ဒေါ်အောင်ဆန်းစုကြည်ကို ရှာဖွေခြင်း

ဂျပ်စတင်ဝင်းတဲလ် (Justin Wintle) က ဒေါ်အောင်ဆန်းစုကြည်အကြောင်း အတ္ထုပ္ပတ္တိစာအုပ်သစ် တအုပ်ရေးသည်။ မြန်မာနိုင်ငံဒီမိုကရေစီခေါင်းဆောင် အကြောင်းကို စာဖတ်ပရိသတ်များအတွက် ထဲထဲဝင်ဝင် မိတ်ဆက်မပေးနိုင်ခဲ့ဟု ဆိုရမည်။

ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း စာအုပ်တွင် အခန်း ၄ ခန်းရှိ သည့်အနက် ဒုတိယအခန်းမှသာ စာဖတ် သူများအတွက်မြင်သာထိတွေ့စေနိုင်ခဲ့သည်။ ထို့အပြင်ပြောရလျှင် ပထမ အပိုင်း က ရှည်လျားလွန်းနေသည်။ အချို့သူများက သူ၏အမှားမှာ စာလေးလွန်းခြင်းဟု ဆိုကြပေမည်။ သို့သော် အချို့သော သူများကမူ မြန်မာနိုင်ငံ၏သမိုင်းကို မတို့ထိ မဖော်ပြဘဲ ယနေ့ဖြစ်ပျက်နေ သောမြန်မာနိုင်ငံ၏ မပြီးမစီးနိုင် ပဋိပက္ခ သံသရာ ကို နားလည်ရန်မဖော်ပြနိုင်ဟု ဆိုကြမည်ထင်ပါသည်။

ဝင်းတဲလ်အနေဖြင့် နာမည်ရသည့်စာအုပ်ကောင်းများစွာရေးခဲ့ဖူးပါသည်။ သို့သော် သူ၏အားနည်းချက်က အဓိပ္ပာယ်ေ၀၀ါးမသဲကွဲ စရာဝေါဟာရတွေကို ရွေးချယ် သုံးလေ့ရှိခြင်းပင်။ ဤသို့ရေးသည်ကို နိုင်ငံတကာရှိ စာဖတ်ပရိသတ်များက ကြိုက်လေ့မရှိပါ။ သို့သော်စာဖတ်သူများအနေ နှင့် သည်းခံစေလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော သူ၏အတ္ထုပ္ပတ္တိစာအုပ်က ဒုက္ခရောက်နေသည့် တိုင်းပြည်၊ အံ့သြဖွယ်လှပသည့်တိုင်းပြည်ရှိ သူမ၏အခန်းကဏ္ဍကို ခြုံ၍သဘောပေါက် မြင်တွေ့စေနိုင်ပါသည်။

အကောင်းဆုံးသောအခန်းမှာ သူမအသက်အန္တရာယ် သေလောက်အောင်ဖြစ် စေခဲ့သော ၁၉၈၉ အစောပိုင်း ဓနုဖြူတွင် စစ်တပ်နှင့်ထိပ်တိုက်တွေ့ရမှုနှင့် ၂၀၀၃ မေ ဒီပဲယင်းလုပ်ကြံမှုကြီးတို့ကို စိတ်လှုပ်ရှားဖွယ် ကွင်းကွင်းကွက်ကွက် ပေါ်လာရန် ဖော်ပြနိုင်ခြင်းဖြစ်သည်။ ဒီပဲယင်းတွင် သူမကိုထောက်ခံသူအများအပြား သေကြေခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည် လည်း တဖန်ပြန်၍ အဖမ်းခံရသည်။ ရန်ကုန်မြို့ရှိနာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်သို့ပင် ခဏတာပို့၍ ထိန်းသိမ်းခံခဲ့ရပါသေးသည်။ နောက်ပိုင်း မပြီးမစီးနိုင်သည့် နေအိမ်အကျယ်ချုပ် သံသရာကို ပြန်ကျော့ရပြန်သည်။

