မန္တလေးက ညတွင်းချင်း ပြောင်းလဲသွားတဲ့ မဲရလဒ်

အဖြုရောင် ပလတ်စတစ်ပုံး အတွင်းသို့ အညိုရောင် ကတ်ထူစာရွက် ၃ ရွက်မြောက် ထိုးထည့်အပြီး မှတ်ပုံတင်ကို ညာဘက်လက်တွင် ဆုပ်ကိုင်ကာ တာဝန်တခုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးသော ဟန်မာန် အပြည့်ဖြင့် မဲရုံအတွင်းမှ ထွက်လာရင်း “ခြင်္သေ့မဟုတ်တဲ့ အကွက်တွေကို အမှန်ပေးခဲ့တယ်” ဟု ဒေါ်တင်သိန်းက မဲရုံအ၀တွင် ထိုင်နေသော တာဝန်မှူးများကို မလုံမလဲ လှမ်းကြည့်ရင်း မိတ်ဆွေအပေါင်းအသင်းများကို ပြောသည်။

mdy-Election01 မန္တလေးမြို့ ချမ်းအေးသာစံရပ်ကွက် ၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားရှိ ဓမ္မာရုံတွင် ပြုလုပ်ထားသည့် မဲရုံ (၁) သည် လူအ၀င်အထွက် ခပ်ကျဲကျဲဖြင့် လှုပ်ရှားသက်ဝင်နေသည်။

“ဟဲ့ မိန်းမတွေ ဘယ်ဟာကိုထည့်ခဲ့တုန်း၊ ကျနော်တို့ကို အကျိုးပြုမယ့်လူကို အမှန်ပေးနော်” ဟု မဲပေးပြီးသည့်တိုင် မဲထည့်မည့်သူများကို တိုက်တွန်းပြောနေသည့် ဒေါ်တင်သိန်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ်လောင်းတဦးက မျက်စိနောက်နေဟန်ရှိသည်။

မန်းသူမန်းသားများသည် နိုဝင်ဘာ ၇ရက်နေ့ ပါတီစုံ အထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ မဟုတ်သော တခြားတခြားသော ပါတီများမှ ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲထည့်ခြင်းဖြင့် အပြောင်းအလဲဖြစ်လာနိုင်ရန် မျှော်လင့်တကြီး မဲရုံများသို့လာကြသည်။

မန္တလေးတိုင်းအတွင်း မဲပေးခွင့်ရှိသော မဲဆန္ဒရှင်အရေအတွက်မှာ စုစုပေါင်း ၆၈၇၇၄၅၁ ဦး ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ၀ံသာနု NLD၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်၊
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ကြံ့ဖွံ့ပါတီတို့ ယှဉ်ပြိုင်ကြသည်။

မဲဆန္ဒနယ်အသီးသီးရှိ မဲရုံဝန်းကျင်တွင် မဲလာရောက်ထည့်သူများ နည်းသည်ထက်နည်းလာပြီး မဲရုံပိတ်ချိန် ညနေ ၄ နာရီကျော်အချိန်ကို ရောက်လာခဲ့သည်။

အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ်များတွင် NDF မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးတင်အောင်အောင်က “ မြို့နယ် ၂ မြို့နယ်မှာ တော်တော်ကို ရလဒ်ကောင်းတယ်။ ပုသိမ်ကြီးမြို့နယ် တခုပဲ စောင့်ကြည့်ရတော့မယ်။ မန္တလေးတိုင်း တတိုင်းလုံးမှာ NDFရလဒ် တော်တော်ကောင်းနေတယ်” ဟု နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြောသည်။

မဲရုံတိုင်းတွင် မဲရေတွက်ပြီးနောက် NDF၊ ခွပ်ဒေါင်း၊ ကဒေါင်းစသော အမှတ်တံဆိပ်များက အရေအတွက်များကြောင်း သတင်းများ ထွက်ပေါ်လာသည်။

“ကျမတို့ မဲထည့်လိုက်ရကျိုး နပ်ပြီဟေ့။ မဲအရေအတွက်များတဲ့ ပါတီတွေထဲမှာ ကြံ့ဖွံ့မပါဘူး။ ဒီည စိတ်ချစွာ အိပ်နိုင်ပြီ” ဟု ပြောရင်း ဒေါ်တင်သိန်း စိတ်ချလက်ချ အိပ်ခဲ့သည်။

