ဒေါ်အောင်ဆန်းစုကြည်အမှု ပြည်တွင်းရေးသာ ဖြစ်ဟု ဒုကာကွယ်ရေးဝန်ကြီးပြော

E-mail Print
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး တရားစွဲဆိုမှုသည် ပြည်တွင်းရေးသာ ဖြစ်သည်ဟု စစ်အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က စင်္ကာပူနိုင်ငံတွင်

ကျင်းပနေသော Shangri-La Dialogue ညီလာခံတွင် ပြောဆို သွားကြောင်း ရိုက်တာ သတင်းဌာနက ယနေ့ ရေးသားထားသည်။

ဗိုလ်ချုပ် အေးမြင့်က ထိုသို့ ပြောဆိုခဲ့သော်လည်း လတ်တလော တရားစွဲခံထားရသော မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ဗြိတိန်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ် ရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့က ယမန်နေ့တွင် စစ်အစိုးရသို့ တောင်းဆိုတိုက် တွန်း လိုက်သည်။

စကာင်္ပူနိုင်ငံ၌ မေ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပနေသော အာရှ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ (Shangri-La Dialogue) နှစ်ပတ်လည် ညီလာခံတွင် ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဗြိတိန် လုံခြုံရေးနှင့်ကာကွယ်ရေး ၀န်ကြီး မစ္စ အန်း တေလာက " ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားမယ်ဆိုရင် ဒီမိုကရေစီဖော်ဆောင်နေတယ်လို့ အသိအမှတ်ပြုနိုင်မှာ မဟုတ်ဘူး ဆိုတာ မြန်မာစစ်အစိုးရကို သတိပေးချင်ပါတယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေး ပြီး သူနဲ့အတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အချိန်တန်ပြီလို့ မြန်မာ စစ်ဗိုလ်ချုပ်တွေကို တိုက်တွန်းလိုက်ပါတယ် "ဟု ပြောဆိုသည်။

"မြန်မာပြည်သူတွေဟာ ရာစုနှစ် တ၀က်လောက် ပဋိပက္ခတွေ၊ အခက်အခဲ ဒုက္ခတွေကို ခံစားနေကြရပါ တယ်၊ ဒါပေမယ့် အဲဒီ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်ပေးနေကြပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တဦးတည်းမဟုတ်ပါဘူး"ဟုလည်း အန်း တေလာက ဆက်လက်ပြော ဆိုကြောင်း အေပီ သတင်းက ရေးသားထားသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး မစ္စတာ ရောဘတ် ဂိတ်စ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်နှင့် အတိုက်ခံများနှင့်တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် Shangri-La Dialogue အမည်ရ ယင်း အာရှ ကာကွယ်ရေးနှင့် လုံခြုံရေး ညီလာခံတွင် ပြောကြားသည်။

"မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အစစ်အမှန်ကို ကျနော်တို့ မြင်ချင်ပါတယ်၊ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးပြီး အတိုက်အခံအင်အားစုတွေနဲ့ အဓိပ္ပာယ် ပြည့် ၀ တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တိုက်တွန်းပါတယ်"ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုတရားရင်ဆိုင်နေရချိန်အတွင်း ကြွက်တက်ရောဂါနှင့် သွေးပေါင်ချိန် ကျခြင်းတို့ဖြစ်သောကြောင့် ၎င်း၏ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြီးခဲ့ သည့် အပတ်အတွင်း ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုလဆန်းက ၎င်း၏ အိမ်သို့ တိတ်တဆိတ် ၀င်ရောက်လာသော အမေရိကန် နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။ လာမည့်အပတ် သောကြာနေ့တွင် လျှောက်လဲချက်များကို အပြီးသတ် စစ်ဆေးမည် ဖြစ်ကြောင်း အင်းစိန်ထောင်တွင်း အထူးတရားရုံးက ရုံးချိန်း ချိန်းဆိုထားသည်ဟု NLD ကပြော သည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်