သူမကို အတင်းအကျပ်ထိန်းသိမ်းထားခြင်းကြောင့် ၀င်းတဲလ်အနေဖြင့် သူအတ္ထုပ္ပတ္တိရေးသောဇာတ်ကောင်နှင့် တိုက်ရိုက် ထိတွေ့ခွင့် မရှိခဲ့ပါ။ ဤအတွက်လည်း စာရေးသားဖော်ပြရာတွင် မပီပြင်ရမှုအပေါ် အလွန်ဆီလျှော်သောဆင်ခြေများ ရှိနေ ပါသည်။ ဤအတွက်ကြောင့် စိတ်ကို လှုံ့ဆော်နိုင်လွန်းလှသော သြဇာရှိသူ၊ စည်းမျဉ်းမူဝါဒများအပေါ် ခိုင်ကြည်သူ၊ အထူး ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခံသူ ဒေါ်အောင်ဆန်းစုကြည်၏ အတွင်းသရုပ်သကန်ကို အနည်းငယ်မျှသာတို့ထိနိုင်ခဲ့ပါသည်။

ယခုစာအုပ်တွင်လည်း နောက်ထပ်တကြိမ် မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်း ဂျူနီယာ၊ နယ်လ်ဆင် မင်ဒဲလားတို့၏ အကြမ်း မဖက်ရေးမူများကို သူမက အထူးစွဲမြဲကြောင်း ထပ်မံကြားကြရပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ့အဖေ၏သမိုင်းကို အကောင်းဘက်ကပို၍ မြင်ခဲ့သည်ဟု ၀င်းတဲလ်က မှန်ကန်စွာလေ့လာ ဖော်ပြခဲ့ပါသည်။ စာရေးသူက ဖော်ပြရာတွင် အဖေနှင့် သမီးကို ပိတ်စတခုတည်းမှဖြတ်ယူချုပ်လုပ်ထားသည့်ပမာ ဖော်ပြခဲ့ သော်လည်း ၎င်းတို့အကြားကွဲပြားလှသည့် အကြမ်းဖက်မှုအပေါ်သဘောထားကို လုံလောက်အောင် ရှင်းလင်းမြင်သာစေခဲ့ ခြင်း မရှိခဲ့ပါ။

မကြာခဏဆိုသလို ဒုတိယလွတ်လပ်ရေး အရေးတော်ပုံတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေကြောင်း ဖော်ပြ ကြပါသည်။ ဤတကြိမ်တွင်တော့ တိုင်းပြည်ကိုသိမ်းပိုက်ကျွန်ပြုနေသော ပြည်တွင်းဖြစ်စစ်တပ်ကို ရင်ဆိုင်နေရခြင်းဖြစ်ပြီး ကိုလိုနီအင်ပါယာရှင်များနှင့်ခြားနားသည်ဟု ဆိုကြပါသည်။ သို့အတွက်ကြောင့် အမျိုးသားလွတ်မြောက်ရေးအတွက် အင်အားသုံး တော်လှန်ခဲ့ခြင်းကို တရားကြောင်း သူမဖခင်က ဆုံးဖြတ်ခဲ့သည်ဟု ဆိုပါသည်။

အမှန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်က သူမအဖေအကြောင်း ကောင်းကောင်းမသိရခင်တွင်ပင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြမ်းဖက်မှုများအောက်၌ ဗိုလ်ချုပ်အောင်ဆန်း အသက်ဆုံးရှုံးခဲ့ရပါသည်။ သွေးထွက်သံယိုဖြစ်နေ၍ မြန်မာနိုင်ငံအတွက် အကျိုးမရှိနိုင်ဟု သူမယုံကြည်လက်ခံလျှက် ကြီးပြင်းလာရသူဖြစ်ပါသည်။ သို့အတွက်ကြောင့်လည်း ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့က အာဇာနည်ဗိမ္မာန်သို့ လူစုလူဝေးနှင့်ချီတက်ရန် သူမက ခေါ်ယူစီစဉ်ထားခဲ့သည်ကို ပြန်လည်ဖျက်သိမ်းခဲ့ခြင်း ဖြစ်နိုင်ပါသည်။

ဤအခြေအနေက ရန်ကုန်မြို့လမ်းမများပေါ်တွင် ထပ်မံ၍ သွေးရောင်လွှမ်းစေဦးတော့မည် မဟုတ်ပါလား။ ဤအချိုး အကွေ့ကပင် သူမ၏အတိုက်အခံဘ၀လမ်းကြောင်းကို အဆုံးအဖြတ်ပေးသည့်အချိုးအကွေ့ဟု ဆိုနိုင်ပါသည်။ ယင်းသို့ ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် စစ်အစိုးရက သူမကိုဖမ်းဆီး၍ နေအိမ်အကျယ်ချုပ် ၆ နှစ်ချထားခဲ့ပါသည်။ သူမကို ဝေဖန်ကြ သူများက အာရှတိုက်၏ညစ်ညမ်းသော၊ ပြင်းထန်ကြမ်းတမ်းသော နိုင်ငံရေးကစားပွဲအတွင်း၌ သူမကသူတော်စင် ဆန်လွန်း နေသည်ဟုလည်း မြင်ကြပါသည်။

