မြို့တော်ရဲ့ ည

Tuesday, 22 May 2007 07:00 ရုပ်သံကဏ္ဍ
Print

ရန်ကုန်မြို့သည် နောက်ဆုံးအကြိမ် ကျနော်ရောက်ခဲ့သော လွန်ခဲ့သည့် (၅) နှစ်က မြို့နှင့်မတူတော့။ လူအများက ယခင်ကလို ဓာတ်ပုံရိုက်ခံရမှာကို စိုးရိမ်ရှက်ရွံ့နေခြင်း မရှိတော့။ သူတို့ကို ကြည့်ရသည်မှာ လူအများနှင့် ပိုမိုပေါင်းသင်း တတ်လာ၊ ပိုယုံကြည်မှုရှိလာပြီး လွတ်လပ်လာပုံရသည်။

လက်ကိုင်ဖုန်းများနှင့် ဗိုလ်ကျနေတတ်သော စစ်ထောက်လှမ်းရေး များလည်း လမ်းထောင့်တိုင်းရှိ သူတို့၏စားကျက်များကို စွန့်ခွာခဲ့ရပြီ ထင်သည်။ အမှောင်များထဲ၌ ထိုသူများ ရှိကောင်းရှိနေ နိုင်ပါသေးသည်။ သို့သော်လည်း သူတို့ဖန်တီးထားခဲ့သည့် စိုးရိမ်တင်းကျပ်နေမှုများက ပြေလျော့သွားခဲ့ပြီ။

{slimbox images/multimedia/CityNight/01.jpg,images/multimedia/CityNight/01-sm.jpg,မှောင်ရီပျိုးပြတွင် မြင်ရသော ရှုပ်ထွေးစည်းကားလှသည့် ရွှေတိဂုံဘုရားအရှေ့ဘက် မုခ်ဦး။ နှစ်စဉ် လူပေါင်းသိန်းနှင့်ချီ၍ လာရောက်ဖူးမျှော်လေ့ ရှိကြသည်;images/multimedia/CityNight/02.jpg,images/multimedia/CityNight/02-sm.jpg,ဓာတ်ဆီအရောင်းအဝယ် အပါအဝင် မြို့တော်၏ ရှင်သန်လှုပ်ရှားနေမြဲဖြစ်သည့် မှောင်ခိုစီးပွားရေး။ အစိုးရ ဓာတ်ဆီဆိုင်တွင် တန်းစီစောင့်စရာ မလိုအပ်ဘဲ ဖြည့်နိုင်သည်; images/multimedia/CityNight/03.jpg,images/multimedia/CityNight/03-sm.jpg,နံနက် ၃ နာရီခန့်တွင် ရန်ကုန်မြို့၏ များပြားလှသော ပြည့်တန်ဆာခန်းများအနက် တခု၏ရှေ့၌ ယောင်္ကျားသားတစုက တက္ကဆီတစီးကို တားနေကြသည်။ ယေဘုယျအားဖြင့် ဤနေရာကို အလှပြင်ဆိုင်များဟု ဟန်ပြထားကြပြီး အနှိပ်ခံခြင်း အပါအဝင် ပို၍ရင်းနှီးသော ပြုစုမှုမျိုးကို မြန်မာကျပ်ငွေ ၂၀၀၀ မှ ၁၀၀၀၀ ကျပ် အမေရိကန်ဒေါ်လာ ၁.၆ မှ ၈ ဒေါ်လာခန့် အတွင်း ပေး၍ ခံစားနိုင်ကြသည်; images/multimedia/CityNight/04.jpg,images/multimedia/CityNight/04-sm.jpg,လူငယ်သုံးဦးက တရုတ်တန်းတွင်လျှောက်၍ ယောင်္ကျားအဖော် ရှာနေကြစဉ်။ သူတို့က သူတို့ကိုယ်သူတို့ ပြည့်တန်ဆာများမဟုတ်၊ အပျော်အတွက်သာဟု ဆိုကြသည်။ သို့သော်လည်း ကွန်ဒုံးအစွပ်ကို ပုံမှန်စွဲမြဲသုံးလေ့ မရှိသောကြောင့် ဤစွန့်စားမှုက အန္တရာယ်ကြီးလှသည်; images/multimedia/CityNight/05.jpg,images/multimedia/CityNight/05-sm.jpg,ရန်ကုန်မြို့၏ ထင်ရှားကျော်ကြားလှသော BME ဖျော်ဖြေရေးဌာန။ ဤနေရာတွင် ယမကာ၊ အကနှင့် အဖော်အပေါင်း ရှာ၍ရနိုင်သည်။ သို့သော် အာဏာပိုင်များရန်မှ ကင်းစေရန် တီထွင်မှုရှိရှိ အရာအားလုံးကို ဖန်တီးထားသည်။ အရာအားလုံးက တန်ကြေးပေးမှသာ ရသည်; images/multimedia/CityNight/06.jpg,images/multimedia/CityNight/06-sm.jpg, ရွှေတိဂုံဘုရားအနီး ဆိုင်တခုတွင် ညနေညနေခင်း လက်ဖက်ရည်သောက်ရင်း စကားလက်ဆုံကျနေသူ နှစ်ဦး; images/multimedia/CityNight/07.jpg,images/multimedia/CityNight/07-sm.jpg, လမ်းထောင့်တွင် ရှုခင်းပုံဆွဲ၍ ပန်းချီကားရောင်းနေသူ လူငယ်တဦး။ မိသားစုကို ကူညီနိုင်ရန် ကျောင်းစာသင်ခန်း တနေ့တာ အိမ်မှုကိစ္စထွေလာပြီးနောက် ည (၈) နာရီမှ သန်းခေါင်တိုင် ဈေးထိုင်ရောင်းရသည်; images/multimedia/CityNight/08.jpg,images/multimedia/CityNight/08-sm.jpg, မိဘများက ညပိုင်းစွပ်ပြုပ်ဆိုင် ၉ နာရီမှ နံနက် ၃ နာရီအထိ ရောင်းနေစဉ် လမ်းဘေး ပလက်ဖောင်းပေါ်၌ အိပ်မောကျနေသူ ကလေးနှစ်ဦး။ သူတို့၏ မိဘများက ရှမ်းပြည်နယ်မှဖြစ်ပြီး ကြီးပွား တိုးတက်ရာ တိုးတက်ကြောင်း ရန်ကုန်သို့ ပြောင်းလာကြသူများ ဖြစ်သည်; images/multimedia/CityNight/09.jpg,images/multimedia/CityNight/09-sm.jpg, ကျေးလက်ဒေသများမှ ကြီးပွား တိုးတက်ရာ တိုးတက်ကြောင်း မြို့တော်ဟောင်းသို့ ပြောင်းရွှေ့လာကြပြီး ရန်ကုန်မြို့တော်၏ မှောင်မည်းနေသော လမ်းမပေါ်၌ အိပ်နေရသူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တဦး။ ပြောင်းရွှေ့ အခြေချလာကြသူများ ဘဝပျက်ကြရပြီး နောက်ဆုံး ခန္ဓာကိုယ်ကို ရောင်းကြရသည်; images/multimedia/CityNight/10.jpg,images/multimedia/CityNight/10-sm.jpg, မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်များသို့ အိမ်ပြန်ရန် ကားစောင့်နေကြသော ခရီးသည်များ။ ဤနေရာများက မြို့တော်၏ လက်လုပ်လက်စား လူတန်းစားအများစု နေထိုင်ရာဖြစ်သည်}