ရွေးကောက်ပွဲနေ့ရက်တွင် ပိတ်ထားသောဆိုင်များ စည်ကားစွာ ပြန်လည်ဖွင့်လှစ်လာသောကြောင့် နိုဝင်ဘာ ၈ ရက်နေ့သည် ပြန်လည်နိုးကြွ လှုပ်ရှားနေသည်။

မနက်တွင် ဈေးခြင်းတောင်းကို ဆိုင်ကယ်ခြင်းအတွင်းထည့်ကာ နေအိမ်ခြံအ၀မှ စတင်ထွက်ရန် ခြံတံခါးဖွင့်ဖွင့်ချင်း ကြားရသော သတင်းများကြောင့် ဒေါ်တင်သိန်း ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်နေမိသည်။

“ပြည်ခိုင်ဖြိုး နိုင်သွားတယ်တဲ့တော်။ ကြိုတင်မဲတွေနဲ့ နိုင်တာ” ဟု ကြားလိုက်ရသော်လည်း စိတ်ထဲတွင် မဖြစ်နိုင်ပါဘူးဟု တွေးရင်း ဈေးသို့မောင်းထွက်ရာ လမ်းတလျှောက်တွင်လည်း “ပြည်ခိုင်ဖြိုးပါတီ နိုင်တယ်” ဆိုသော စကားသံများဖြင့် ဆူပွက်နေသည်။

ပုသိမ်ကြီးမြို့နယ်တွင် ၀ံသာနု NLDပါတီမှ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်နန်းရွှေကြာက “ယုံကြည်လို့ ပူးပေါင်းဆောင်ရွက်လိုက်တာ ဖိအားတွေ ပါလာတယ်။ ကျမရဲ့ ရလဒ်ကလည်း မကောင်းခဲ့ပါဘူး” ဟု ဆိုသည်။

ယခုကျင်းပခဲ့သော ရွေးကောက်ပွဲနှင့်ပတ်သတ်၍ ဒီမိုကရေစီ အင်အားစုတခုလုံးအနေဖြင့် ထိခိုက်နစ်နာခဲ့ပြီး
သင်ခန်းစာတခုလည်းဖြစ်ကြောင်း ဒေါ်နန်းရွှေကြာက ပြောသည်။

ရွေးကောက်ပွဲကျင်းပပြီး ညနေပိုင်းတွင် မန္တလေးတိုင်းတခုလုံး NDFမဲအရေအတွက် များကြောင်း သတင်းပြန့်ခဲ့သော်လည်း NDF မှ ဦးတင်အောင်အောင်က “ မန္တလေးမှာ အမျိုးသားလွှတ်တော်ရော ပြည်သူ့လွှတ်တော်ရော ၃၂ ယောက်ပြိုင်တယ်။ ၃၂ ယောက်လုံး ရှုံးပါတယ်” ဟု ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်အသီးသီးတွင် ကြံ့ဖွံ့ပါတီ မဲအရေအတွက် နည်းသည်ကို မျက်မြင်ကိုယ်တွေ့ သက်သေရှိသော်လည်း ရလဒ်ထွက်သောအခါ ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ်လောင်းများက သာနေသည်။

ရွေးကောက်ပွဲအပြီး နောက်တရက်တွင် အများပြည်သူရှေ့၌ ရေတွက်ထားသော မဲစာရင်းများ ပျောက်ကွယ်သွားခဲ့ပြီ။

ဒေါ်တင်သိန်းကမူ “သြော် မျက်စိခဏ မှိတ်ပြီးတော့တောင် မအိပ်ရဲတော့ပါလား” ဟု သက်ပြင်းချချပြီး မူလည်းမပြောင်း လူလည်းမပြောင်းသော စနစ်အတိုင်း ဆက်လက်အသက်ရှင်ဖို့ အားပြန်တင်းရင်း နာရီပိုင်းအတွင်း အပြောင်းအလဲကြမ်းသည့် မဲစာရွက်များကို မြင်ယောင်နေမိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်