များသောအားဖြင့် ၀င်းတဲလ်က မြန်မာနိုင်ငံ၏အဓိကပြဿနာများကို အပေါ်ယံရှပ်၍ဖော်ပြသွားခဲ့ပါသည်။ အတွင်းကျကျ လေ့လာ၍ဖော်ပြမည်ဆိုလျှင် ဖြစ်နိုင်သော်လည်း ဤသို့လုပ်ရန် သူ ပျက်ကွက်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သောသူများထံ ၀င်ထွက်တွေ့ခွင့်ရှိကြောင်းလည်း သူ့စာတွင် ဖော်ပြထားခဲ့ပါသည်။ ဤအတွက်ကြောင့်ပင်လား မသိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်တို့၏ ဆက်ဆံရေး အကြောင်းဖော်ပြချက်သည် အကောင်းဆုံးဟု ဆိုရပေမည်။

မိုက်ကယ်အဲရစ်က အောက်စဖို့ဒ်တက္ကသိုလ်ထွက် ပညာရှင်တဦးဖြစ်၍ ၁၉၉၉ ခု နှစ်ဆန်းပိုင်းတွင် ဆီးကျိတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ သူ မဆုံးခင် နောက်ဆုံးခရီးအဖြစ်မြန်မာပြည် အလည်လာရန်ကို စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။ သူတို့ဇနီးမောင်နှံဆက်ဆံရေးက တဦးနှင့်တဦး အပြန်အလှန်အပေးအယူရှိသော ဆက်ဆံရေး ဟုဆိုရမည်။ နှစ်ဦးစလုံးက စိတ်ထားမြင့်မားကြပြီး နက်နက်ရှိုင်းရှိုင်းလည်း သံယောဇဉ်ရှိကြသည့် စံထားဖွယ် ဆက်ဆံရေး မျိုး ဖြစ်သည်။

မြန်မာနိုင်ငံကောင်းစားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏မိသားစု စွန့်လွှတ်ပေးဆပ်ခဲ့ရမှုများက သာမန်လူများ အတွက် မစွမ်းနိုင်သည့်ကိစ္စပင် ဖြစ်သည်။ သူမခင်ပွန်းနှင့် တွေ့ဆုံခွင့်မပေးနိုင်လောက်အောင် ရက်ရက်စက်စက်ပြုမူ ငြင်းပယ်ခံရရုံမျှမက ယနေ့ ကာလတွင်လည်း သူမက လူတွေနှင့်ဝေး၍ အထီးကျန်ဖြစ်နေသည့် အခြေအနေတွင် ထိန်းသိမ်း ခံထားရသည်။ သူမ၏မြေးများကို မြင်တွေ့ခွင့်မရ။ အချို့ကဆိုလျှင် သူမ၏သားကိုပင် လမ်းတွင်ဆုံပါက မှတ်မိနိုင်ဖွယ် မရှိသော အခြေအနေဟု မှတ်ချက်ပေးသည်။ သို့သော်လည်း သူမက အခြားသူများ၏ဒုက္ခများကို ထူးထူးခြားခြား စာနာ အမှတ်ရနေတတ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ မထိုက်မတန်နစ်နာဆုံးရှုံးခံရသူတဦးမှာ ဂျိမ်းစ် လင်းဒါ လီယို နစ်ကိုးလ်စ်ဖြစ်သည်။ သံတမန် အသိုင်းအ၀န်းတွင် ထင်ရှားလေးစားခံရသူတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မိသားစုနှင့် ရှေးယခင်ကတည်းက မိတ်ဆွေ ဖြစ်လာခဲ့သူလည်း ဖြစ်သည်။ နစ်ကိုးလ်စ်က ဒေါ်အောင်ဆန်းစုကြည်အကူအညီလိုတိုင်း အမြဲအဆင်သင့်ရှိခဲ့သူ ဖြစ်သည်။ ၎င်းသည်လည်း ၁၉၉၆ ခုနှစ်တွင် ထောင်တွင်း၌ ဆေးဝါးကုသခွင့်မရသောကြောင့် အသက် ဆုံးရှုံးခဲ့ရပြန်သည်။ ထောင်ချ ခံရသည့်အကြောင်းမှာ ထူးထူးခြားခြားမဟုတ်။ မှတ်ပုံတင်မထားသော ဖက်စ်စာပို့ လက်ခံစက်ပိုင်ဆိုင်သော အပြစ်ဖြစ်သည်။ ၎င်းထက်သေးငယ်သောပြစ်မှုများဖြင့်လည်း မြန်မာနိုင်ငံသားအများအပြား သတ်ဖြတ် နှိပ်စက်ခံခဲ့ကြရပါသည်။

