RFA က ဧရာဝတီ စကားဝိုင်း (မေ ၁၂၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို ဆွေးနွေး တင်ပြထား ပါတယ်။

အခုတပတ်မှာ သမိုင်းဝင်အလံတွေကို နိုင်ငံရေးပါတီသစ်နှစ်ခုက ၎င်းတို့ပါတီအလံတွေအဖြစ် အသုံးပြုခဲ့တာကို ထင်ရှားတဲ့ စာပေနဲ့အနုပညာ ရှင်များအပါအ၀င် လူပေါင်း (၉၂) ဦးက ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်ကန့်ကွက်လိုက်တာဟာ ၂၀၁၀ ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ မြန်မာပြည်သူတွေရဲ့ လှုပ်ရှားမှုနမူနာကောင်းတခု ဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုချိုးဖောက်ပြီး နိုင်ငံဝန်ထမ်းများက နိုင်ငံရေးပါတီထူထောင်မှုအပေါ် ပြည်သူနဲ့နိုင်ငံရေးပါတီတွေက ဘယ်လို တုံ့ပြန်ဆောင်ရွက်သင့်သလဲဆိုတာတွေကို ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ၀ိုင်းတော်သား တွေဖြစ်တဲ့ ထက်အောင်နဲ့ ဘကောင်းတို့က ဆွေးနွေးထားပြီး  မေလ ၁၂ ရက်နေ့မှာ RFA က ထုတ်လွှင့် ခဲ့ပါတယ်။
{wd file=images/stories/podcasts/rfa.05.14.10.mp3 name='အသံဖိုင်ရယူရန်'}
ဤအစီအစဉ်ကို နားဆင်ရန် QuickTime Player Software လိုအပ်ပါမည်။ ဤနေရာတွင် ရယူနိုင်ပါသည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်