ထိုင်းက အလုပ်သမား လက်မှတ် ၂ သန်းကျော် ထုတ်ပေးမည်

E-mail Print
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား နှစ်သန်းကျော်ကို တရားဝင် နေထိုင်လုပ်ကိုင်ရန်အတွက် အလုပ်သမား လက်မှတ်အသစ် ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အလုပ်သမားလက်မှတ် ပြုလုပ်ပေးမည့် ကိစ္စ နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အစိုးရအရာရှိများ၏ ထိပ်သီး အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်ဟု ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီသို့ ပြောသည်။

“အလုပ်သမားလက်မှတ်တွေကို လာမည့်နောက်လအတွင်း လောက်မှာပြုလုပ်ပေးသွားဖို့အစီအစဉ်ရှိတယ်”ဟု ဆိုသည်။

ထိုင်း အလုပ်သမားဝန်ကြီးဌာန၏ အစီအစဉ်အသစ်ကို အလုပ်သမားအရေးကူညီ ဆောင်ရွက်ပေးနေသူများက ကြိုဆိုလိုက်သော်လည်း အလုပ်သမားများအတွက် ပြဌာန်းထားသော အခွင့်အရေးများကိုလည်း ကြီးကြပ်ပေး သွားရမည်ဟု ထိုင်နိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက ဧရာဝတီသို့ပြောသည်။

“လက်မှတ်လုပ်ပေးမယ်ဆိုတာကို ကျနော်တို့ ကြိုဆိုတယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့အလုပ်သမားတွေ အတွက် ထိုင်းနိုင်ငံက တရားဝင် ပြဌာန်းထားတဲ့ ဥပဒေအရ အကြိုးခံစားခွင့်တွေကို ထိုင်းအစိုးရအနေနဲ့ကြပ်မတ် ပေးဖို့လိုမယ်လို့ထင်တယ်” ဟု ဆိုသည်။

ထိုင်းအစိုးရ ထိပ်သီးအစည်းအဝေး၏ အတည်ပြုချက်အရ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းအထိ သက်ဆိုင် ရာ ဒေသအသီးသီးရှိ မြန်မာနိုင်ငံအပါဝင်၊ လော၊ ကမ္ဘာဒီးယားနိုင်ငံတို့မှ ထိုင်းနိုင်ငံအတွင်း သို့လာရောက် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားကိုပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ တရားမ၀င်အလုပ်သမားများကို တရားဝင် မှတ်ပုံတင်ခွင့်ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်းသို့ နောက် ထပ် အလုပ်သမားများ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ခြင်းကို တားဆီးရန်ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များ က ပြောဆိုထားသည်။

ထို့အပြင် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်များ ထုတ်ပေးပြီးပါက၊ ထိုင်းနိုင်ငံအတွင်း ငါးဖမ်းလုပ်ငန်း၊ ပင်လယ် အစားသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းနှင့်အိမ် တွင်းမှုလုပ်ငန်းများ၌ တရားဝင်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းသိရသည်။  

ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င်အလုပ်လုပ်နေကြသော လုပ်သားအားလုံးကို ၂၀၁၀၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိသာ ခွင့် ပြုမည်ဖြစ်ကြောင်းနှင့် ထိုကာလထက်ကျော်လွန်ပါက မိမိတို့ နှင့် နီးစပ်ရာ၊ ခရိုင်ရှိ အလုပ်သမားရုံး များတွင် တရားဝင် အလုပ်သမားအဖြစ် မှတ်ပုံတင်ကြရန်နှင့် အလုပ်သမားကတ် မလျှောက်ထားမီဆေး စစ်ခြင်း၊ ကျန်းမာရေး အာမခံကြေးပေး ဆောင်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ထိုင်းအာဏာပိုင်းများက ၂၀၁၀ ဖေဖော်ဝါရီလ၂၈ ရက်မတိုင်မီတွင် ထိုင်းနိုင်ငံအတွင်းသို့ နောက်ထပ် တရားမ၀င်  အလုပ်သမားများ ၀င်ရောက်လာမှုကို တားဆီးသွားမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ် လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံ အနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂သန်းမှ ၄သန်း အထိ ရှိသည်ဟု သိရပြီး အလုပ်သမား အများစု မှာ အလုပ်သမားမှတ်ပုံတင်ဖြင့် တရားဝင် အလုပ်လုပ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်