ဝင်းတဲလ်က နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သော၊ အားထားရလောက်သောကိုယ်ရေးအရာရှိ မသိင်္ဂီနှင့် လူသိရှင်ကြားလမ်းကွဲသွားရပုံကိုလည်း ဖော်ပြခဲ့သေးသည်။ သို့သော်လည်း ၁၉၉၀ ခုနှစ်များနောက်ပိုင်းတွင် ဦးကြည်မောင်နှင့် ဆက်ဆံရေးပျက်ပြား လမ်းခွဲခဲ့ရပုံကိုတော့ ဖော်ပြသည်ကို မတွေ့ရ။ ဦးကြည်မောင်သည် စစ်တပ်က သဘောထားကွဲလွဲ၍ အထုတ်ခံခဲ့ရသော ဗိုလ်မှူးကြီးဟောင်းတဦးဖြစ်ပြီး၊ ၁၉၉၀ ပြည့်နှစ် မေလအထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအပြတ်အသတ်နှင့် အနိုင်ရအောင် ဦးဆောင်လာခဲ့သူလည်း ဖြစ်သည်။

ဝင်းတဲလ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရမတွေ့ခဲ့သောကြောင့် ပို၍မျှမျှတတဖော်ပြနိုင်အောင်ကြိုးပမ်းနိုင်ခဲ့ သည်ဟု ဆိုသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သည့်ကိစ္စများတွင်မူ စူးစူးနက်နက် မရှိခဲ့ပါ။

ထို့အပြင်သူက ယခင်ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတို့အပေါ် အပြစ်မြင်လွန်းလှသည်။ ၎င်းတို့ သည်လည်း ၁၉၈၈ ခုနှစ်တွင် ထင်ရှားသောအတိုက်အခံနိုင်ငံရေးသမားများအဖြစ် လှုပ်ရှားခဲ့ကြသူများဖြစ်ပြီး များမကြာမီ တွင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစေးမကပ်နိုင်ဘဲ လမ်းခွဲခဲ့ကြရသူများဖြစ်သည်။ ဤသို့အကွဲအပြဲများ၊ ဂိုဏ်း ဂဏဖွဲ့မှု များကပင် မြန်မာ့နိုင်ငံရေး၏ သဘာဝဖြစ်နေသည်။

ဝင်းတဲလ်က ဒေါ်အောင်ဆန်းစုကြည်၏ပြောင်မြောက်လှသော တွေးခေါ်မှုအပေါ် ဝေဖန်ကြသည့် ပညာရှင်အချို့ကိုပင် ရွေးချယ် တုံ့ပြန်ခဲ့ပါသေးသည်။ သို့သော်လည်း ကျောင်းသားခေါင်းဆောင်များ၏ အခန်းကဏ္ဍကို သူ၏စာအုပ်တွင် နေရာ ပေးဖော်ပြမှု နည်းပါးသည်ကို တွေ့ရှိရသည်။

ယင်းကျောင်းသားခေါင်းဆောင်များမှာ ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိဌိတံပါက နောက်ပိုင်းတွင် ဆက်လက်အရေးပါမည့်သူများ ဖြစ်လာနိုင်ကြပါသည်။ ထိုသူတို့၏ အကြောင်းဖော်ပြရာတွင် ကြွင်းကျန် ရစ်မှုများ ရှိခဲ့ပါသည်။     ။

(၂၀၀၇ ခုနှစ် ဇွန်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Dominic Faulder ရေးသားသော In Search of Suu Kyi, Book Review ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်)

Dominic Faulder သည် ၁၉၈၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံအကြောင်းသတင်းရေးသားနေသူ ၀ါရင့်သတင်းထောက် တဦး ဖြစ်ပြီး ၂၀၀၁ ခုနှစ် အေးရှားဝိခ် မဂ္ဂဇင်းပိတ်ချိန်အထိ အထူးသတင်းထောက်တဦးအဖြစ် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်