ရန်ကုန်မြို့၏ ညခင်း မှောင်ချိန်ဖြစ်သည်။ မျက်နှာများက အမှောင်ထုကြားတွင် ရွေ့လျားသွားလာနေကြသည်။ ဤမြင်ကွင်း က မိမိအဖို့ အထူးစိတ်လှုပ်ရှားစရာ။ ည၏မီးရောင်များက ၎င်း၏ပင်ကိုရုပ်သွင်ထက် မြို့တော်၏ ခံစားမှုပိုင်းဆိုင်ရာသရုပ်ကို ပို၍ထင်ဟပ်ပြနေသည်။ အပြင်ပန်းတွင်တော့ အရာဝတ္ထုများက မိမိအမှတ်ရခဲ့သည့် အနေအထားထက် ပို၍တည်ငြိမ် သယောင်။ သို့သော် အပြင်ပန်းမြင်ကွင်းများသည်လည်း လှည့်ဖြားတတ်သည့် သဘောရှိပါသည်။ ရန်ကုန်မြို့၏ မှောင်မည်း နေသော လမ်းမများထက်၌ အပျော်ရှာသူတို့၏ မျက်နှာများပေါ်တွင် သတိကြီးစွာထားနေသော မျက်လုံးများထဲ၌ လွန်ခဲ့သောနှစ်များကအတိုင်း စိုးရိမ်ပူပန်မှုများ ရှိနေသေးသည်ကို မိမိခံစားရသည်။ မီးပျက်ခြင်း၊ ကြီးမားကျပ်တည်း လာသော ဆင်းရဲမွဲတေမှု၊ သတင်း အဆက်ပြတ်မှုတို့ကြောင့် သူတို့၏ အနာဂတ်အတွက် ဆက်လက် မမျှော်လင့်ရဲစရာ ဖြစ်နေရသည်။

ယခင်မြို့တော်ဟောင်း၏ နွမ်းလျနေကြသော မြို့တော်သားများက တကယ်ပဲ ပို၍ပွင့်လင်းစွာ ဆက်ဆံတတ်လာကြ ပါပြီလား။ လွန်ခဲ့သော (၅) နှစ်ကထက် ပိုမိုပျော်ရွှင်နိုင်ကြပါပြီလား။ ပြင်ပဧည့်သည်တဦးအတွက် ဖြေဆိုရန်မလွယ်ကူလှပါ။ မြန်မာပြည်သူများကသာ ဖြေနိုင်စွမ်းကြပါလိမ့်မည်။ ကင်မရာ၏ မြင်ကွင်းများမှတဆင့် မြင်သမျှ တင်ပြလိုက်ရပါသည်။

၂၀၀၇ ခုနှစ် မေလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Pat Brown ၏ City at Night ကို ဆီလျော်အောင် ပြန်ဆိုပါသည်။