တန်း တက်ရောက်ခဲ့ရ သလို ခြေလျင်တပ်ခွဲမှူး သင်တန်းနဲ့ ခြေလျင် တပ်ရင်းမှူး သင်တန်းများကိုလည်း တက်ရောက်ရမယ်လို့ ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ကျောင်းဆင်းပေးခဲ့စဉ်က မိန့်ကြားထားခဲ့ပါတယ်။ အဲဒီလိုတွေလုပ် နေရပေမယ့် ကျနော်တို့ဟာ ယခုချိန်အထိ လုံးဝအသိအမှတ်ပြု မခံရသေးပါဘူး။

အဲဒီအပြင် ကျောင်းဆင်းပြီးနောက် တပ်မတော် စစ်ဆေးရုံတွေကို တာဝန်ကျတဲ့အခါတွေ ကြုံရတဲ့ ဒုက္ခအခက်အခဲများကိုလည်း ရင်ဖွင့်ချင်ပါသေးတယ်။ “မင်းတို့ဘာကောင်လဲ” ဆိုတဲ့ အမေးမျိုးကတော့ ကြားနေကြစကားသံများပဲ ဖြစ်ပါတယ်။ စစ်သည် အဆင့်အတန်းမရွေးက ပြောခြင်းဖြစ်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အချို့သော တပ်မှူးများကအစ ကျနော်တို့ ကျောင်းဆင်းများကို အပြန်အလှန် လေးစားမှု မပြုဘဲ အခြေအမြစ်မရှိသည့် လူများအဖြစ် ဆက်ဆံသောကြောင့် တခြားအရာရှိများ၊ တခြားအဆင့် ဆရာကြီးများကပါ နှိမ်ချဆက်ဆံတာကို ခံနေရပါတယ်။

ကျနော်တို့လည်း စစ်ဘက်တက္ကသိုလ်ကို ၄ နှစ် ကျောင်းတက်ပြီးမှ ကျောင်းဆင်းထားတဲ့ ဘွဲ့ရသူနာပြုတွေ ဖြစ်တဲ့အပြင် တော်တော်များများဟာလည်း ခြေလျင်တပ်စုမှူး သင်တန်းပြီးထားတဲ့ တပ်မတော်သားတွေပါပဲ။ အဲဒီလို ပြုမှုခံရတဲ့အတွက် စိတ်ဓာတ်များ၊ ခံယူချက်များ ပျက်ပြားကုန်ကြပါတယ်။ ဒါ့အပြင် ကျနော်တို့အတွက် နေအိမ်ခန်းများကိုလည်း တိတိကျကျ သတ်မှတ်ပေးထားခြင်းမရှိ၊ ဖြစ်သလို ထားပါတယ်။ ဘက်ပေါင်းစုံရဲ့ ဖိနှိပ်မှုတွေကိုလည်း ခံနေရတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ၊ ကျနော်တို့တွေရဲ့မျှော်လင့်ချက်တွေဟာ တစစနဲ့ပျက်သုဉ်းခဲ့ရပါတယ်။

သို့ဖြစ်ပါသောကြောင့် “တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်” ကျောင်းမှ မွေးထုတ်ပေးလိုက်သော တပ်မတော်သားသည် ဆေးပညာလောက အတွက်ပါမက နောင်အနာဂတ် ပြည်သူအကျိုး သယ်ပိုးနိုင်သော စစ်သားကောင်း တယောက်ဖြစ်နိုင်ရန်အတွက် ကျနော်တို့၏ စိတ်ဓာတ်များ၊ ကျနော်တို့၏ ပညာအရည်းအချင်းနှင့် လျှော်ညီသော ရာထူးအဆင့်အတန်းနှင့် အခွင့်အရေးများကို သက်ဆိုင်ရာ လူကြီးများအနေဖြင့် ပြုပြင်ပြောင်းလဲပေးပါရန် သတင်းပို့ မေတ္တာရပ်ခံပါတယ်။

(ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်တွင် စစ်သူနာပြု တက္ကသိုလ်အဖြစ် ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်သည်။ ၂၀၀၂ တွင် ဆေးဘက်ဆိုင်ရာ ဘာသာရပ်များပါ တိုးချဲ့သင်ကြားပေးပြီး ၂၀၀၃ တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့သည်။ သူနာပြုဆိုင်ရာ ရိုးရိုးဘွဲ့နှင့် မဟာဘွဲ့၊ ဆေးဘက်သိပ္ပံဆိုင်ရာ ရိုးရိုးဘွဲ့များ ပေးအပ်သည်။)
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်